yest

yes

Movie Category 1

Subscribe Us

Template Information

Test Footer 2

Movie Category 2

Movie Category 3

Pages

Powered by Blogger.
[4] [ဆောင်းပါး] [two] [ဆောင်းပါး]

Movies of The Week

Join This Site On Google Friend

[4] [သတင်း] [one] [သတင်း]
[4] [နည်းပညာ] [two] [နည်းပညာ]
[4] [နည်းပညာ] [one] [နည်းပညာ]

Blog Archive

Movie Category 5

Movie Category 4

ဦးဆန်းဆင့်လွတ်မြောက်ရေးလှုပ်ရှားသူ ဖျာပုံထောင်ထဲမှာ ဘာလုပ်နေသလဲ

| No comment
 ~
 
 
 ဖျာပုံထောင်မှာ ဖမ်းဆီးထိမ်းသိမ်းခံနေရတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ ဦးထွန်းထွန်းဦးက ပြည်ထောင်စုအစိုးရကို အချက် ၄ ချက် တောင်းဆိုပြီး အစာငတ်ခံ ဆန္ဒပြနေကြောင်း သတင်းရရှိပါတယ်။

 


ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ထဲမှာ ဒီရေတောတွေဦးဆောင်စိုက်ပျိုးနေတဲ့ ဦးထွန်းထွန်းဦးဟာ ဌာနဆိုင်ရာတွေ စိုက်ပျိုးထားတဲ့ ဒီရေတောပင် ၂,၅၀၀ ကို ကျွဲတွေလွှတ်ကျောင်းပြီး ဖျက်ဆီးခဲ့တဲ့အတွက်ဆိုပြီး ပုဒ်မ ၆ (၁) နဲ့ သစ်တောဌာနမှ တောအုပ်ဦးအာကာဝင်းက တရားစွဲဆိုထားတာဖြစ်ပါတယ်။

သစ်တောဌာနရဲ့တိုင်ချက်အရ ဒေးဒရဲမြို့နယ်ရဲတပ်ဖွဲ့က သြဂုတ်လ ၂၉ ရက်နေ့မှာ ဦးထွန်းထွန်းဦးကို ဖမ်းဆီးပြီး ဖျာပုံထောင်မှာ ချုပ်နှောင်ထားတာပါ။

ဒီတောင်းဆိုချက်တွေကတော့ ဖမ်းဆီးခံထားရတဲ့ လူ့အခွင့်အရေးစောင့်ကြည့် ကာကွယ်ရေး ကွန်ရက် (HRWDN) အဖွဲ့ဝင် ဦးထွန်းထွန်းဦးက ထောင်ဝင်စာ လာတွေ့သူတွေကတဆင့် ထုတ်ဖော် ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဦးထွန်းထွန်းဦးရဲ့ တောင်းဆိုချက်တွေကတော့ -

၁။ သမ္မတဦးသိန်းစိန် လက်မှတ်ရေးထိုးထုတ်ပြန်ထားတဲ့ စားကျက်မြေဥပဒေအရ ဒေးဒရဲမြို့နယ် ကျုံတက်စားကျက်မြေ၊ တော်ပုလွဲစားကျက်မြေပေါ်မှာ ကျူးကျော်ပြီးလယ်စိုက်နေတဲ့လယ်သမားတွေကို ဖယ်ရှားပေးရန်၊

၂။ ဒီရေတောစိုက်ပျိုးသူများကို စွဲဆိုထားသော ပုဒ်မများအား အပြီးဖျက်သိမ်းပေးရန်၊

၃။ မမှန်သတင်းပေးတိုင်ကြားသူများအား ဖော်ထုတ်ပြီးထိရောက်စွာအရေးယူပေးရန်၊

၎။ မမှန်မကန် လုပ်ကြံစွပ်စွဲဖမ်းဆီးထားသော ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု ပုဒ်မ ၆ (၁) အမှုအား ပိတ်သိမ်းပေးရန်၊

“ဒီတောင်းဆိုချက်တွေ အကောင်အထည်ဖော်ပေးဖို့ ဒီနေ့ (စက်တင်ဘာလ ၅ ရက်နေ့) ကစတင်ပြီး ထောင်ထဲမှာ အစာငတ်ခံ ဆန္ဒဖော်ထုတ်သွားမယ်လို့ သူက ကျမတို့ကို မှာလိုက်ပါတယ်။
ကျမတို့က ၃ ရက်နေ့က ထောင်ဝင်စာသွားတွေ့တုန်းက မှာလိုက်တာပါ”လို့ ဒေးဒရဲဒေသခံ ဒေါ်စိုးစိုးက ဧရာဝတီကို ပြောပါတယ်။

အခု တရားစွဲဆိုမှုဟာ ဒေးဒရဲမြို့နယ် အာဏာပိုင်တွေက ဦးထွန်းထွန်းဦးကို ၄ ကြိမ်မြောက် တရားစွဲခြင်း ဖြစ်ပါတယ်။ ယခင်ကလည်း ဒေးဒရဲမြို့နယ် တရားရုံးမှာ အမှု ၃ မှု တရားစွဲဆိုထားကြောင်း သိရပါတယ်။
အဲဒီအမှုတွေကတော့ ... 
ဒီရေတောစိုက်ရန် ခွင့်ပြုချက်မရဘဲ  ဟောပြောလှုံ့ဆော်မှု၊
 ခွင့်ပြုချက်မရဘဲ ဒီရေတောစိုက်ပျိုးမှု၊
 ခွင့်ပြုချက်မရဘဲ တကိုယ်တော်ဆန္ဒပြမှု

“ကိုထွန်းထွန်းဦးမှာက ကျွဲလည်းတကောင်မှ မရှိဘူး။ ကျွဲလည်းမကျောင်းတတ်ဘူး။ အဲဒါကို ကျွဲကျောင်းလို့ သစ်ပင် ၂၅၀၀ ပျက်စီးတယ်ဆိုတာ ဘယ်လိုမှကို ယုတ္တိမရှိဘူး။
အရင်ကတည်းကလည်း ဒေးဒရဲ အာဏာပိုင်တွေက ကိုထွန်းထွန်းဦးကို မကျေနပ်တာတွေရှိတယ်။ အခု ဦးဆန်းဆင့်ကိစ္စ ဆန္ဒပြအပြီးမှာ တခါတည်း လုပ်ကြံအမှုဖွင့်ပြီး ထောင်ထဲထည့်လိုက်တာ။
ကျနော်တော့ ဒီလိုပဲမြင်တယ်”လို့ အမည်မဖော်လိုတဲ့ ဒေးဒရဲမြို့နယ် တော်ကနိညောင်လိန်ကုန်းကျေးရွာက ဒေသခံတဦးက ပြောပြပါတယ်။

ထောင်ဝင်စာတွေ့တဲ့ကိစ္စနဲ့ပတ်သတ်လို့လည်း တပတ်မှာ စနေ ၁ ရက်ပဲ ထောင်ဝင်စာပေးတွေ့မှာဖြစ်ပြီး တကြိမ်မှာ လူ ၃ ဦးသာပေးတွေ့ဖို့ ဖျာပုံထောင်အာဏာပိုင်တွေက သတ်မှတ်ထားတယ်လို့ ဦးထွန်းထွန်းဦးရဲ့ မိတ်ဆွေတွေက ပြောပြပါတယ်။

ဒေးဒရဲဒေသခံတွေနဲ့ ဦးထွန်းထွန်းဦးတို့ ပူးပေါင်းပြီး ပင်လယ်ရေတိုက်စားမှုကာကွယ်ရန် ရည်ရွယ်ချက်နဲ့ ယခုနှစ် မေလအတွင်းက ကျုံဒါတ်ကျေးရွာအုပ်စုအတွင်းမှာ ဒီရေတောအပင်ပေါင်း တသိန်းနီးပါး စိုက်ပျိုးခဲ့ကြောင်း သိရပါတယ်။ 

အဲ့ဒီလို သစ်ပင်စိုက်တဲ့အတွက် ဒေသခံ ၂၄ ဦးဟာ ပုဒ်မ ၁၈၊ ပုဒ်မ ၄၄၇ တွေနဲ့ တရားစွဲခံထားရပြီး ဒေးဒရဲမြို့နယ်တရားရုံးမှာ အမှုရင်ဆိုင်နေရပါတယ်။

 တိုက်ဆိုင်မှုအနေနဲ့ကတော့ သစ်တောဌာနက ဦးထွန်းထွန်းဦးကို ပုဒ်မ ၆(၁) နဲ့ အမှုဖွင့်ခဲ့တဲ့ သြဂုတ်လ ၉ ရက်နေ့ဟာ ဒေးဒရဲမြို့မှာ သာသနာရေး ၀န်ကြီးဟောင်းနဲ့ ဧရာဝတီတိုင်းလွှတ်တော်ဥက္ကဌဟောင်း ဦးဆန်းဆင့်နဲ့ပတ်သတ်ပြီး ဆန္ဒပြပွဲပြုလုပ်တဲ့နေ့လည်း ဖြစ်ပါတယ်။

 ဦးဆန်းဆင့်ပြန်လည် လွတ်မြောက်ရေးအတွက် သူက ပုသိမ်၊ ဒေးဒရဲမြို့ဆန္ဒပြပွဲများမှာ  ဦးဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။


ဆလိုင်းသန့်စင်

ဆက်စပ်

သစ်ပင်စိုက်လို့ တရားစွဲတယ် 
http://blog.irrawaddy.org/2014/06/blog-post_5.html


ဦးဆန်းဆင့်အမှုကို ပွင့်လင်းမြင်သာစွာစစ်ဆေးဖို့ ဒေးဒရဲမှာ ပြောနေကြပြီ 
http://blog.irrawaddy.org/2014/08/blog-post_25.html
ကျွဲအကောင် ၅ဝ ကြောင့် ဒေးဒရဲ လူ့အခွင့်အရေးသမားထောင်ထဲရောက် 
http://blog.irrawaddy.org/2014/09/blog-post_34.html


.