yest

yes

Movie Category 1

Subscribe Us

Template Information

Test Footer 2

Movie Category 2

Movie Category 3

Pages

Powered by Blogger.
[4] [ဆောင်းပါး] [two] [ဆောင်းပါး]

Movies of The Week

Join This Site On Google Friend

[4] [သတင်း] [one] [သတင်း]
[4] [နည်းပညာ] [two] [နည်းပညာ]
[4] [နည်းပညာ] [one] [နည်းပညာ]

Blog Archive

Movie Category 5

Movie Category 4

iPhone 6 ဝယ်ဖို့ ဆယ်ရက်ကျော်ကြာ ကြိုတင် တန်းစီခြင်း

| No comment

 ~



 

 iPhone 6 နဲ့  လာမယ့် အင်္ဂါနေ့ (စက်တင်ဘာ  ၉) မှာ   မိတ်ဆက်ပေးမယ်လို့  Apple က ကြေညာထားပါတယ်။ ဆိုင်တွေမှာတော့  မိတ်ဆက်ပြီး ဆယ်ရက်အကြာမှ ရောင်းဖို့ အသင့်ဖြစ်ပါလိမ့်မယ် တဲ့။

 ဒီဇိုင်းက ယခင် iPhone တွေနဲ့ သိပ်ကွာခြားမယ် မဟုတ်ပေမယ့် အရည်အသွေးပိုင်းမှာတော့ အဟောင်းတွေထက် ပိုမိုကောင်းမွန်မှာကတော့ သေချာပါတယ်။

ထိတွေ့မျက်နှာပြင်ကို ရိုးရိုး ဖန်သားနဲ့ မလုပ်ဘူး၊ sapphire လို့ ခေါ်တဲ့ နီလာနဲ့ လုပ်မယ်၊ ဒါဆို  ထိမိခိုက်မိတာကို ခံနိုင်ရည်ရှိမယ်၊ ဓားနဲ့ခုတ် ဓားနဲ့ထိုးတာကိုလည်း ခံနိုင်ရည်ရှိမယ် ဆိုတဲ့ သတင်း ထွက်ခဲ့ဖူးပါတယ်၊
iPhone စောင့်ကြည့်သူတွေက ဒီအချက်ကို အမျိုးမျိုး သုံးသပ်နေကြပါတယ်။
လေ့လာသူတဦးကတော့ နီလာကို သုံးမယ်မဟုတ်ဘူးလို့ ယူဆပါတယ်၊  iPhone  ရဲ့ ထုံးစံအတိုင်း အနောက်တိုင်းပရိတ်သတ်အတွက်ပဲ သန်း ငါးဆယ်၊ တရာ ထုတ်လုပ်မှာ ဖြစ်လို့ ဒီလောက် အရေအတွက် များပြားတဲ့ဖုန်းအတွက် ကုန်ကြမ်း ဘယ်လို ရမလဲ ဆိုတဲ့သဘော သူ ပြောပါတယ်။

ထုတ်ရောင်းမယ့်ကာလက ဒီလလယ်ပိုင်းဆိုတော့ အခုလောက်ဆိုရင် အရေအတွက် အတော်များများ ထုတ်လုပ်ပြီးဖြစ်မယ်လို့ ယူဆရပါတယ်။

iPhone 6 နဲ့အတူ မိတ်ဆက်မှာကတော့  ၅  ဒသမ  ၅   iPhone phablet ဖြစ်မယ်လို့ သတင်းတွေထွက်နေတာပါ။ 

အဲဒါတွေ ၀ယ်ဖို့ ဆိုရင် ဒေါ်လာ တထောင် ဝန်းကျင် ကုန်ပါလိမ့်မယ်။

နယူးယောက်မြို့ 5th Avenue မှာ ရှိတဲ့ Apple Store မှာတော့ ခုကတည်းက တန်းစီနေကြပါပြီ။ ဟုတ်ပါတယ် - iPhone 6 ၀ယ်ဖို့ပါ။

နယူးယောက်မြို့ ဘရွတ်ကလင်းရပ်က Brian Ceballo ရဲ့ ဖေ့စ်ဘုတ်မှာတော့ သူတို့ တန်းစီနေတဲ့ပုံ တင်ထားပါတယ်။ အင်္ကျီပြာနဲ့ကောင်လေး။

သူ့ရှေ့က ၂ ယောက်က မစ္စစ္စပီပြည်နယ်က လာသူများပါ။

သူတို့ တန်းစီနေကြတဲ့အကြောင်းကို အမေရိကန်နဲ့ နိုင်ငံတကာ မီဒီယာများက ရေးသား ထုတ်လွှင့်နေကြပါပြီ။

ညဘက်ဆို တန်းစီတဲ့နေရာမှာပဲ အိပ်ကြပါလိမ့်မယ်။
အပေါ့အပါး သွားဖို့အတွက်တော့ အနီးဆုံးကုန်တိုက်ကို ပြေးပါလိမ့်မယ်။

ထိပ်ဆုံးက တန်းစီနေကြသူများထဲမှာ ပြီးခဲ့တဲ့နှစ်ကလည်း iPhone  အသစ်ထွက်တာကို ၀ယ်ယူဖို့ တန်းစီခဲ့တယ်ဆိုသူတွေ ပါပါတယ်။
ဒီနှစ်တော့ ခါတိုင်းထက် ရက်ပိုကြာအောင် တန်းစီဖြစ်တယ် ဆိုတဲ့ စံချိန်ချိုးဖို့လည်း သူတို့ စိတ်ကူးနေတာလည်း ရှိပါတယ် တဲ့။

ဒီလို ရက်ပေါင်းများစွာ တန်းစီရခြင်းအတွက် တခြားသော ငွေကြေးအကျိုးအမြတ်၊ ရံပုံငွေ ဆိုတာတွေလည်း ရကောင်း ရပါလိမ့်မယ်။

ဘယ်နေရာဖြစ်ဖြစ် အိုင်တီအကြောင်း လုံးဝ စိတ်မဝင်စားသူ အများအပြား ရှိသလို iPhone ပစ္စည်းအထွေထွေကို အရူးအမူးဖြစ်သူ၊ သုံးချင်သူ၊ ၀ယ်ချင်သူတွေလည်း အများအပြား ရှိနေပါတယ်။

Apple ရဲ့ ပြိုင်ဘက်တွေကလည်း အခုဆို အင်မတန် အလုပ်များနေပါပြီ။
ထွက်လာမယ့် iPhone 6  ကို ပြိုင်ဖို့အတွက် ဈေးကွက်ထဲ သူတို့ရဲ့ ပစ္စည်းသစ်တွေ ချိန်သားကိုက် ဖြန့်နေပါပြီ။

မီဒီယာတွေကလည်း  iPhone 6  အကြောင်း ကြိုတင် ရေးနေကြပါပြီ။
မိတ်ဆက်တဲ့အခါ၊ ထုတ်ရောင်းတဲ့အခါလည်း ဆက်လက် ရေးသားကြပါလိမ့်မယ်။
 iPhone ဆိုတာ အိုင်တီလောကမှာ တကယ့် အများကြိုက်တဲ့နှင်းဆီခိုင်မဟုတ်လား။


ဆက်စပ်

သွားရည်ကျစရာ မြန်မာ့ဖုန်းဈေးကွက်
http://burma.irrawaddy.org/%E1%81%80_service/2012/09/29/21614.html
 



.