yest

yes

Movie Category 1

Subscribe Us

Template Information

Test Footer 2

Movie Category 2

Movie Category 3

Pages

Powered by Blogger.
[4] [ဆောင်းပါး] [two] [ဆောင်းပါး]

Movies of The Week

Join This Site On Google Friend

[4] [သတင်း] [one] [သတင်း]
[4] [နည်းပညာ] [two] [နည်းပညာ]
[4] [နည်းပညာ] [one] [နည်းပညာ]

Blog Archive

Movie Category 5

Movie Category 4

ပန်းအိုးတွေနဲ့ အလှဆင်ရအောင်

| No comment

 ~



 
ကမ္ဘာမြေကြီးအောင် လှပအောင် အလှဆင်သူတွေဟာ လူသားတွေလို့ ဆိုရမယ်ဆိုရင် မိသားစုတစုမှာ ကိုယ့်နေအိမ်ကို အလှဆင်သူတွေဟာ အိမ်ရှင်မတွေလို့ ဆိုနိုင်ပါတယ်။



 အိမ်ရှင်မတွေဟာ အချက်၊ အပြုတ်၊ လျှော်ဖွပ် အစရှိတဲ့ အိမ်မှု ကိစ္စတွေ သာမက အိမ်သန့်ရှင်းရေးနဲ့တကွ အိမ်တွင်းအလှဆင်တဲ့ အလုပ်ကိစ္စတွေပါ လုပ်ရပါတယ်။

အိမ်ရှင်မတွေဟာ ကိုယ့်မိသားစုအိမ်ကို ဧည့်သည် အလည်လာတာပဲဖြစ်ဖြစ်၊ ခင်ပွန်းနဲ့ သားသမီးတွေ ရုံး၊ အလုပ်၊ ကျောင်းက အိမ်ပြန်ရောက်လို့ အမောပြေအောင်ပဲဖြစ်ဖြစ်၊ မိသားစုလိုက် နားနားနေနေ အိမ်မှာ နေတဲ့အခါ စိတ်ကြည်ကြည်နူးနူးနဲ့ နေနိုင်အောင်ပဲ ဖြစ်ဖြစ် ကိုယ့်အိမ်တွင်းကို လှပ သပ်ရပ် သန့်ရှင်းနေအောင် ပြုလုပ်လေ့ရှိကြပါတယ်။

အိမ်တွင်းအလှဆင်မယ်ဆိုရင် ပန်းအလှထိုးဖို့ ပန်းအိုးလေးတွေက မပါမဖြစ်ပါပဲ။ မြေအိုး၊ စဉ့်အိုး၊ ကြွေအိုး အစရှိတဲ့ အိုးအမျိုးမျိုးနဲ့အတူ ကြိမ်နဲ့ပြုလုပ်ထားတဲ့ ကြိမ်အိုးလေးတွေကလည်း ချစ်စဖွယ် အလှဆင် နိုင်ပါသေးတယ်။

ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေက ဘုရားပန်းအိုးလည်း ထိုးရတာမို့ ဘုရားစင်မှာလည်း ဘုရားပန်းတွေ လှိုင်လှိုင်ဝေအောင် ထိုးလေ့ရှိသလို ဧည့်ခန်း၊ အိပ်ခန်း၊ ထမင်းစားခန်း၊ စာကြည့်ခန်း အစရှိတဲ့ နေရာမျိုးတွေမှာလည်း စားပွဲပေါ်၊ ထောင့် အစရှိတဲ့ နေရာမှာတွေ အလှစိုက်ပန်းအိုးတွေ ကြီးကြီးငယ်ငယ် အသွယ်သွယ်ကို ထားလို့ အလှဆင်တတ်ကြပါတယ်။

အလှစိုက်ပန်းအိုးထိုးတယ်ဆိုတာ မြေကြီးမလိုဘဲ အပင်စိုက်ဖို့ ဥယျာဉ်ခြံမြေနေရာမရှိတဲ့ ရန်ကုန်မြို့ တိုက်ခန်းတွေ၊ ကွန်ဒိုတွေမှာ နေထိုင်သူတွေအတွက် အထူးသင့်တော်ပါတယ်။ အလှပန်းအိုးထိုးဖို့အတွက် ကိုယ့်နေအိမ်အတွင်းပဲ ထိုးမယ့် ပန်းအရွယ်အစား၊ အမျိုးအစားပေါ်မူတည်ပြီး ပန်းအိုးခပ်ကြီးကြီး၊ ခပ်လတ်လတ်၊ ခပ်သေးသေး နှစ်သက်သလို ရွေးချယ်နိုင်ပြီး အိမ်ဦးခန်း၊ ဧည့်ခန်း၊ ဧည့်ခန်းစားပွဲပေါ်၊ ဧည့်ခန်းထောင့်၊ စာကြည့်စားပွဲ၊ အိပ်ခန်း ကုတင်ဘေး အစရှိတဲ့ နေရာတွေမှာ အဆင်ပြေသလို မျက်စိ သဟဇာတဖြစ်အောင် ပန်းရောင်စုံထိုး အလှဆင်နိုင်ပါတယ်။

ဒီနေ့ခေတ်မှာ ပန်းအလှဆင်ကြတဲ့အခါ တပတ်တခါ ထိုးဖို့ ပန်း၊ တလတခါ ထိုးဖို့ ပန်း အစရှိတဲ့ ကြာရှည်ခံနိုင်တဲ့ ပန်းမျိုးတွေ လဲလေ့ ထိုးလေ့ရှိကြပြီး ပန်းအတုနဲ့လည်း အလှဆင်ထိုးလေ့ရှိပါတယ်။ ပန်းအစစ်ဆိုရင်တော့ ပန်းရဲ့ရနံ့နဲ့ သဘာဝဆန်တဲ့ ခံစားမှုမျိုးကို ရရှိခံစားနိုင်မှာဖြစ်ပါတယ်။

Indoor အလှဆင် ပန်းပင်တွေဟာ လွယ်လွယ်ကူကူ ဝယ်ယူရရှိနိုင်ပြီး အပင်စိုက်သလိုလည်း အချိန်ပေးစရာမလို မခက်ခဲတာမို့ အိမ်ရှင်မတွေအနေနဲ့ ကိုယ့်နေအိမ်ကို အလှဆင်တဲ့အခါ အပန်းမကြီးလှပါဘူး။

အလှစိုက်ပန်းအိုးထိုးတဲ့ အလေ့အထကို နေအိမ်တွေမှာမှ အိမ်ထောင်ရှင်မတွေပဲ ပြုလုပ်လေ့ရှိတာ မဟုတ်ပါဘူး။ ကုမ္ပဏီရုံးခန်း၊ ဆိုင်ခန်း၊ ကော်ဖီဆိုင်၊ စားသောက်ဆိုင်လို အစရှိတဲ့ နေရာတွေမှာပါ ပန်းအလှကို ခံစားတတ်တဲ့သူတွေ၊ အလှပန်းအိုးချစ်သူတွေက ဒီလို ပန်းအိုးကြီးတွေနဲ့ အလှထိုးလေ့ရှိကြပါတယ်။

အလှပန်းအိုးထိုးတယ်ဆိုတာ မင်္ဂလာဆောင်၊ ပွဲ အခမ်းအနားတွေမှာမှ ထိုးတာမျိုး မဟုတ်ပါဘူး။ ဒီလို အလှဆင်တာမျိုးကို  တရုတ်၊ ဂျပန်၊ ကိုးရီးယားစတဲ့ အရှေ့အာရှနိုင်ငံတွေမှာ ပိုမိုပြုလုပ်လေ့ ရှိကြပါတယ်။ စဥ့်အိုး၊ မြေအိုး၊ ကြွေအိုး စတဲ့ အလှပန်းအိုးအများစုကလည်း တရုတ်၊ ဂျပန်၊ ကိုးရီးယား စတဲ့နိုင်ငံတွေကနေ ဝင်ရောက်လာတာကို အများဆုံးတွေ့ရပါတယ်။ သူတို့နိုင်ငံတွေရဲ့ ရိုးရာ ပန်းအိုးထိုးနည်းတွေလည်း ရှိပါသေးတယ်။

အခု ခေတ်မှာ ဆိုရင် ခေတ်မီပြီး စမတ်ကျတဲ့ လူနေမှုပုံစံ Lifestyle ဟာ အရေးကြီးလှပါတယ်။ ကိုယ့်ရဲ့ Lifestyle က အမြဲတမ်း လန်းဆန်းတက်ကြွ သစ်လွင်နေဖို့ဆိုရင် ဒီလို သဘာဝအလှဆင်တဲ့ အလေ့ကျင့်လေးတွေကို လစ်လျူရှုမထားမိဖို့ လိုပါတယ်။

ကိုယ့်ကိုယ်ကိုယ်လည်း ဖက်ရှင်ကျ၊ လှပအောင် အလှဆင် အလှပြင်သလိုပဲ ကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင်၊ ကိုယ့်နေအိမ်၊ ကိုယ့်အလုပ်စားပွဲ၊ စားကြည့်စားပွဲ အစရှိတဲ့နေရာတွေမှာပါ သပ်သပ်ရပ်ရပ် အလှဆင် တတ်မယ်ဆိုရင် ကမ္ဘာကြီးက ဒီထက်ပိုလှနေမှာပါ။

အလှပန်းအိုးတွေကို အိမ်ခန်း၊ ဧည့်ခန်းတွေရဲ့ ထောင့်မှာထားပြီး အလှဆင်ခြင်းအားဖြင့်လည်း ကိုယ့်နေအိမ်ကို ပိုပြီး တင့်တယ်သွားစေသလို စားပွဲပေါ်မှာ ဒီအတိုင်း ဘာမှမတင်ဘဲ ပြောင်ရှင်းရှင်းကြီး ထားတာထက် ပန်းအိုးလှလှလေးတလုံးတင်ပြီး အလှဆင်ထားတာ ပိုပြီးကြည့်ကောင်းစေပါတယ်။

ဒီတပတ်မှာတော့ ကိုယ့်နေအိမ်၊ ရုံးခန်းတွေမှာ အလှဆင် အလှထိုးဖို့ အလှထိုးပန်းအိုး လှလှလေးတွေ ကို ဧရာဝတီ ခေတ်ရေစီးကဏ္ဍကနေ စာဖတ်ပရိသတ်တွေကို ရိုက်ကူး၊ ရေးသားတင်ဆက်ပေး လိုက်ပါတယ်။

ပုံမှာပြထားတဲ့ အလှထိုး ပန်းအိုးပုံတွေကိုတော့ အမှတ် (၂၄)၊ ပုဒ္ဒမာ အားကစားတိုက်ခန်း၊ ဗားဂရာလမ်း၊ စမ်းချောင်းမြို့နယ် ၊ ရန်ကုန်မြို့ မှာရှိတဲ့  Spirits အိမ်သုံပစ္စည်း အရောင်းဆိုင်မှာ သွားရောက် ရိုက်ယူထားတာပဲ ဖြစ်ပါတယ်။

သီဟတိုး
  • ဓာတ်ပုံများ - သော်ဟိန်းထက်




.