yest

yes

Movie Category 1

Subscribe Us

Template Information

Test Footer 2

Movie Category 2

Movie Category 3

Pages

Powered by Blogger.
[4] [ဆောင်းပါး] [two] [ဆောင်းပါး]

Movies of The Week

Join This Site On Google Friend

[4] [သတင်း] [one] [သတင်း]
[4] [နည်းပညာ] [two] [နည်းပညာ]
[4] [နည်းပညာ] [one] [နည်းပညာ]

Blog Archive

Movie Category 5

Movie Category 4

ဂျီမေးလ် လိပ်စာ ၅ သန်းကိစ္စ ဂူဂဲလ်ရဲ့ လုံခြုံရေးစနစ်နဲ့ မသက်ဆိုင်

| No comment
ဂျီမေးလ် ( Gmail ) လိပ်စာ ၅ သန်းလောက် ရုရှားဟက်ကာတွေရဲ့ ခိုးဖောက်ခြင်း ခံရတာဟာ Google ( ဂူဂဲလ် ) က သူတို့ရဲ့ လုံခြုံရေး စနစ်နဲ့ မသက်ဆိုင်ဘူးလို့ ကြေညာလိုက်ပါတယ်။ 

 
တကယ်တော့ မိမိရဲ့ ဂျီမေးလ် အကောင့်နဲ့ ဝက်ဆိုက်တွေမှာ မိမိရဲ့ Passwords တွေသုံးကာ Register လုပ် ထားခဲ့တာမှာ အဲဒီ ဝက်ဆိုက်တွေကို ဟက်ကာတွေက ဖောက်တဲ့ အခါ သူတို့ရဲ့ ဂျီမေးလ်တွေပါ ခိုးဖောက် ခံရတာဖြစ်တယ်လို့ ဆိုပါတယ်။ 

ဂူဂဲလ်က ဂျီမေးလ် သုံးစွဲသူတွေရဲ့ အကောင့် လိပ်စာတွေကို အမြဲ စောင့်ကြည့်နေချိန်မှာ သံသယဖြစ် ဖွယ်တွေ တွေ့ပြီဆိုရင် ချက်ချင်း ဂျီမေးလ် သုံးစွဲသူကို အကာအကွယ်ပေးတယ်လို့ ဆိုပါတယ်။ 

ဂူဂဲလ်ရဲ့ ဂျီမေးလ် သုံးစွဲသူတွေရဲ့ ၂ ရာခိုင်နှုန်းအောက်လောက်မှာ အခုလို ပြဿနာတွေ့ခဲ့ရလေ့ရှိသော် လည်း  ဂူဂဲလ် ရဲ့ automated anti-hijacking systems နဲ့ ဂျီမေးလ်သုံးသူကို အကာအကွယ်ပေးပြီး Password ပြောင်းဖို့ အသိပေးတယ်လို့ ဆိုပါတယ်။

ဒါကြောင့် အခု ရုရှား ဟက်ကာတွေ ထုတ်ဖော်တဲ့ ဂျီမေးလ် လိပ်စာ  ၅ သန်းလောက်ရဲ့ Passwords တွေ ရသွားတဲ့ ကိစ္စ ဟာ ဂူဂဲလ်ရဲ့ လုံခြုံရေး စနစ်ကြောင့် မဟုတ်ဘူးဆိုတာ အခိုင်အမာ ထုတ်ပြန်ပါတယ်။ 


ဂျီမေးလ်သုံးသူဟာ မိမိ ဘယ်နေရာက အသုံးပြုတယ်ဆိုတာနဲ့ ကိုယ့်သုံးစွဲမှုကို ပြန်စမ်းစစ်လို့ ရပြီး မိမိ လိပ်စာ လုံခြုံရေးအတွက် အားကောင်းတဲ့ စနစ်ကို  ဂူဂဲလ်က လုပ်ပေးထားပါတယ်တဲ့။

ဂျီမေးလ် သုံးသူတွေအနေနဲ့ ကိုယ့် Password ကို အားကောင်းခိုင်မာအောင် လုပ်ဖို့၊ recovery options  လို့ ခေါ်တဲ့ ဒုတိယ အရံ အီးမေးလ် လိပ်စာ၊ ဖုန်းနံပတ်ကို Update လုပ်ဖို့ ဂူဂဲလ်က အကြံပြုပါတယ်။ 
ဒီအပြင် ဂျီမေးလ် ကို ပိုပြီး လုံခြုံစေဖို့ 2-step verification လုပ်ဖို့လည်း မမေ့စေချင်ပါဘူးတဲ့။ 
ဂျီမေးလ် လုံခြုံရေး စစ်ဆေးနိုင်အောင် ဒီနေရာကို g.co/accountcheckup သွားပြီး ကြည့်နိုင်ပါတယ်။ 


အိမ့်သံစဉ် ~