yest

yes

Movie Category 1

Subscribe Us

Template Information

Test Footer 2

Movie Category 2

Movie Category 3

Pages

Powered by Blogger.
[4] [ဆောင်းပါး] [two] [ဆောင်းပါး]

Movies of The Week

Join This Site On Google Friend

[4] [သတင်း] [one] [သတင်း]
[4] [နည်းပညာ] [two] [နည်းပညာ]
[4] [နည်းပညာ] [one] [နည်းပညာ]

Blog Archive

Movie Category 5

Movie Category 4

မြ၀တီရောက် ထိုင်းကုန်တင်ကားကြီး ၃ဝ ကို ကရင်တပ်ဖွဲ့ ပိတ်ဆို့

| No comment

 ~




ကရင်ပြည်နယ် မြ၀တီမြို့မှာ စနေနေ့မနက်က ဖြစ်ပွားခဲ့တဲ့ ထူးခြားဖြစ်ရပ်တခုနဲ့ မြင်ကွင်း ဓာတ်ပုံတွေကို -
ကရင်အမျိုးသား (မီဒီယာ) ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာကနေ ကူးယူ ဖော်ပြပေးလိုက်ပါတယ်။
  • စက်တင်ဘာ - ၁၃ - ၂၀၁၄

တရားဝင်ခရီးသွားလက်မှတ်နှင့် မဲဆောက်ဘက် သွားသည့် မြန်မာခရီးသွားများကို ထိုင်းရဲများက နည်းမျိုးစံဖြင့် ဖမ်းဆီးကာ ငွေကြေးတောင်းခံသည့်အတွက် ယနေ့မြ၀တီသို့ဝင်ရောက်လာသည့် ထိုင်းကုန်တင်ကားကြီး အစီး၃၀ ခန့်ကို ကရင်ငြိမ်းချမ်းရေးကောင်စီ PC အဖွဲ့မှ ဗိုလ်မှူးကြီးတိုက်ဂါး ဦးဆောင်သည့်အဖွဲ့က ထွက်ခွာခွင့်မပေးဘဲ ပိတ်ဆို့လိုက်သည့် ဖြစ်ရပ်တခု ယနေ့မြ၀တီမြို့တွင် ဖြစ်ပွားခဲ့သည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်သွားသည့် မြန်မာခရီးသွားများကို နေ့စဉ်နီးပါး ငွေညှစ်နေသည့်အတွက် ယခုကဲ့သို့ လုပ်ဆောင်ရခြင်းဖြစ်သည်ဟု ဗိုလ်မှူးကြီးတိုက်ဂါးက ကရင်အမျိုးသား (မီဒီယာ)ကိုပြောသည်။

၎င်းက "နေ့တိုင်းပဲ ခံနေရတယ်။ တိုင်းရင်းသားတွေရော ဗမာရော အကုန်ခံနေရတယ်။ ဘယ်သူမှ တားဆီးပေးလို့မရဘူး။ ဒီနည်းလမ်းပဲ ရှိတယ်။ မြန်မာနိုင်ငံသားတွေ ခံနေရတာတွေကို ထိုင်းဘက်က တာဝန်ရှိသူတွေ သိစေချင်တယ်။ အကယ်၍နောက်ထပ်ဖြစ်အုံးမယ် ဆိုရင်တော့ ဒီထက်ကြီးတဲ့ တုန့်ပြန်မှုကို ထပ်လုပ်မယ်" ဟု ဆိုသည်။

နံနက် ၁၁ နာရီကစတင်ခဲ့သည့် ပိတ်ဆို့မှုကို မြ၀တီခရိုင် အုပ်ချုပ်ရေးမှူး  ဦးလွင်ကိုဦး- မြ၀တီမြို့ နယ် အုပ်ချုပ်ရေးမှူး ဦးးခင်မောင်ဇော်၊ မဲဆောက်- မြ၀တီမြို့နယ်အဆင့် နယ်ခြားကော်မတီ မြန်မာဘက်ခြမ်းဥက္ကဌ ဒုတိယဗိုလ်မှူးကြီးဝင်းထွန်းတို့က လာရောက် ညှိနှိုင်းဖြေရှင်းပေးခဲ့သဖြင့် ပိတ်ဆို့မှုကို မွန်းလွှဲ ၁ နာရီတွင် ရုပ်သိမ်းလိုက်သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မြ၀တီခရိုင်တာဝန်ရှိသူများနှင့် ထိုင်းဘက်ခြမ်း မဲဆောက်အပါအ၀င် တာ့ခ်ခရိုင် တာဝန်ရှိသူများ မနက်ဖြန် မြ၀တီမြို့ တွင် ဆွေးနွေးကြမည်ဖြစ်သည်။

အဆိုပါဖြစ်စဉ်ကြောင့် ဒေသခံမြန်မာစစ်တပ်က လုံခြုံ ရေးအတွက် တပ်ဖွဲ့ဝင်များ နေရာခွဲ၍ ချထားသဖြင့် စားသောက်ဆိုင်အချို့ နှင့် ဈေးဆိုင်များ ပိတ်ထားလိုက်ကြပြီး မလိုလားအပ်သော ဆိုကျိုးများဖြစ်ပေါ်လာမည်ကို စိုးရိမ်မှုများဖြစ်ရသည်ဟု အမှတ် ၄ ရပ်ကွက်မှ လဘက်ရည်ဆိုင်ပိုင်ရှင်တဦးက ဆိုသည်။

ကရင်ငြိမ်းချမ်းရေးကောင်စီ PC မှ ဗိုလ်မှူးကြီးတိုက်ဂါးက မနက်ဖြန်ထိုင်းနှင့်မြန်မာ နှစ်ဘက် တာဝန်ရှိသူများ၏ ဆွေးနွေးမှုများကို  စောင့်ကြည့်သွားမည် ဟုလည်း ဆိုသည်။

မနက်ဖြန် မြန်မာနှင့်ထိုင်း တာဝန်ရှိသူများ၏ ဆွေးနွေးပွဲရလဒ်များကို ဆက်လက်ဖော်ပြပေးသွားပါမည်။


.