yest

yes

Movie Category 1

Subscribe Us

Template Information

Test Footer 2

Movie Category 2

Movie Category 3

Pages

Powered by Blogger.
[4] [ဆောင်းပါး] [two] [ဆောင်းပါး]

Movies of The Week

Join This Site On Google Friend

[4] [သတင်း] [one] [သတင်း]
[4] [နည်းပညာ] [two] [နည်းပညာ]
[4] [နည်းပညာ] [one] [နည်းပညာ]

Blog Archive

Movie Category 5

Movie Category 4

UNFC အဖွဲ့ဝင်အဖြစ်ပါဝင်မှုမှ KNU ရပ်ဆိုင်းကြောင်း

| No comment
ကရင်အမျိုးသား အစည်းအရုံး (KNU) အနေဖြင့် ညီညွတ်သော တိုင်းရင်းသားလူမျိုး များ ဖက်ဒရယ် 
ကောင်စီ (UNFC) အဖွဲ့ ၀င်အဖြစ်မှ ရပ်ဆိုင်းကြောင်း ယနေ့နံနက်က ကြေညာ လိုက်ပြီဖြစ်သည်။ 




ဥက္ကဌ စောမူတူးစေဖိုး လက်မှတ် ထိုးထုတ်ပြန်သည့် ကြေ ညာ ချက်တွင် UNFC အနေဖြင့် လက်ရှိနိုင်ငံရေး အခြေအနေနှင့် ကိုက်ညီသော ပြုပြင်ပြောင်းလဲမှု မပြုလုပ်ပါက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များ၏ ပူးပေါင်း ဆောင်ရွက်မှုကို ထိခိုက် စေနိုင်သည်ဟု KNUက ယူဆသည့်အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ပိုမိုအင်အားတောင့်တင်းစွာဖြင့် မှန်ကန်သည့် အခြေခံပေါ်တွင် ပူးပေါင်း လုပ်ဆောင်မည့် အကြုံပြုချက်များပါသည့် စာတမ်းတစောင်ကို ပထမအကြိမ်ကျင်းပသည့် UNFC အစည်းအဝေးတွင် တင်သွင်းခဲ့ကြောင်း၊ ယင်းကိစ္စကို အကြေ အလည် ဆွေးနွေးနိုင်ခြင်း မရှိသည့် အတွက် KNU အနေဖြင့် ညီလာခံကို ဆက်လက်မတက်ရောက်တော့ခြင်းဖြစ်ကြောင်း ၊ထို့အတွက် ရှေ့ ညီလာခံအတွက် KNUမှ ကိုယ်စားလှယ်များ စေလွှတ်ခြင်း ပြုလုပ်မည် မဟုတ်တော့ဟုလည်းပါရှိသည်။ 

ပထမအကြိမ် UNFCအစည်းအဝေး သဘောတူညီချက်မရသဖြင့် KNU ခေါင်းဆောင်တချို့ ညီလာခံမှ ထွက်ခွာပြီးနောက် ထိုကဲ့သို့ အဖွဲ့ဝင်အဖြစ်မှ KNU က ရပ်ဆိုင်းကြောင်း ကြေညာခြင်းဖြစ်သည်။

ယမန်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပသည့် တိုင်းရင်းသားများ ဖက်ဒရယ် ကောင်စီ (UNFC)၏ ပထမဆုံးအကြိမ် အစည်း အဝေးတွင် ကရင်အမျိုးသားများအစည်းအရုံး(KNU) က တင်ပြသည် UNFC ဖွဲစည်းမှုဆိုင်ရာ အဆိုပြုချက်နှင့် ပတ်သက်၍ သဘောတူညီ ချက်မရသဖြင့်၊ ဗိုလ်ချုပ် ကြီး မူတူး စေးဖိုး ဦးဆောင်သည့် (KNU) အဖွဲ့ဝင်များ ညီလာခံမှ ထွက်ခွာသွားခဲ့ ကြောင်း၊ UNFC အတွင်းရေးမှူး 

နိုင်ဟံသာက ပြောသည်၊ သို့သော် KNU အနေဖြင့် UNFC ၏ အဖွဲ့ဝင်အဖြစ် ယနေ့ထိ ရှိနေဆဲ ဖြစ်ကြောင်း
သိထားခဲ့သည်။ 
  




.