yest

yes

Movie Category 1

Subscribe Us

Template Information

Test Footer 2

Movie Category 2

Movie Category 3

Pages

Powered by Blogger.
[4] [ဆောင်းပါး] [two] [ဆောင်းပါး]

Movies of The Week

Join This Site On Google Friend

[4] [သတင်း] [one] [သတင်း]
[4] [နည်းပညာ] [two] [နည်းပညာ]
[4] [နည်းပညာ] [one] [နည်းပညာ]

Blog Archive

Movie Category 5

Movie Category 4

ကျွဲအကောင် ၅ဝ ကြောင့် ဒေးဒရဲ လူ့အခွင့်အရေးသမားထောင်ထဲရောက်

| No comment

 ~



ဒေးဒရဲမှာ ကျွဲအကောင် ၅ဝ ကြောင့် ဒီရေတော ပျက်သွားတယ်၊ ဒါကြောင့် ဒေသခံ တယောက် ထောင်ထဲ ရောက်ပါတယ်။



ထူးခြားတာကတော့ အဲဒီဒေသခံဟာ ကျွဲကျောင်းသားလည်း မဟုတ်၊ ကျွဲပိုင်ဆိုင်မှုလည်း မရှိဘူးလို့ ဆိုတယ်။

ဒီအကြောင်း ဧရာဝတီသတင်းထောက် ဆလိုင်းသန့်စင်က သတင်းပေးပို့ပါတယ်။

  "ဖမ်းဆီးခြင်းမခံရမီ နာရီပိုင်းအလိုက ဒေးဒရဲမြို့ပေါ်တွင် တကိုယ်တော် ဆန္ဒပြနေသည့်  ဦးထွန်းထွန်းဦး"


ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ်အတွင်း ဒီရေတောစိုက်ပျိုးရေးလှုပ်ရှားမှုကို ဦးဆောင်သူ ဦးထွန်းထွန်းဦးကို ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှုဖြင့် အာဏာပိုင်များက သောကြာနေ့တွင် ဖမ်းဆီး တရားစွဲဆိုထားပြီး သူ၏အမှုကို စက်တင်ဘာ ၁၂ တွင် ကြားနာစစ်ဆေးသွားမည်ဖြစ်ကြောင်း သတ

င်းရရှိသည်။

အမှုတွင် တရားလိုမှာ  သစ်တောဌာနမှ တောအုပ် ဦးအာကာဝင်း ဖြစ်သည်။

တိုင်ချက်မှာ ...
ဒေးဒရဲမြို့နယ် ကျုံဒါတ်ကျေးရွာအုပ်စုအတွင်း၌ ဒီရေတောအပင် ၅,၀၀၀ စိုက်ပျိုးထားရာ ကျွဲအကောင် ၅၀ လွှတ်ကျောင်းခဲ့သဖြင့်   အပင် ၂,၅၀၀ (ကာလတန်ဖိုးငွေ ကျပ် ၃၀,၀၀၀ ကျော်) ပျက်စီးဆုံးရှုံးခဲ့သည် ဆိုသော အမှု ဖြစ်သည်။

အဖမ်းခံရသူမှာ လူ့အခွင့်အရေးစောင့်ကြည့်ကာကွယ်ရေးကွန်ရက် (HRWDN) မှ ဦးထွန်းထွန်းဦး။

“ဖမ်းရာမှာတော့ လက်ထိပ်တွေ ဘာတွေ မခတ်ပါဘူး။ စခန်းကို အေးအေးဆေးဆေးပဲ ခေါ်သွားတယ်။ ကိုထွန်းထွန်းဦးကလည်း အေးအေးဆေးဆေး လိုက်သွားတယ်”ဟု HRWDN အဖွဲ့မှ ဦးမြင့်နိုင်က ဧရာဝတီကို ပြောသည်။

  ပုဒ်မ ၆ (၁) ပြည်သူပိုင် ပစ္စည်းဖျက်ဆီးမှုဖြင့် သြဂုတ်လ ၉ ရက်နေ့က အမှုဖွင့်တရားစွဲဆိုထားခြင်းဖြစ်ပြီး ကျုံဒါးရဲစခန်းက ပြစ်မှုနံပါတ် ၂၁/၂၀၁၄ ဖြင့် လက်ခံ၍ အမှုဖွင့်ပေးခဲ့ခြင်းဖြစ်သည်။

 ဖမ်းဆီးပြီး နောက်တနေ့တွင် ဖျာပုံ အကျဉ်းထောင်သို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

“ဒီအမှုဟာ မစွဲသင့်ဘူးလို့ ယူဆတယ်။ အပင်တွေစိုက်ထားတာဟာ စားကျက်မြေထဲမှာဖြစ်တဲ့အတွက် တရားစွဲမယ်ဆိုရင်တောင် စားကျက်မြေဥပဒေနဲ့ပဲ စွဲသင့်ပါတယ်။
အခုက ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှုဆိုတော့ ဖြစ်ရပ်နဲ့ စွဲထားတဲ့ပုဒ်မက မအပ်စပ်ဘူးဖြစ်နေတယ်။
အာဏာပိုင်တွေက သူ့ကို ထိန်းသိမ်းချင်လို့ ဒီပုဒ်မနဲ့ စွဲတဲ့ပုံစံမျိုး ဖြစ်နေတာပေါ့”ဟု HRWDN အဖွဲ့မှ ဦးမြင့်နိုင်က ပြောသည်။

“ကိုထွန်းထွန်းဦးမှာ ကျွဲလည်း တကောင်မှ မရှိသလို ကျွဲကျောင်းတာလည်း မရှိပါဘူး”ဟု ကျုံဒါတ်ကျေးရွာအုပ်စု တော်ကနိညောင်လိန်ကုန်းရွာသား ကိုဇော်ဝင်းက ပြောသည်။

သာသနာရေး ၀န်ကြီးဟောင်းနှင့် ဧရာဝတီတိုင်းလွှတ်တော်ဥက္ကဌဟောင်း ဦးဆန်းဆင့်အား ဖမ်းဆီးတရားစွဲမှုနှင့်ပတ်သက်၍ ပုသိမ်မြို့နှင့် ဒေးဒရဲမြို့တို့တွင် ဆန္ဒပြပွဲများ ဦးဆောင်ပြုလုပ်ခဲ့သူလည်း ဖြစ်သည်။

ယခုတရားစွဲဆိုမှုမှာ ဒေးဒရဲမြို့နယ်အာဏာပိုင်များက လူ့အခွင့်အရေးလှုပ်ရှားသူ ဦးထွန်းထွန်းဦးအား ၄ ကြိမ်မြောက် တရားစွဲဆိုခြင်းဖြစ်ပြီး ယခင်ကလည်း ခွင့်ပြုချက်မရဘဲ ဒီရေတောစိုက်ပျိုးရန် ဟောပြော လှုံ့ဆော်မှု၊ ခွင့်ပြုချက်မရဘဲ ဒီရေတောဦးဆောင်စိုက်ပျိုးမှု၊ ခွင့်ပြုချက်မရဘဲ တကိုယ်တော်ဆန္ဒဖော်ထုတ်မှု တို့ဖြင့် ဒေးဒရဲမြို့နယ်တရားရုံးတွင် ၃ ကြိမ် တရားစွဲဆိုထားသည်။

ဦးထွန်းထွန်းဦးတွင် ကျွဲ မရှိ၊  ကျွဲလည်း မကျောင်းတတ်၊ အာဏာပိုင်တို့ ပြောသည့် ၎င်းတို့၏  ဒီရေတောအပင် ၂,၅၀၀ ပျက်စီးသည် ဆိုသောအချက်ကလည်း ယုတ္တိမရှိဟု ဒေသခံတချို့က ဆိုသည်။

အာဏာပိုင်တို့ အစီအစဉ်ဖြင့် သစ်ပင်စိုက်ရာတွင် တပင်မှမရှင်၊ အကုန်သေ ဟူသော အနေအထား ဖြစ်သောကြောင့် ဦးထွန်းထွန်းဦး  သံတိုင်နောက် ရောက်သွားရခြင်းမှာ မေးခွန်းထုတ်စရာ ဖြစ်နေသည်ဟု ယူဆသူလည်း ရှိသည်။
 
ဒေးဒရဲဒေသတွင် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကြောင့် ပယ်လယ်ရေ တိုက်စားပြီး ကမ်းပါးပြိုမှု ဆိုးဝါးစွာ ဖြစ်ပေါ်နေကြောင်း၊ အဆိုးရွားဆုံး အခြေအနေကို  သံဒိပ်၊ ရေတွင်းကုန်း၊ ချောင်းသစ်ပေါက်၊ ဥသြလမ်း၊ ကျွန်းပင်၊ တော်ပုလွဲ၊ တော်ပေါင်စိန်စသည့် ကပ္ပလီပင်လယ်နံဘေးရှိ ကျေးရွာများတွင် တွေ့နိုင်ကြောင်း  ဒေသခံများက ပြောသည်။

ဦးထွန်းထွန်းဦးတို့က  ဒေးဒရဲဒေသခံများနှင့် HRWDN အဖွဲ့မှ ဦးထွန်းထွန်းဦးတို့ ပူးပေါင်းပြီး ရေတိုက်စားမှုကာကွယ်ရန် ရည်ရွယ်ချက်ဖြင့် မေလအတွင်းက ကျုံဒါတ်ကျေးရွာအုပ်စုအတွင်း၌ ဒီရေတောအပင်ပေါင်း တသိန်းနီးပါး စိုက်ပျိုးခဲ့ကြောင်း သိရသည်။

 

 



.