yest

yes

Movie Category 1

Subscribe Us

Template Information

Test Footer 2

Movie Category 2

Movie Category 3

Pages

Powered by Blogger.
[4] [ဆောင်းပါး] [two] [ဆောင်းပါး]

Movies of The Week

Join This Site On Google Friend

[4] [သတင်း] [one] [သတင်း]
[4] [နည်းပညာ] [two] [နည်းပညာ]
[4] [နည်းပညာ] [one] [နည်းပညာ]

Blog Archive

Movie Category 5

Movie Category 4

ဝက်လျှာ ချဉ်စပ်သုပ်

| No comment
.



တနေ့တနေ့ ဟင်းအရည်၊ ဟင်းအနှစ်တွေနဲ့ချည်း စားရတာ ငြီးငွေ့လာတဲ့အခါ ချဉ်ချဉ်စပ်စပ် အသုပ်လေးနဲ့ ထမင်းပူပူလေး စားချင်စိတ် ဖြစ်မိကြမှာပါ။ 



ဝက်လျှာ ချဉ်စပ် သုပ်နည်းလေး မျှဝေပေးချင်ပါတယ်။ ၀က်လျှာအပြင် ၀က်နားရွက်၊ ၀က်သား၊ အမဲသား၊ ကြက်သား၊ ကြက်ခြေထောက်၊ ပုဇွန်၊ ကင်းမွန် စတာတွေကိုလည်း ဒီနည်းနဲ့ သုပ်စားနိုင်ပါတယ်။ 


လူ ၄ ယောက်စာအတွက် လိုအပ်တာတွေကတော့ .... 

၁ . ၀က်လျှာ ၁ ခု 
၂ . ကြာညို့ (ပဲငံပြာရည် အကြည်) ထမင်းစားဇွန်း ၂ ဇွန်း 
၃ . ရှောက်ကော ပါ့ကော (တရုတ်မဆလာ) လဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ 
၎ . ကြက်သွန်နီ အရွယ်တော် ၂ လုံး 
၅ . ကြက်သွန်ဖြူ အနည်းငယ် 
၆ . ခရမ်းချဉ်သီး ၂ လုံး 
၇ . ငရုတ်သီးစိမ်း အနည်းငယ် 
၈ . သကြား လဖက်ရည်ဇွန်း ၁ ဇွန်း 
၉ . ငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်း 
၁၀. ကြက်သားမှုန့် လဖက်ရည်ဇွန်း ၁ ဇွန်းခွဲ 
၁၁ . သံပုရာသီး ၁ လုံး 
၁၂ . နံနံပင် 
၁၃ . ဆားအနည်းငယ် 
၁၄ . နှမ်းဆီမွှေး လဖက်ရည်ဇွန်း ၃ ပုံ ၁ ပုံ 
၁၅ . နှမ်းလှော် တို့ပါပဲ။ 

ဝက်လျှာကို သန့်စင်ဆေးကြောပြီး ကြာညို့ ၊ ရှောက်ကောပါ့ကော၊ ဆားနည်းနည်းနဲ့ အရင် နယ်ပြီး ၁၀ မိနစ်လောက် နှပ်ထားပါမယ်။ ပြီးရင်တော့ ၀က်လျှာမြုပ်ရုံ ရေထည့်ပြီး ကျက်တဲ့အထိပြုတ်ပါ။ (ရှောက်ကောပါ့ကော ကို အများကြီး မထည့်ပါဘူး။ မွှေးလွန်းပြီး အီမှာစိုးလို့ပါ) ပြုတ်တဲ့အခါ တအားကြီး နူးပြဲနေအောင် မပြုတ်ပါနဲ့။ ဆတ်တောက်တောက်လေး မှ ပိုစားကောင်းမှာပါ။ ကျက်ပြီဆိုရင်တော့ အရွယ်တော်လေးတွေ လှီးဖြတ်ထားပါ။ 

ကြက်သွန်နီကို ပါးပါးလှီးပြီး မမွှန်အောင် ရေအေးလေးနဲ့ ဆေးပြီး စစ်ထားပါ။ ခရမ်းချဉ်သီး ပါးပါးလှီးထားပါ။
ကြက်သွန်ဖြူရယ် ငရုတ်သီးစိမ်းရယ်ကို ရောထောင်းပါ။ ငရုတ်သီး စပ်စပ်ကြိုက်ရင်တော့ များများထည့်ပေါ့နော့်။ :) 

~ ဒါကတော့ ကြက်သွန်ဖြူ ငရုတ်သီးစိမ်း ထောင်းထားတဲ့ အနှစ်ပါ ~ 

ပြီးရင် အဲ့ဒီ အထောင်းထဲကို သကြား၊ ကြက်သားမှုန့်၊ ငံပြာရည်ထည့်မွှေပြီး သံပုရာရည်ပါ ညှစ်ထည့်ထားပါ။ ငရုတ်ဆုံ မလွယ်ဘူးဆိုရင် ဒါတွေအကုန်လုံး Blender ထဲထည့်ပြီး ရောကြိတ်လည်း ရပါတယ်။ [အပေါ့အငံကိုတော့ ကိုယ့်အကြိုက် လိုတိုးပိုလျှော့ လုပ်ပေါ့နော့။]     :) 

ပြီးရင်တော့ ၀က်လျှာ၊ ကြက်သွန်နီပါးပါးလှီးထားတာတွေ၊ ခရမ်းချဉ်သီး၊ နံနံပင်၊ ကြက်သွန်ဖြူ ငရုတ်သီး ရောထောင်းထားတဲ့ အနှစ်၊ နှမ်းဆီမွှေး၊ နှမ်းလှော်တို့ကို ရောပြီး သုပ်လိုက်ရင် ကြက်သွန်ဖြူနံ့ မွှေးမွှေးနဲ့ ချဉ်ချဉ်စပ်စပ် ၀က်လျှာသုပ် ရပါပြီ။

(
ကြိုက်တတ်ရင် ဂေါ်ဖီစိမ်းလည်း ပါးပါးလှီးထည့်သုပ်လည်း ရပါတယ်။)

ထမင်းပူလေးနဲ့စားလိုက် ရေနွေးကြမ်းမွှေးမွှေးလေး သောက်လိုက်နဲ့ဆိုရင် အင်မတန် ခံတွင်း တွေ့မှာပါပဲ။ 

Bon Appetite!

 :) 

...............