yest

yes

Movie Category 1

Subscribe Us

Template Information

Test Footer 2

Movie Category 2

Movie Category 3

Pages

Powered by Blogger.
[4] [ဆောင်းပါး] [two] [ဆောင်းပါး]

Movies of The Week

Join This Site On Google Friend

[4] [သတင်း] [one] [သတင်း]
[4] [နည်းပညာ] [two] [နည်းပညာ]
[4] [နည်းပညာ] [one] [နည်းပညာ]

Blog Archive

Movie Category 5

Movie Category 4

ဥက္ကာပျံ တခု ကမ္ဘာမြေကို ထိမှန်ပေါက်ကွဲ

| No comment
  ဥက္ကာပျံလို့ ယူဆရတဲ့ အရာတခုဟာ ပြီးခဲ့တဲ့ တနင်္ဂနေ့ မနက်စောစော အလင်းရောင် မမြင်ရချိန်  နီကာရာဂွာ မြို့တော် မန်နာဂွာမြို့မှာ ကျရောက်ပေါက်ကွဲတဲ့အတွက် အဲဒီနေရာမှာ ဧရာမ ကျင်းကြီးတခုဖြစ်သွားခဲ့ပါတယ်။ 


 ဥက္ကာပျံ၊ ဓာတ်ပုံ- rawstory.com

မန်နာဂွာ မြို့ဟာ လူ ၁၂ သိန်းကျော် နေထိုင်ပြီး ဥက္ကာပျံ ကျရောက်ပေါက်ကွဲတာက နိုင်ငံတကာ လေဆိပ် နဲ့ နီးပေမယ့် လေဆိပ်ထိခိုက်ပျက်စီးတာ၊ လူ ထိခိုက်ဒဏ်ရာ ရတာတော့ မရှိဘူးလို့ လို့ တာဝန်ရှိသူတွေက တနင်္ဂနွေနေ့က ပြောတာကို အေအက်ဖ်ပီ သတင်းတပုဒ်မှာ ရေးထားပါတယ်။ 

  ကမ္ဘာမြေကို ထိမှန်ပေါက်ကွဲသံက အတော်ပဲ ကျယ်လောင်ပြီး ဖြစ်ပေါ်လာတဲ့ ကျင်းကြီးက အကျယ် ၃၉ ပေလောက် ရှိတယ်လို့ ဆိုပါတယ်။ 

ဥက္ကာပျံ ကျရောက်ပေါက်ကွဲပြီး ဖြစ်လာတဲ့ ကျင်းကြီး၊ ဓာတ်ပုံ- စီအန်အန်

Seismic Institute က Wilfredo Strauss ကလည်း ဒါဟာ ဥက္ကာပျံ တခုဖြစ်မယ်လို့ ပြောထားတယ်။ ဒီလို ဥက္ကပျံ ကမ္ဘာမြေကို ထိမှန်လို့ မြေငလျင်များဖြစ်မလားလို့ ဆန်းစစ်မှုတွေလည်း လုပ်ပါတယ် တဲ့။ 

အစိုးရ တာဝန်ရှိသူတွေနဲ့ ကျွမ်းကျင်သူတွေလည်း တနင်္ဂနွေနေ့က သွားကြည့်တဲ့ အခါ ဥက္ကာပျံတခုလုံး မီးလောင် သွားခဲ့တာတွေ့ရတယ်လို့ ဆိုပါတယ်။ ဖြစ်သွားတဲ့ မြေကျင်းနံရံတွေမှာ တလက်လက်နဲ့ မှန်လို အစအနတွေ တွေ့ရတယ်လို့ ဆိုပါတယ်။ 

လက်တင်အမေရိကန်မှာ အဆင်းရဲဆုံး နိုင်ငံ တခု ဖြစ်တဲ့ နီကာရာဂွာမှာ ပေါ်ပေါက်ခဲ့တဲ့ ဒီလို ထူးခြား  ဖြစ်ရပ်နဲ့ပတ်သက်ပြီး ဒီထက်ပိုပြီးသတင်းအချက်အလက်ရဖို့ အမေရိကန်က US Geological Service နဲ့ ချိတ် ဆက်မယ်လို့ အစိုးရ ပြောခွင့်ရ အရာရှိ Rosario Murillo က ပြောထားပါတယ်။ 

 ထိမှန်ပေါက်ကွဲတဲ့ သစ်တောအနီးက လူတွေ ပြောတာကတော့ သူတို့ဟာ ကျယ်လောင်တဲ့ ပေါက်ကွဲ သံကြီး ကြားလိုက်ရပြီး အရည်တွေ၊ သဲတွေ၊ ဖုန်တွေ လေထဲ ပျံ့လွင့်လာတယ်တဲ့။ 

ပြီးတော့ ညှော်နံ့လိုလည်း အနံ့ ရကြတယ်လို့ ပြောကြတယ်။ ဒီလို ထူးထူးခြားခြား မတွေ့ကြုံရဘူးတော့ အစိုးရရော၊ ဒေသခံတွေရော အတော်ပဲ စိတ်ဝင်စားနေကြပါတယ်။ 

အိမ့်သံစဉ် ~