yest

yes

Movie Category 1

Subscribe Us

Template Information

Test Footer 2

Movie Category 2

Movie Category 3

Pages

Powered by Blogger.
[4] [ဆောင်းပါး] [two] [ဆောင်းပါး]

Movies of The Week

Join This Site On Google Friend

[4] [သတင်း] [one] [သတင်း]
[4] [နည်းပညာ] [two] [နည်းပညာ]
[4] [နည်းပညာ] [one] [နည်းပညာ]

Blog Archive

Movie Category 5

Movie Category 4

Miss Myanmar World ပြိုင်ပွဲမှာ စူးယှနိုင် မပါဝင်တော့ပါ

| No comment

 ~




  Miss Myanmar World 2014ရဲ့ ပြိုင်ပွဲဝင်အမှတ်စဉ် နံပါတ် (၇) အသက် ၁၇ နှစ်အရွယ် အလှမယ်၊  မော်ဒယ် Patricia (ခေါ်) စူးယှနိုင်ကို လေ့ကျင့်ရေးရက်တွေမှာ ပုံမှန်လာရောက်ခြင်း မရှိလို့ ပြိုင်ပွဲဝင်တွေအတွက် ချမှတ်ထားတဲ့ စည်းမျဉ်း၊ စည်းကမ်းနဲ့ မညီဘူး ဆိုပြီး ပြိုင်ပွဲကနေ ထုတ်ပယ်လိုက်ကြောင်း ပြိုင်ပွဲရဲ့ Facebook Page   မှာ ရေးသားထားတာ  တွေ့ရပါတယ်။

ဒီပို့စ်ကို လွန်ခဲ့တဲ့ ၆ နာရီခန့်က ရေးသားထားတာပါ။ 

ပြိုင်ပွဲအဖွဲ့ရဲ့ နောက်ထပ်
 စာမျက်နှာတခု မှာလည်း သူ့ကို ပြိုင်ပွဲကနေ ထုတ်လုပ်လိုက်ပြီဖြစ်ကြောင်း ဓာတ်ပုံနဲ့ တကွ ဖော်ပြထားတာကို တွေ့ရပါတယ်။



အဲဒီမှာ  Patrica ပရိသတ်တွေရဲ့ မကျေနပ်ချက်တွေ၊ တုန့်ပြန်ချက်တွေကို တွေ့ရပါမယ်။

ကာယကံရှင်ရဲ့  Patricia Jayne အမည်နဲ့  Facebook စာမျက်နှာမှာလည်း   ဖြေရှင်းရေးသားထားတာကို တွေ့ရပါတယ်။ သူ့ကို မထုတ်ခင် ကတည်းက သူ ထွက်ပြီးသား နားပြီးသား ဖြစ်နေပါတယ် တဲ့။

"ပရိသတ်တွေအထင်လွဲမှာဆိုးလို့ ရှင်းပြပါ ရစေရှင်....Patricia ဘက်က camp သွင်းထားတဲ့ နေ့ ရက်တွေမှာတစ်ရက်မှ မပျက်ကွက်ခဲ့ပါရှင်..
ပရိသတ်တွေ Voting လုပ်ဖို့ photo shoot ရိုက်ကူးတဲ့နေ့ မှာ တောင်အဖျားတွေအရမ်းတက်ပြီးဘယ်လိုမှ နေလို့ မရတော့တဲ့အခြေအနေမှာတောင် အားမွေးပြီးသေသေချာချာဓာတ်ပုံရော၊ဗွီဒီယိုပါရိုက်ကူးပေးခဲ့ပါတယ်...

အခု Miss Myanmar World page ကတင်ထားတဲ့ status က Patricia ကိုပြိုင်ပွဲတစ်လျှောက် အားပေးနေတဲ့ပရိသတ်တွေနဲ့ Patricia ကြားမှာ အထင်လွဲစေပါတယ်...

Patricia ဟာဒီပြိုင်ပွဲကိုမပြိုင်ခင်ကတည်းက ပရိသတ်ရဲ့ အားပေးမှုနဲ့ အနုပညာလုပ်ငန်း တွေကိုကျောင်းတစ်ဖက်နဲ့ ကြိုးစားလုပ် ဆောင်နေသူပါ...
အခုလည်းပဲပြိုင်ပွဲတစ်ဖက် နဲ့ ကြေငြာတွေ music video တွေနဲ့ တခြား မဂ္ဂဇင်းတွေလည်း မပျက်ကွက်ရိုက်ကူးနေရပါ တယ်.

နားရက်ပေးရင်လည်းတခြားပြိုင်ပွဲဝင် အမတွေအနားယူနေရတဲ့အချိန်မှာ Patricia က အလုပ်တွေဆက်တိုက်လုပ်ရပါတယ်..
Camp ကနေပြန်တဲ့အချိန်ဟာဘယ်လောက် ပဲမိုးချုပ်နေပါစေ..Patricia မှာအိမ်ကို တည့်တည့်မတ်မတ်မပြန်ရပဲ Shooting တွေနေ့ တိုင်းရိုက်ရပါတယ်...

အခုဆိုရင် ကျောင်းလည်းဆက်မတက်ရပဲပြိုင်ပွဲနဲ့  အနုပညာလုပ်ငန်းတွေကိုလုပ်နေရပါတယ်. Patriciaကိုယ်တိုင် အထက်ကလူကြီးကိုတင် ပြပြီးဘယ်နေ့ဘယ်ရက်မှာကြေငြာရိုက်ဖို့ ခွင့် ရက်ရမလဲ ဆိုတာသေချာခွင့်တောင်းပြီးမှသာ လျှင်ကြေငြာတွေကို လက်ခံရိုက်ကူးရတာပါရှင်. အထက်ကလူကြီးက(၉)ရက်နဲ့(၁၀)ရက် ၂ရက်ခွင့်ပေးပါတယ်..
အထက်ကခွင့်ပြုတဲ့ ရက်ကိုသာ Patricia တို့ ကအလုပ်လုပ်ခွင့် ရှိတာပါရှင်..

Miss Myanmar World အထက်ကလူကြီးကခွင့်မပေးပဲ Patricia ဘက်ကကြေငြာတွေလက်ခံလို့ မရပါ.. ဘယ်အလုပ်မဆိုနှစ်ဦးနှစ်ဖက်အဆင်ပြေစေမယ့်နေ့ ရက်မျိုးကိုကြိုတင်ညှိနှိုင်းပြီးမှသာ လုပ်ဆောင်ရတာပါ.

Patricia မနေ့ က training ဆင်းတဲ့နေ့ မှာပျက်ကွက်တာ မဟုတ်ပါ.
Miss Myanmar World ကဒိုင်လူကြီးတစ်ဦးရဲ့ခွင့်ပေးတဲ့ရက် မှသာကြေငြာရိုက်တာပါ..
ပြီးကျတော့ Patricia ကြေငြာရိုက်နေတဲ့အချိန်မှာ Patricia ကို "ဒီနေ့ ဘာကြောင့်မလာတာလဲ" ဆိုပြီး ဂယက်တွေရိုက်ပါတယ်.
Patricia မနေ့ က ရိုက်ကူးနေတဲ့ကြေငြာမှာလည်း professional တွေအားလုံးနဲ့ အလုပ်လုပ် နေရတာပါ..

Patricia စိတ်တွေအရမ်းညစ် လာပြီးအာရုံနောက်လို့ ဆက်မပြိုင်ဖြစ်တော့
ကြောင်းအသိပေးခဲ့တာပါ..

Patricia ဘက်က ပျက်ကွက်လို့ ထုတ်ပယ်တယ်ဆိုတဲ့စကားကို လုံးဝလက်မခံနိုင်ပါ..

ဒီပြိုင်ပွဲဆိုတာလည်း Patricia ရဲ့ ပရိသတ်တွေရဲ့ အားပေးတိုက် တွန်းမှုကြောင့်ဝင်ပြိုင်ဖြစ်ခဲ့တာပါ..ပြိုင်ပွဲ တစ်လျှောက် Patricia ကိုအားပေးနေတဲ့ ပရိသတ်တွေ အားလုံးကိုကျေးဇူးလည်း တင် တယ်.. အခုလိုတွေဖြစ်ရတော့အားလည်း အရမ်းနာတယ်....

Patricia နဲ့ဘယ်လိုမှ အဆင်မပြေနိုင်တော့တဲ့ပြိုင်ပွဲကိုမပြိုင်ဖြစ် တော့ပေမယ့် အားပေးနေတဲ့ပရိသတ်တွေအတွက် Patricia ဝါသနာပါတဲ့ အနုပညာ အလုပ်တွေကို ဆက်လက်လုပ်ဆောင်သွား ပြီးကြိုးစားသွားမှာပါရှင်...."


အဲဒါကတော့ Patrica က လွန်ခဲ့တဲ့ ၄ နာရီခန့်က  သူ့ Facebook မှာ ရေးသားထားတာပဲ ဖြစ်ပါတယ်။

စက်တင်ဘာလ ၈ ရက်နေ့အထိ Patricia ရဲ့ Facebook   မှာ Miss Myanmar World 2014  အလှမယ်တွေနဲ့ အတူ ရွှေတိဂုံဘုရားမှာ ရိုက်ထားတဲ့ပုံတွေ တင်ထားတာကို တွေ့ရပါတယ်။

သီဟတိုး
 

.