yest

yes

Movie Category 1

Subscribe Us

Template Information

Test Footer 2

Movie Category 2

Movie Category 3

Pages

Powered by Blogger.
[4] [ဆောင်းပါး] [two] [ဆောင်းပါး]

Movies of The Week

Join This Site On Google Friend

[4] [သတင်း] [one] [သတင်း]
[4] [နည်းပညာ] [two] [နည်းပညာ]
[4] [နည်းပညာ] [one] [နည်းပညာ]

Blog Archive

Movie Category 5

Movie Category 4

တောင်ကြီးမြို့ ဂိမ်းဆိုင်တွေနဲ့ လောင်းကစားလုပ်ငန်း

| No comment

 ~




  ငွေကြေးနဲ့ လောင်းကစား ပြုရတဲ့ ငါးမန်းဂိမ်းတွေ  ရှမ်းပြည်နယ် အစိုးရရုံးစိုက်ရာ တောင်ကြီးမြို့ပေါ်မှာ ပေါ်ပေါ်တင်တင်ပဲ ပြန်ဖွင့်နေတာကို အစိုးရ ဌာနဆိုင်ရာတွေက
  မျက်ကွယ်ပြုထားတယ်လို့ ဒေသခံတချို့က ယူဆနေကြပါတယ်။ 

             “အရင် ရှောင်တခင်စစ်တုန်းက ပြန်ပိတ်ထားတယ်၊ ဖမ်းတယ် ဆီးတယ်ရှိတယ်ဆိုရင်မဖွင့်ဘူး/ ရဲတွေကိုယ်တိုင်က သူတို့ကို သတင်းပေး လာဘ်ယူထားကြတယ်၊
ဒီလို လောင်းကစားဂိမ်းတွေကြောင့် လူငယ်တွေလည်း စာရိတ္တ ပျက် ကုန်ကြပြီ၊ နေ့ခင်းကြောင်တောင် ဆိုင်ထဲဝင်လုတာတို့၊
ခိုးတာတို့ ဖောက်ထွင်းမှုတွေ တနေ့တခြားပိုပိုများများလာတယ်” လို့  တောင်ကြီးမြို့ ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီဝင် တဦးက ဆိုပါတယ်။

       ကျော်စွာအောင် အမည်နဲ့ ဖေ့စ်ဘုတ်သုံးစွဲနေတဲ့ တောင်ကြီးဒေသခံကလည်း သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ
“တောင်ကြီးမြို့က ငါးမန်းလောင်းကစားရုံတွေ ပြန်ပွင့်ခွင့် ဘယ်ရဲကခွင့်ပြုလိုက်ပြီလဲ။
အခုဆို လောင်းကစားမြို့ ပြစ်နေပြီ။ ဒါလား ကူညီပါရစေ” ဆိုပြီး  ရေးသားထားပါတယ်။

          ဒါတွေကို ပြည်နယ်အစိုးရက မသိကျိုးကျွံပြုပြီး လူကြီးတွေက လောင်းကစားဂိမ်းတွေ တရားဝင်ဖွင့်ခွင့်ပေးထားတာ လူငယ်တွေကို လမ်းမှားရောက်စေပါတယ်၊
အိမ်ကသားဆို တရက်ထဲ နာရီပိုင်းအတွင်း ငွေ ၄သိန်းကျော်ဖိုး ရှုံးလို့ ဆိုင်ကယ်ပေါင်ပြီး ပြန်လာခဲ့ရပါတယ်၊
ဒါတွေကို ထိထိရောက်ရောက် အရေးယူပေးစေလိုပါတယ်၊
ဒီလိုမှ မဟုတ်ရင် ဆန္ဒဖော်ထုတ်ဖို့အထိ ဦးလေးတို့တွေ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ပေါင်းပြီး ကြိုးစားသွားပါမယ်၊
သမ္မတဆီကိုလည်း တရားဝင်တိုင်ကြားစာပေးပို့သွားပါမယ်၊ လာဘ်ပေး လာဘ်ယူမှု လုပ်ပြီးတော့ ငါးဖမ်းဂိမ်းတွေ ပေးဖွင့်ထားတဲ့အတွက်ပါ လို့ တောင်ကြီးဒေသခံ ဦးအောင်နိုင် က ဆိုပါတယ်။

           အခုလို သက်ဆိုင်ရာရဲစခန်း၊ အစိုးရအဖွဲ့အစည်းတွေအနေနဲ့ ဒီလိုမျိုး ငွေကြေးလောင်းကစားရတဲ့ ငါးမန်းဂိမ်းဆိုင်တွေ ဖွင့်ခွင့်ပေးထားတာကို တောင်ကြီးဒေသခံ ဦးအောင်နိုင်နဲ့ မြို့ခံတွေ စုပေါင်း လက်မှတ်ကောက်ခံကာ ကန့်ကွက်သွားမှာဖြစ်ပြီးတော့  သမ္မတအထိ တိုင်ကြားသွားမယ်လို့လည်း  ပြောပါတယ်။

                           တောင်ကြီးမြို့မှာ ရပ်ကွက် ၂၂ ရပ်ကွက်ရှိပြီးတော့ ရပ်ကွက်အတော်များများမှာ ငါးမန်းဂိမ်းဆိုင် သုံးလေးဆိုင်စီ တွေ့ရမှာ ဖြစ်ပါတယ်။

 



.