yest

yes

Movie Category 1

Subscribe Us

Template Information

Test Footer 2

Movie Category 2

Movie Category 3

Pages

Powered by Blogger.
[4] [ဆောင်းပါး] [two] [ဆောင်းပါး]

Movies of The Week

Join This Site On Google Friend

[4] [သတင်း] [one] [သတင်း]
[4] [နည်းပညာ] [two] [နည်းပညာ]
[4] [နည်းပညာ] [one] [နည်းပညာ]

Blog Archive

Movie Category 5

Movie Category 4

ဦးစံလင်း နဂါးပြည်သို့ ရောက်နေသလော

| No comment

 ~





 "ဦးစံလင်းနှင့် အဆက်အသွယ်ပြတ်နေပြီး ဘယ်မှာရှိနေသည်ကိုလည်း မပြောနိုင်ပေ ဟု ပြန်ကြားရေးကော်မီတီက ပြန်ကြားကြောင်း ကျွန်ုပ်တို့၏ သတင်းထောက်က သတင်းပို့သည်"


သရော်စာ

ပျောက်ဆုံးနေသော  ခေါင်းလောင်းတော်ကြီး ရှာဖွေတူးဖော်ခွင့်လိုင်စင် ရရှိထားသူ ဦးစံလင်း ပျောက်ဆုံးနေကြောင်း။

အထက်ပါကိစ္စနှင့် ပတ်သက်ပြီး မြွက်ဟ ပြောဆိုသည်မှာ ခေါင်းလောင်းရှာဖွေရေးအဖွဲ့ပြန်ကြားရေးကော်မီတီဖြစ်သည်။

ဦးစံလင်း မည်သည့်နေရာတွင် ရှိနေမှန်း မသိရှိရကြောင်း တော်သလင်းလပြည့်ကျော် ၆ ရက်နေ့က  အဆိုပါ ပြန်ကြားရေးကော်မီတီက ရန်ကုန် အခြေစိုက် သတင်းသမားတို့ကို ဖိတ်ခေါ် ပြောဆိုခြင်းဖြစ်သည်။

ပျောက်ဆုံးနေသော ခေါင်းလောင်းတော်ကြီးမှာ  ရေအောက် မြေအောက် တနေရာရာတွင် ရှိမည်ဟု အများအပြားက ယူဆနေကြသည်။

ပျောက်ဆုံးနေသော ဦးစံလင်း မည်သည့်နေရာတွင် ရှိနေသည်ကို အတိအကျ ပြောဆိုနိုင်သူ မရှိသေးပေ။

 ဦးစံလင်းနှင့် အဆက်အသွယ်ပြတ်နေပြီး ဘယ်မှာရှိနေသည်ကိုလည်း မပြောနိုင်ပေ ဟု ပြန်ကြားရေးကော်မီတီက ပြန်ကြားကြောင်း ကျွန်ုပ်တို့၏ သတင်းထောက်က သတင်းပို့သည်။

ဖြစ်နိုင်ချေတခုမှာ  ဦးစံလင်း နဂါးပြည်တွင် ရောက်နေခြင်း ဖြစ်ဖွယ်ရှိသည်။

ယခင်က  "အကြီးဆုံး ရွှေရောင်နဂါးမင်းကြီးနှင့်တကွ နဂါးအပေါင်းတို့က ဓမ္မစေတီခေါင်းလောင်းတော်ကြီးကို အကြီးကျယ်ဆုံး ခမ်းခမ်းနားနား ဆီမီးပူဇော်နေသည့်အတွက် သတ်မှတ်ရက်တွင် သတင်းထုတ်ပြန်ရန် နောက်ကျနေခြင်းဖြစ်သည်" ဟု ဆိုခဲ့ဖူးသော သာဓကလည်း ရှိနေသည်။

 ....   ကျွန်ုပ်ကိုယ်တိုင် နဂါးပြည်သို့ ရောက်နေသောကြောင့် ခေါင်းလောင်းတော်ကြီးရှာဖွေရေးလုပ်ငန်းကို အချိန်မပေးနိုင်ခြင်းဖြစ်ကြောင်း .... ဟူသောကြေညာချက်မျိုး ဦးစံလင်းထံမှ    မကြာခင်သော အနာဂတ်တွင် ထွက်ပေါ်လာဖွယ်ရှိသည်။

ဆက်စပ်


http://burma.irrawaddy.org/news/2014/09/15/64641.html
http://blog.irrawaddy.org/2014/09/blog-post_55.html

.