yest

yes

Movie Category 1

Subscribe Us

Template Information

Test Footer 2

Movie Category 2

Movie Category 3

Pages

Powered by Blogger.
[4] [ဆောင်းပါး] [two] [ဆောင်းပါး]

Movies of The Week

Join This Site On Google Friend

[4] [သတင်း] [one] [သတင်း]
[4] [နည်းပညာ] [two] [နည်းပညာ]
[4] [နည်းပညာ] [one] [နည်းပညာ]

Blog Archive

Movie Category 5

Movie Category 4

သည်မော်နိုင်ရဲ့ ၁၃ မိနစ်စာ ဇာတ်ကားတို ဂျပန်မှာပြပြီ

| No comment

 ~




ဂျပန်နိုင်ငံ၊ ဖူကူအိုကားမြို့မှာ ပြုလုပ်မယ့်  နိုင်ငံတကာ ခေတ်ပြိုင် အနုပညာပြပွဲ ဒီကနေ့ စတင်ပါပြီ။

မြန်မာပြည်က အနုပညာရှင်တယောက်ဖြစ်သူ  သည်မော်နိုင် စီစဉ်တဲ့  ၁၃ မိနစ်စာ ဇာတ်ကားတို Between the Pages လည်း ဒီပွဲမှာ ပါဝင်ပါတယ်။

ဒီပွဲကို နိုဝင်ဘာ ၃ဝ အထိ ပြုလုပ်မယ်လို့ သိရပါတယ်။

   အာရှ ၂၁ နိုင်ငံရဲ့ အနုပညာ သမား ၄၆ ဦး ပါဝင်တဲ့ ပြပွဲဖြစ်ပါတယ်။ ဗီဒီယိုဇာတ်လမ်းတွေချည်းပဲ မဟုတ်ပါဘူး၊ ပန်းချီ၊ ပန်းပု၊ အင်စတော်လေးရှင်း စသဖြင့် အနုပညာအမျိုးအစား မျိုးစုံ ပါဝင်ပါလိမ့်မယ်။

 ပြပွဲ လိပ်စာ
7 & 8th floor, Riverain Center Building 3-1
Shimokawabata-machi, Hakata-ku, Fukuoka City


ပြပွဲကို တပတ် ၆ ရက် သွားရောက်နိုင်ပါတယ်။
ဗုဒ္ဓဟူးနေ့တွေမှာ ပိတ်တယ်လို့ သိရပါတယ်။

ဒီလထဲ မလေးရှားမှာပြုလုပ်မယ့် ရုပ်ရှင်ပွဲတော်မှာလည်း မြန်မာပြည်သားတယောက်ရဲ့ ၁၅ မိနစ်ကြာဇာတ်လမ်းတို ပြသပါမယ်။
ဖန်တီးရိုက်ကူးသူက ကောင်းဆင့် ဖြစ်ပြီး Enter လို့ အမည်ပေးထားတဲ့ ဒီဇာတ်ကားကို နိုင်ငံရေးအကျဉ်းသားတယောက် အင်းစိန်ထောင်ကနေ ရွှေတိဂုံကို နေ့စဉ်နေ့တိုင်း စိတ်မှန်းနဲ့ လမ်းလျှောက်ဖြစ်တယ် ဆိုတဲ့ ပြောဆိုချက်အပေါ် မူတည်ပြီး ပေါ်ပေါက်လာတဲ့ဇာတ်ကားဖြစ်တယ်လို့ ဆိုပါတယ်။
 

 



.