yest

yes

Movie Category 1

Subscribe Us

Template Information

Test Footer 2

Movie Category 2

Movie Category 3

Pages

Powered by Blogger.
[4] [ဆောင်းပါး] [two] [ဆောင်းပါး]

Movies of The Week

Join This Site On Google Friend

[4] [သတင်း] [one] [သတင်း]
[4] [နည်းပညာ] [two] [နည်းပညာ]
[4] [နည်းပညာ] [one] [နည်းပညာ]

Blog Archive

Movie Category 5

Movie Category 4

မုံရွာမှာ ထိုင်း BBQ စားမယ်

| 1 Comment

 ~


ဗောဓိတထောင် ရပ်တော်မူဘုရားကြီး၊ မိုးညှင်းသမ္ဗုဒ္ဓေ၊  ဖိုလ်ဝင်တောင်၊ အလောင်းတော်ကဿဖ စတဲ့ ဘုရားစုံ ဖူးရင်း မုံရွာမြို့မှာ တထောက်နားမယ်ဆိုရင် နေ့လည်စာအတွက်ပဲ ဖြစ်ဖြစ်၊ ညစာပဲ အတွက်ပဲ ဖြစ်ဖြစ် စားဖို့၊ စားသောက်ဆိုင်ကောင်းကောင်းရှာဖို့ ခေါင်းခဲနေပါသလား။

ဒါမှမဟုတ် မုံရွာမြို့ကို ရောက်တုန်း ထူးထူးခြားခြား အစားအစာလေးတွေ စားဖို့များ စိတ်ကူးရှိတယ်ဆိုရင်   သွားရောက်မြည်းစမ်းကြည့်ဖို့ မိတ်ဆက်ပေးချင်တဲ့ စားသောက်ဆိုင်တွေထဲက တခုကတော့ FOTO စားသောက်ဆိုင် ဖြစ်ပါတယ်။

အခုတလော နာမည်ကြီးနေတဲ့ ထိုင်း အသားကင် ဆိုတဲ့ (ထိုင်းအခေါ် မူကထ) ဒယ်အိုးပြားလေးပေါ် ကိုယ်တိုင် နှစ်သက်ရာ အသားတွေကင်၊ ကိုယ်နှစ်သက်ရာ ဟင်းရည်တွေတည်စားရတဲ့၊ ထိုင်း BBQ

စားလို့ရတဲ့ တဆိုင်တည်းသော FOTO စားသောက်ဆိုင်ဟာ မုံရွာမြို့အ၀င် ဘိုးဘွားရိပ်သာ အ၀ိုင်းနားလေးမှာ ရှိပါတယ်။ထိုင်း BBQ မစားချင်ဘူးဆိုရင်လည်း တခြားသော  တရုတ်ဟင်းလျာ မျိုးစုံကိုလည်း ရွေးချယ်စရာအဖြစ် တွေပရမှာပါ။ 

မိသားစု အပန်းဖြေဖို့ ကာရာအိုကေ ခန်းမလည်း ထားထားသလို၊ မုံရွာနဲ့ ပတ်ဝန်းကျင်ဒေသထွက် အမှတ်တရ ပစ္စည်းတွေကိုလည်း ကြည့်ရှုနိုင် ၀ယ်ယူနိုင်ပါတယ်။

နောက်.... ထူးခြားတာကတော့ မြန်မာနိုင်ငံတဝန်းက ရှုခင်းနဲ့ လူမှုဘ၀ အလှအပတွေကို ဆိုင်ပိုင်ရှင်ကိုအောင်နေမျိုး ကိုယ်တိုင် ရိုက်ကူးမှတ်တမ်းတင်ထားတဲ့ ဓာတ်ပုံတွေကို ခံစားနိုင်ပြီး ကြိုက်နှစ်သက်ရာပုံကိုလည်း အမှတ်တရအဖြစ် ၀ယ်ယူနိုင်ခြင်းပါပဲ။

  စားကောင်းသောက်ကောင်းတွေကို သင့်တင့်တဲ့ ဈေးနှုန်းနဲ့ စားချင်တယ်၊ သန့်ရှင်းသပ်ရပ်တဲ့ ဆိုင်မှာမှ ထိုင်ချင်တယ်၊ စားရင်းသောက်ရင်း မိသားစု အေးအေးဆေးဆေး အပန်းဖြေချင်တယ်ဆိုရင်တော့ မြန်မာ့ရိုးရာအဆင်အပြင်တွေနဲ့ အလှဆင်ထားတဲ့ FOTO စားသောက်ဆိုင်က သွားသင့်တဲ့ နေရာတွေထဲက တခု ဖြစ်ပါတယ်။


ဆက်စပ်

ပူစပ်ထုံ ငါးဟင်းချက်နည်းအကြောင်း 
http://blog.irrawaddy.org/2014/08/blog-post_3.html

ဝက်လျှာ ချဉ်စပ်သုပ်
http://blog.irrawaddy.org/2012/09/blog-post_5557.html

 



.