yest

yes

Movie Category 1

Subscribe Us

Template Information

Test Footer 2

Movie Category 2

Movie Category 3

Pages

Powered by Blogger.
[4] [ဆောင်းပါး] [two] [ဆောင်းပါး]

Movies of The Week

Join This Site On Google Friend

[4] [သတင်း] [one] [သတင်း]
[4] [နည်းပညာ] [two] [နည်းပညာ]
[4] [နည်းပညာ] [one] [နည်းပညာ]

Blog Archive

Movie Category 5

Movie Category 4

နှင်းသီရိအောင် နဲ့ ပရဟိတ

| No comment

 ~



“ပရဟိတဆိုတာ သူများကောင်းကျိုး လုပ်တာဖြစ်သလို ကိုယ့်အတွက်လည်း ကောင်းပါတယ်”

နှင်းသီရိအောင်၊
အသက် ၁၇ နှစ်၊
ပထမနှစ်၊ ရုက္ခဗေဒ အထူးပြု၊၊ 
ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်၊ သန်လျင်။

ညီမရဲ့ အနာဂတ်အိပ်မက်စိတ်ကူးကတော့ အရမ်းတော်တဲ့ Tourist Guide တယောက် ဖြစ်ချင်တာပါ။ ညီမက English Language ကို လေ့လာနေပါတယ်။ လက်ရှိမှာ ညီမ Speaking တွေ တက်နေတယ်။ အင်္ဂလိပ်စာဆရာ တယောက်ဆီမှာ လည်း Grammar သင်နေပါတယ်။

အင်္ဂလိပ်စာက အရမ်းအရေးပါပါတယ်။ တကမ္ဘာလုံးသုံးနေတာဆိုတော့ တော်တော်အရေးပါတယ်။ ဒီနေ့ခေတ်မှာ သူများတွေတတ်နေသလို ကိုယ်မတတ်လို့ မဖြစ်ဘူးလေ။ English Language အပြင် နောက်ထပ် လေ့လာချင်တာကတော့ Korea Language ပါ။ ဘာလို့လဲဆိုေ
တာ့ ညီမက
  ကိုးရီးယားဘာသာစကားကို ဝါသနာပါတယ်။ လောလောဆယ်တော့ မလေ့လာဖြစ်သေးပါဘူး။

ညီမရဲ့ ဝါသနာကတော့ သီချင်းဆိုရတာပါ။ ပရဟိတအလုပ်တွေ လုပ်ရတာလည်း ဝါသနာပါတယ်။ သီချင်းဆိုရင် ညီမက Pop သီချင်းအေးအေးလေးတွေ ကြိုက်တယ်။ အဆိုတော်တွေထဲမှာဆိုရင် ဝိုင်းစုခိုင်သိန်းကို ကြိုက်တယ်။ အခု ဝိုင်းစုခိုင်သိန်းရဲ့ အာဘွား သီချင်းခွေထဲက သီချင်းတွေ နားထောင်ဖြစ်ပါတယ်။

ညီမက စာအုပ်ဖတ်ရတာလည်း ဝါသနာပါတယ်။ ဘယ်လိုစာအုပ်တွေဖတ်ဖြစ်လဲဆိုတော့ ဟာသနှောတဲ့ စာအုပ်တွေ ဖတ်ဖြစ်တယ်။ ညီမအမေဝယ်လာတဲ့ ဂျာနယ်တွေ၊ ပြီးတော့ ဝတ္ထုတွေ ဖတ်ဖြစ်ပါတယ်။

ကိုယ့်အတွက် ဗဟုသုတရအောင် ဘာတွေလေ့လာဖြစ်လဲဆိုတော့ ညီမ ဦးလေးနဲ့ အဖိုးက အင်္ဂလိပ်စာ အရမ်းကောင်းတော့ သူတို့ဆီကနေ သင်ယူပါတယ်။ ညီမက ကျောင်းမှာ ရုက္ခဗေဒမေဂျာယူထားတာ ဆိုတော့ အပင်တွေအကြောင်းကို စိတ်ဝင်စားပါတယ်။ အိမ်မှာလည်း အမေက အပင်တွေစိုက်တယ်လေ။ ညီမက အပင်တွေ ကြည့်နေရရင် ပျော်တယ်။

ညီမက K-Pop သီချင်းတွေ နားထောင်ရတာ အရမ်းကြိုက်ပါတယ်။ K-Pop Band တွေထဲမှာဆိုရင် ယောကျာ်းလေး K-Pop အဖွဲ့ “EXO” နဲ့ မိန်းကလေးအဖွဲ့ “Girls Generation” ကို အကြိုက်ဆုံးပါ။ ကိုးရီးယား ဇာတ်လမ်းတွဲတွေ ကြည့်ရတာလည်း ကြိုက်ပါတယ်။ လက်ရှိမှာဆိုရင် အခု တီဗီမှာလွှင့်နေတဲ့ “မိန်းမသားလေး ကျမ” ဆိုတဲ့ ဇာတ်လမ်းတွဲကို ကြိုက်ပါတယ်။ ညီမက အဲဒါကြောင့် Korea Language ကို လေ့လာချင်တာပါ။ Korea Actor တွေထဲမှာ F4 ချစ်သူ ဇာတ်လမ်းတွဲထဲက ဂူဂျွန်ဖြိုးကို အကြိုက်ဆုံးပါ။

အခု ကိုးရီးယားခေတ်ရေစီးကြောင်းနဲ့ ပတ်သက်ပြီး K-Pop ကို အမျိုးမျိုး ဝေဖန်ချက်တွေရှိနေတဲ့အပေါ် ညီမ အမြင်ပြောရရင် ဒါကတော့ လူတယောက်နဲ့ တယောက်က အကြိုက်ချင်းမတူဘူးလေ။ ကောင်းတဲ့အမြင်ရှိသလို မကောင်းမြင်တာလည်း ရှိနိုင်ပါတယ်။

ညီမ အားတဲ့အချိန်ဆို အင်္ဂလိပ်စာနဲ့ ပတ်သက်ပြီး စာအုပ်တွေဖတ်ဖြစ်တယ်။ ညီမက Speaking ဘက်ကို အားသန်တော့ Speaking နဲ့ ပတ်သက်တဲ့ စာအုပ်တွေ လေ့လာပါတယ်။ ပြီးတော့ ညီမရဲ့ ညီမလေးကို စာသင်ပေးပါတယ်။ ညီမ အားကစားမှာဆိုရင် ရေကူးတာ အရမ်းကြိုက်တယ်ရှင့်။ ဒါပေမယ့် ညီမ နေတဲ့နေရာမှာ ရေကူးကန် မရှိတော့ အဝေးကြီးသွားရတယ်လေ။ ရေကူးရင်တော့ ကန်တော်ကြီးနဲ့ ပြည်သူ့ရင်ပြင်မှာ သွားကူးဖြစ်တယ်။

ညီမက လူငယ်ဘဝကို ဘယ်လိုမြင်လဲဆိုတော့ လူငယ်ဘဝကတော့ ဘယ်သူမဆို ဖြတ်သန်းရမှာပဲ။ ပျော်စရာတွေ ရှိသလို စိတ်ဆင်းရဲစရာတွေလည်း ရှိမှာပါ။ အဲဒီအပေါ်မှာမှ အကောင်းဆုံး ဖြတ်သန်းရမှာပေါ့နော်။

ညီမက ဘယ်လိုဖက်ရှင်မျိုးကြိုက်လဲဆိုတော့ ညီမက လူငယ်ပေမယ့် အရမ်းဟော့ဟော့ကြီးတွေ ဝတ်ရတာ မကြိုက်ဘူး။ ပြီးတော့ သာမန် မြန်မာအမျိုးသမီးတွေ ဝတ်သလိုပဲ ရင်ဖုံးနဲ့ ထမီဝတ်ရတာပဲ ကြိုက်ပါတယ်။

ညီမက ပရဟိတကို ရှစ်တန်းလောက်မှ စလုပ်ခဲ့တာပါ။ ညီမ သူငယ်ချင်းတယောက်က ဓမ္မစကူးမှာ စာသင်တယ်လေ။ အဲဒီကိုရောက်တော့ ကလေးတွေကို စာသင်တာ အရမ်းပျော်ဖို့ကောင်းတယ်။ အဲဒီနောက် ညီမ ကျောင်းတွေမှာ သန့်ရှင်းရေးလုပ်တာတွေ၊ အဲဒီလိုပရဟိတအလုပ်တွေ လုပ်ဖြစ်တယ်။

ပရဟိတက ပျော်ဖို့ကောင်းတယ်။ လူတွေအများကြီးနဲ့ အလုပ်လုပ်ရတာလေ။ အလုပ်လုပ်ရင်းနဲ့ သီချင်းတွေ ဆိုကြတယ်။ ကိုယ်လုပ်တဲ့အလုပ် ပြီးသွားရင် အရမ်းပီတိဖြစ်ပြီး ဝမ်းသာရတဲ့ ခံစားမှုမျိုးရပါတယ်။ ပရဟိတ လုပ်တယ်ဆိုတာ မကောင်းတဲ့အလုပ်မဟုတ်ဘူး။ သူများကောင်းကျိုး လုပ်တာလည်းဖြစ်သလို ကိုယ့်အတွက်လည်း ကောင်းပါတယ်။


သီဟတိုး

 


ခေတ်တိုင်းခေတ်တိုင်းမှာ လူငယ်ဆိုတာသူတို့ ဖြတ်သန်းရတဲ့ ခေတ်အခြေအနေ၊ ကြုံတွေ့ရတဲ့ စီးပွားရေး၊ နိုင်ငံရေး ဘယ်လိုပဲကွာခြားကွာခြား မျှော်လင့်ချက်တွေ၊ လန်းဆန်းတက်ကြွမှုတွေနဲ့ နောင်တချိန်မှာ လူကြီး ဖြစ်ဖို့ အားယူနေကြတဲ့သူတွေချည်းပါ။ လူငယ်တွေ လျှောက်တဲ့လမ်းမှာ ခေတ်ရေစီး အပြောင်းအလဲ အတက် အကျတွေ တပါတည်း ပါလာတတ်စမြဲဖြစ်ပါတယ်။ ဒါကြောင့် လူငယ်တွေပြောတဲ့ စကားတွေကနေတဆင့် ဒီနေ့ခေတ်ဘဝနေနည်း ပုံစံကွဲလွဲမှု၊ ခေတ်ရေစီး အပြောင်းအလဲ စတာတွေကိုလေ့လာပြီး သူတို့ရဲ့အသံတွေကို The Irrawaddy က အပတ်စဉ်ဖော်ပြသွားမှာ ဖြစ်ပါတယ်။


The Irrawaddy ဂျာနယ်မှာ ဖော်ပြထားပြီးသားပါ။
ဂျာနယ်တွေကို http://burma.irrawaddy.org/journals မှာ PDF ဖိုင်အနေနဲ့ ရယူ ဖတ်ရှုနိုင်ပါတယ်။



   
ဆက်စပ်


အဆိုတော်၊ သရုပ်ဆောင်ဖြစ်ချင်တဲ့ လုပ်ငန်းရှင် 
http://blog.irrawaddy.org/2014/04/blog-post_9807.html
.