yest

yes

Movie Category 1

Subscribe Us

Template Information

Test Footer 2

Movie Category 2

Movie Category 3

Pages

Powered by Blogger.
[4] [ဆောင်းပါး] [two] [ဆောင်းပါး]

Movies of The Week

Join This Site On Google Friend

[4] [သတင်း] [one] [သတင်း]
[4] [နည်းပညာ] [two] [နည်းပညာ]
[4] [နည်းပညာ] [one] [နည်းပညာ]

Blog Archive

Movie Category 5

Movie Category 4

ထိုင်းဝန်ကြီးချုပ် ပြုစားခံရ၊ ပရိတ်ရေလောင်းမိလို့ အအေးပတ်

| No comment

 ~



 
ထိုင်းဝန်ကြီးချုပ်က သူဟာ မှော်ဆရာတွေရဲ့ တိုက်ခိုက်မှုဒဏ် ခံနေရတယ်၊ တိုက်ခိုက်မှုရဲ့ နောက်ကွယ်မှာ အာဏာသိမ်းမှုဆန့်ကျင်ရေးအုပ်စု ရှိနေတယ်လို့ ပြောလိုက်ပါတယ်။
 

  • ၂၀၁၂ ထိုင်းတပ်မတော်နေ့မှာတွေ့ရတဲ့ ကာချုပ် ပရာရွတ် (Photo: Reuters)

ဘန်ကောက်မြို့ စစ်တပ်အဆောက်အအုံတခုမှာပြုလုပ်တဲ့ အစည်းအဝေးကြီးတခုအတွင်း သူက အဲဒီလို ပြောဆိုလိုက်ခြင်းပါ။

အဲဒီအစည်းအဝေးကို ပြုပြင်ပြောင်းလဲရေးကောင်စီဝင်ရွေးချယ်ရေးအတွက် တာဝန်ရှိသူများ တက်ပါတယ်။

အစည်းအဝေးမှာ မိန့်ခွန်းပြောနေတုန်း သူက ဘယ်ပုံဘယ်နည်း ထိသွားတယ်ဆိုတာကိုပါ ရှင်းပြခဲ့တယ်လို့ ဆိုတယ်။

"ဒီနေ့ဒီအချိန်မှာ ကျုပ်တို့ အချင်းချင်း ယိုင်းပင်း ဖေးမရမယ် တယောက်ကိုတယောက်။  ပြုပြင်ပြောင်းလဲရေး မအောင်မြင်ဘူး ဆိုရင် ရှေ့ဆက်ပြီးဘာလုပ်ရမယ် ဆိုတာကို ကျုပ် သိမယ်မဟုတ်ဘူး"

"ဆက်ပြီးတော့ ပုန်းလျှိုးကွယ်လျှိုး ဖိုက်ချင်သေးတယ် ဆိုရင်တော့ လုပ်ပေါ့။ မှော်အတတ် စုန်းအတတ်နဲ့ လုပ်မယ် ဆိုရင်လည်း ဆက်လုပ်ပါ"  လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ် ပရာရွတ်က ဆိုပါတယ်။

အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို ရည်ရွယ်ပြီး  သူက ပြောလိုက်ခြင်းပါ။

"ဒီနေ့ ကျုပ် လည်ချောင်းနာတယ်၊ ဇက်ကြောတွေ တင်းတယ်။ ကျုပ်ကို အောက်လမ်းနည်းနဲ့လုပ်နေတယ်ဆိုပြီး ပြောတဲ့သူ ရှိတယ်၊
ခေါင်းကို ပရိတ်ရေ အများကြီး လောင်းချရလို့ အအေးတောင်မိသွားတယ်" လို့ ဗိုလ်ချုပ်ပရာရွတ်က ပြောပါတယ်။

ဒါကတော့ ဘန်ကောက်ပို့စ်သတင်းစာ အွန်လိုင်း သတင်းတပုဒ်ပါ။

အစိုးရပိုင်း အစည်းအဝေးတွေ တက်တဲ့အခါ (နက်ကတိုင် ကြောင်လျှာသီးနဲ့) အနောက်တိုင်း ဝတ်စုံကို ဆင်မြန်းခြင်း မပြုဘဲ ကော်လံကတုံးဂျက်ကက်အင်္ကျီဝတ်ဖို့လည်း သူက တိုက်တွန်းတယ်လို့လည်း သတင်းမှာ ဆက်ရေးပါတယ်။
သူက  ဒီလို အဝတ်အစားဆိုင်ရာ ညွှန်ကြားချက်ပေးကြောင်း ဆိုတာကို တခြားသတင်းဌာနတွေကလည်း ရေးကြပါတယ်။



ကိုးကား

  • ဘန်ကောက်ပို့စ်

ဓာတ်ပုံကို
http://www.irrawaddy.org/ceasefire-keywords/thai-general-accused-of-meddling-in-redshirt-probe.html ကနေ ယူပါတယ်။

 



.