yest

yes

Movie Category 1

Subscribe Us

Template Information

Test Footer 2

Movie Category 2

Movie Category 3

Pages

Powered by Blogger.
[4] [ဆောင်းပါး] [two] [ဆောင်းပါး]

Movies of The Week

Join This Site On Google Friend

[4] [သတင်း] [one] [သတင်း]
[4] [နည်းပညာ] [two] [နည်းပညာ]
[4] [နည်းပညာ] [one] [နည်းပညာ]

Blog Archive

Movie Category 5

Movie Category 4

ဦးသိန်းစိန်နဲ့ နားကြပ်

| 1 Comment
ဂျာမနီနိုင်ငံ အဓိပတိနဲ့ တွေ့ဆုံ၊ နေ့လယ်စာ အတူစားပြီး သတင်းစာရှင်းလင်းပွဲ လုပ်ဖို့ ပြင်ဆင်နေတဲ့ သမ္မတ ဦးသိန်းစိန်မှာ နားကြပ်တပ်ဆင်ဖို့ အခက်အခဲဖြစ်နေတာကို ဒီဓာတ်ပုံတွေ က ဖော်ညွှန်းနေ ပါတယ်။ 


ဂျာမနီ အဓိပတိ အိန်ဂျလာမာခဲလ်ကလည်း သမ္မတ ဦးသိန်းစိန်မှာ နားကြပ်တပ်ဆင်ဖို့ အခက်အခဲဖြစ်နေ တာကို ၀င်ရောက် ကူညီပေးနေတာက ၂ နိုင်ငံ ခေါင်းဆောင်တွေရဲ့ ရင်းနှီးမှုကိုလည်း ဖော်ပြသလို 
မြန်မာ အခက်အခဲ ဖြစ်နေတာကို ဂျာမနီက ၀င်ကူညီနေတယ်ဆိုတဲ့ နမိတ်ပုံရိပ်ကိုလည်း ဖော်ပြနေသလို ဘဲလို့  မှတ်ချက်ပေးသူတွေလည်း ရှိကြပါတယ်။

 ဒီလို သမ္မတနဲ့ နားကြပ်အခက်အခဲ ဓာတ်ပုံနဲ့ပတ်သက်ပြီး လူအမျိုးအမျိုးက မှတ်ချက် အဖုံဖုံပေးကြတာ လည်း လူမှု ကွန်ရက်တွေမှာ တွေ့ရပါတယ်။ 

တချို့က သမ္မတ တဦးအနေနဲ့ နားကြပ်လေးတောင် ကိုယ်တိုင် မတတ်ဆင်တတ်ဘူးလား၊ ဒါမျိုးဟာ ရှက်စရာ လို့ မှတ်ချက်ပေးသူမျိုးလည်း တွေ့ရပါတယ်။ 

 တချို့ကလည်း ဒါမျိုးဟာ အရှက်ကွဲစရာမဟုတ်တဲ့အကြောင်း၊ သမ္မတ ဖြစ်တာနဲ့ အရာရာတိုင်း သိနေရ မယ်။ တတ်နေ ရမယ်၊ အရာတိုင်း အဆင်ပြေနေရမယ်လို့ ဘယ်သူက သတ်မှတ်ထားလဲဆိုပြီး မေးခွန်း ထုတ်တာမျိုးလည်း တွေ့ရပါ တယ်။ 

ဒါပေမယ့် သမ္မတ ဦးသိန်းစိန်နဲ့ ဂျာမနီ အဓိပတိ အိန်ဂျလာမာခဲလ်တို့ရဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲ ကတော့ မြန်မာနဲ့ ဂျာမနီ ၂ နိုင်ငံတို့ဟာ စီးပွားရေး ကုန်သွယ်ရေးတွေ ပူးပေါင်းဆောင်ရွက်ဖို့ အလား အလာတွေကို ဖော်ပြသွားကြတယ်။ 

ဂျာမနီကိုလည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လာလုပ်ဖို့ မြန်မာသမ္မတက ဖိတ်ခေါ် ကမ်းလှမ်းသလို ဂျာမနီဘက် ကလည်း မြန်မာနိုင်ငံက ငြိမ်းချမ်းရေးဖြစ်စဉ်တွေ ဖော်ဆောင်နေတာကို အသိအမှတ်ပြုပြီး စီးပွားရေး ဖွံ့ဖြိုးမှုနဲ့ ငြိမ်း ချမ်းရေး ချိတ်ဆက်နေတာကို လည်း ဂျာမနီဘက်က ပြောဆိုခဲ့တယ်။ 

မှန်ကန်တဲ့ ငြိမ်းချမ်းရေး ရဖို့ အခုနှစ် ကုန်ပိုင်း ကျင်းပနိုင်တဲ့ ကြားဖြတ်ရွေးကောက်ပွဲနဲ့ လာမယ့် နှစ်ကျင်း ပမယ့် အထွေထွေ ရွေးကောက်ပွဲတွေ လွတ်လပ်ပြီးတရားမျှတမှု ရှိမယ်လို့ မျှော်လင့်ချက်တွေကိုလည်း ဂျာမနီ အဓိပတိ အိန်ဂျလာ မာခဲလ်က ပြောဆိုသွားတယ်။ 


အိမ့်သံစဉ် ~