yest

yes

Movie Category 1

Subscribe Us

Template Information

Test Footer 2

Movie Category 2

Movie Category 3

Pages

Powered by Blogger.
[4] [ဆောင်းပါး] [two] [ဆောင်းပါး]

Movies of The Week

Join This Site On Google Friend

[4] [သတင်း] [one] [သတင်း]
[4] [နည်းပညာ] [two] [နည်းပညာ]
[4] [နည်းပညာ] [one] [နည်းပညာ]

Blog Archive

Movie Category 5

Movie Category 4

မာလာလာကို ပစ်ခတ်ခဲ့သူ တာလီဘန် ၁ဝ ဦးကို ဖမ်းမိပြီ

| No comment
ပါကစ္စတန်နိုင်ငံမှာ အမျိုးသမီး ပညာသင်အခွင့်အရေး လှုပ်ရှားသူ ဆယ်ကျော်သက် အမျိုးသမီး သတ္တိရှင် (Malala Yousafzai) မာလာလာကို လုပ်ကြံဖို့ ကြိုးစားရင်း သေနတ်နဲ့ ပစ်ခတ်ခဲ့သူ တာလီဘန် အဖွဲ့ဝင် ၁ဝ ဦးကို ပါကစ္စတန် အစိုးရစစ်တပ်က ဖမ်းလိုက်ပါပြီ။ 

 မာလာလာ၊ ဓာတ်ပုံ- parade.condenast.com

မာလာလာကို လုပ်ကြံဖို့ ကြိုးစားခဲ့ သူတွေဟာ အခြား ပြစ်မှု ၂ဝ ကျော်ကိုလည်း ကျူးလွန်ထားသူတွေ ဖြစ် ပြီး အလိုရှိ နေ သူတွေ ဖြစ်တယ်လို့ ပါကစ္စတန် စစ်တပ် ပြောခွင့်ရ ဗိုလ်မှူးချုပ် တဦးက စက်တင်ဘာလ ၁၂ ရက်နေ့က ထုတ်ပြောထားပါ တယ်။ 

၂၀၁၂ ခုနှစ် အောက်တိုဘာလတုန်းက အသက် ၁၄ နှစ်အရွယ် မာလာလာ ကို ကျောင်းကားပေါ် တက် လာ တဲ့ အကြမ်း ဖက်သမားတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ ဦးခေါင်းနဲ့ လည်ပင်တွေ မှာ ဒဏ်ရာရရှိသွား ခဲ့တာပါ။ အဲဒီတုန်းက သူနဲ့ အတူ နောက်ထပ် ကျောင်းသူ တဦးလည်း ဒဏ်ရာရခဲ့ပါသေးတယ်။ 

မာလာလာက တာလီဘန်တွေ တင်းတင်းကြပ်ကြပ် ပိတ်ပင်ထားတဲ့ အမျိုးသမီး ပညာသင်ကြားရေးကို သူက တက်တက် ကြွကြွ လှုပ်ရှားလို့ ပစ်ခတ်ခဲ့တာလို့လည်း တာလီဘန်တွေက ၀န်ခံထားခဲ့တာပါ။ 

အကြမ်းဖက်သမားတွေက မာလာလာကို သေဆုံးသွားပြီ ထင်ခဲ့ပေမယ့် ဒဏ်ရာပြင်းထန်တဲ့ မာလာလာကို ဗြိတိန်နိုင်ငံသို့ ခေါ်ပြီး ဆေးကုသပေးခဲ့ရပါတယ်။ 

အဲဒီနောက် ကျန်းမာလာတဲ့ မာလာလာဟာ ( I am Malala) ကျမ မာလာလာဆိုတဲ့ စာအုပ်ကိုလည်း အင်္ဂလိပ်ဘာသာနဲ့ ရေးသားထုတ်ဝေခဲ့ပြီး အဲဒီစာအုပ်က ကမ္ဘာတဝန်းမှာ လူကြိုက်များတဲ့ စာအုပ် လည်း ဖြစ် ပါတယ်။ 

အသက်အန္တရာယ်စိုးရိမ်နေရသေးလို့ ဗြိတိန်မှာပဲ နေထိုင်နေတဲ့ မာလာလာဟာ ကမ္ဘာ့ကုလသမဂ္ဂနဲ့ ဥရောပ သမဂ္ဂတို့မှာ လည်း မိန့်ခွန်းတွေပြောကြားစဉ်က ကမ္ဘာတဝန်း လူအများက သူ့ကို ချီးကျူး မဆုံး ဖြစ်ကြပါတယ်။ 

မာလာလာဟာ မနှစ်တုန်းက သူ့ရဲ့ ရဲစွမ်းသတ္တိရှိရှိနဲ့ တာလီဘန်တွေကို အံတုပြီး အမျိုးသမီး ပညာသင် ကြားခွင့်ရရေး ကြိုးပမ်းမှုကြောင့် ဥရောပ သမဂ္ဂက ပေးအပ်တဲ့ လူ့အခွင့်အရေးဆုရခဲ့ပါတယ်။

  


အိမ့်သံစဉ် ~