yest

yes

Movie Category 1

Subscribe Us

Template Information

Test Footer 2

Movie Category 2

Movie Category 3

Pages

Powered by Blogger.
[4] [ဆောင်းပါး] [two] [ဆောင်းပါး]

Movies of The Week

Join This Site On Google Friend

[4] [သတင်း] [one] [သတင်း]
[4] [နည်းပညာ] [two] [နည်းပညာ]
[4] [နည်းပညာ] [one] [နည်းပညာ]

Blog Archive

Movie Category 5

Movie Category 4

ရေခဲတောင်မှာပျောက်နေသူ ၂ ဦးရဲ့ မိသားစုများ ပူတာအိုသွား

| No comment

 ~



ခါကာဘိုရာဇီတောင်တက်သမား ၂ ဦးကို ရှာဖွေကယ်ဆယ်ရေး ခရီးစဉ်စချိန်မှာပဲ သူတို့ရဲ့ မိသားစုဝင်တွေကိုလည်း ပူတာအိုမြို့ကို သွားရောက်ဖို့ စီစဉ်ပေးလိုက်ပြီဖြစ်ကြောင်း ထူးဖောင်ဒေးရှင်းက ကြာသပတေးနေ့မှာ သတင်းထုတ်ပြန်ပါတယ်။


ခါကာဘိုရာဇီတောင်တက်အဖွဲ့ဝင်တဦး  (Photo: Invitation of Nature Foundation / Facebook)

အဆက်အသွယ်ပြတ်နေတဲ့ သူတို့ ၂ ယောက်ကတော့ ကိုအောင်မြင့်မြတ်၊ ကိုဝေယံမင်းသူတို့ ဖြစ်ပါတယ်။

ထုတ်ပြန်ချက် မူရင်းကို ကူးယူ ဖော်ပြပေးလိုက်ပါတယ်။


တက္ကသိုလ် ခြေလျင်နှင့်တောင်တက်အသင်း ( သဘာဝခေါ်သံ ဖောင်ဒေးရှင်း)မှ ကိုအောင်မြင့်မြတ် နှင့် ကိုဝေယံမင်းသူတို့နှစ်ဦးသည် မြန်မာနိုင်ငံမြောက်ဖျား ကချင်ပြည်နယ်ရှိ အမြင့်ပေ (၁၉၂၉၆)ပေ မြင့်မားသည့် အရှေ့တောင်အာရှ၏ အမြင့်ဆုံး ခါကာဘိုရာဇီ ရေခဲတောင်သို့ တက်ရောက်ကာ တောင်ထိပ်၌ မြန်မာနိုင်ငံအလံ အောင်မြင်စွာ စိုက်ထူခဲ့ပြီး ပြန်အဆင်း သြဂုတ်လ (၃၁)ရက်နောက်ပိုင်းတွင် အဆက်အသွယ် ပြတ်တောက်သွားခဲ့ပါသည်။

ထူးဖောင်ဒေးရှင်း နာယက ဦးတေဇနှင့်အဖွဲ့၊ သဘာဝခေါ်သံ ဖောင်ဒေးရှင်း ဥက္ကဌ ဦးမျိုးသန့်နှင့် အဖွဲ့သားများသည် ပူတာအို အခြေစိုက် ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ပျောက်ဆုံးနေသည့် တောက်တက်သမား(၂)ဦးအား ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေပြီ ဖြစ်ပါသည်။

ယနေ့တွင် အဲပုဂံလေကြောင်းလိုင်းမှ Chartered Flight စင်းလုံးငှားလေယာဉ်ဖြင့် ပျောက်ဆုံးနေသည့် တောင်တက်သမား(၂)ဦး၏ မိသားစုများအား ပူတာအိုသို့ ပို့ဆောင်ပေးခဲ့ပါသည်။

ရှာဖွေရေး လုပ်ငန်းသုံး ရဟတ်ယာဉ်များအတွက် ဆီများကို Htoo Apex Petroleumမှ ပံ့ပိုးကူညီနေပြီး ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများ၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများ၊ တောင်တက်ပစ္စည်း ကိရိယာများအတွက် AGD Bank (အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက်) က ထောက်ပံ ကူညီပေးနေပါသည်။

ဆက်သွယ်ရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများအတွက် ထူးဖောင်ဒေးရှင်းနာယက ဦးတေဇကိုယ်တိုင် ပန်နန်းဒင်ကျေးရွာသို့ ကျွမ်းကျင်ပညာရှင်များ ခေါ်ဆောင်ကာ သွားရောက် ကွပ်ကဲမည်ဖြစ်သည်။

နောက်ဆုံးရ သတင်းများကို ထပ်မံတင်ပြသွားပါမည်။

 



.