yest

yes

Movie Category 1

Subscribe Us

Template Information

Test Footer 2

Movie Category 2

Movie Category 3

Pages

Powered by Blogger.
[4] [ဆောင်းပါး] [two] [ဆောင်းပါး]

Movies of The Week

Join This Site On Google Friend

[4] [သတင်း] [one] [သတင်း]
[4] [နည်းပညာ] [two] [နည်းပညာ]
[4] [နည်းပညာ] [one] [နည်းပညာ]

Blog Archive

Movie Category 5

Movie Category 4

ထိုင်းမှာ ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်မှု များပြားလာ

| No comment


 ~




ထိုင်းနိုင်ငံမှာ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်မှုနှုန်း တိုးလာကြောင်း ဘန်ကောက်ပို့စ်သတင်းစာ အွန်လိုင်းမှာ အင်္ဂါနေ့က ရေးပါတယ်။


ထိုင်းနိုင်ငံ ချင်းမိုင်မြို့ (ဇင်းမယ်မြို့) ကျုံးထောင့်တနေရာ၊ ၂ဝ၁ဝ ပြည့်နှစ်၊ ဧပြီလ (ဓာတ်ပုံ - ဧရာဝတီ)

ဒီအခက်အခဲ ပြေလည်အောင် ကိုင်တွယ်ဖို့ ဆိုရင် အလွှာအသီးသီးရဲ့ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှု မပါလို့ မဖြစ်ဘူး ဆိုပြီး ကျန်းမာရေးဆိုင်ရာကျွမ်းကျင်သူတွေက သတိပေးနေပါပြီ တဲ့။

ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်ခြင်းဟာ လိင်ကတဆင့်ကူးစက်တဲ့ရောဂါ၊  လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အစရှိသော ပြဿနာကြီးတွေနဲ့ ဆက်စပ်နေတယ်လို့
 Thai Health Promotion Foundation အဖွဲ့အစည်းရဲ့မန်နေဂျာ   Krissada Raungarreerat က ပြောဆိုကြောင်း ရေးထားပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ကလည်း "Motherhood in Childhood" - ကလေးအရွယ်မှာ မိခင်ဘဝရောက်ခြင်း ဆိုတဲ့ အမည်နဲ့ အစီရင်ခံစာတစောင် ထုတ်ပြန်ထားပါတယ်။
တနိုင်ငံလုံးမှာ ကလေးမွေးဖွားနှုန်း ကျဆင်းနေတယ် ဆိုသော်ငြားလည်း အသက် ၂ဝ အောက် အမျိုးသမီးများ ကိုယ်ဝန်ဆောင်နှုန်းက တိုးတက်နေတယ်လို့ အစီရင်ခံစာက ဆိုတယ်။

 အဲဒီ အစီရင်ခံစာက ထိုင်းအစိုးရ ကျန်းမာရေးဌာန စာရင်းဇယားတွေကို ကိုးကား ပြုစုထားတယ်လို့ ဆိုတယ်။

၂ဝ၁၂ ကိန်းဂဏန်း

စုစုပေါင်း မွေးဖွားနှုန်း - ၈၀၁,၇၃၇
အသက် ၁၅-၁၉ ကြား  မွေးဖွားမှု - ၁၂၉,၄၅၁

အဲဒီဆယ်ကျော်သက်ကိုယ်ဝန်ဆောင်/မွေးဖွားနှုန်းထဲမှာမှ
  ၁၅,၄၄၀ သော အမျိုးသမီးငယ်တွေက ဒါဟာ သူတို့အတွက် ဒုတိယမြောက်ကိုယ်ဝန်ဆောင်ခြင်းလို့ ဆိုတယ်၊
တတိယမြောက်ကိုယ်ဝန်ဆောင်သူအရေအတွက်က ၈၈၀ ရှိပါတယ်။

အသက် ၁၅ နှစ်အောက် ကိုယ်ဝန်ဆောင်သူ အရေအတွက်က ၃,၇၂၅ ဦး ရှိပါတယ် တဲ့။

ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ရဲ့ ထိုင်းနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ပြောတာကတော့ ... ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်ခြင်းအကြောင်း လေ့လာစုံစမ်းရတာဟာ နိုင်ငံအတော်များများမှာ မလွယ်ကူတဲ့ကိစ္စလို့ ဆိုပါတယ်။
ဘာကြောင့်လဲဆိုတော့ လိင်ပိုင်းဆိုင်ရာနဲ့ဆက်နွယ်တဲ့အတွက် နိုင်ငံအတော်များများမှာ အကဲဆတ်တဲ့ကိစ္စဖြစ်နေပါတယ် တဲ့။

ဒါကြောင့် အရွယ်ရောက်ပြီးသူတွေက ကလေးတွေကို ပညာပေးရာမှာ အချက်အလက်ပေါ် မူတည်ပြီး အကြံပေးရမယ်၊
 ကိုယ်ဖြစ်စေချင်တဲ့အတွင်း သင်ပြတာမျိုးတော့ မဖြစ်သင့်ဘူးလို့ ဆိုတယ်။

ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်နှုန်း ကျဆင်းရေးအတွက် အောင်အောင်မြင်မြင် စီစဉ်နိုင်တဲ့ နိုင်ငံတွေမှာဆိုရင် မိဘနဲ့ဆရာ ပူးပေါင်းပြီး ကလေးတွေကို သင့်တော်တဲ့အသက်အရွယ်ရောက်ရင် လိင်ပညာပေးကြတယ်လို့ ဆိုတယ်။

ထိုင်းမှာတော့ စာသင်ကျောင်းတွေက ကလေးတွေအတွက် လိင်ပညာပေးအစီအစဉ်ကို ရှောင်ကြတယ်၊  အဲဒီလိုပညာပေးရင် လူငယ်တွေကို လိင်ဆက်ဆံကြဖို့ တွန်းအားပေးသလို ဖြစ်သွားမှာကို စိုးရိမ်ကြလို့ပါပဲ ဆိုပြီး ကျွမ်းကျင်သူတွေက ပြောကြပါတယ်။

 



.