yest

yes

Movie Category 1

Subscribe Us

Template Information

Test Footer 2

Movie Category 2

Movie Category 3

Pages

Powered by Blogger.
[4] [ဆောင်းပါး] [two] [ဆောင်းပါး]

Movies of The Week

Join This Site On Google Friend

[4] [သတင်း] [one] [သတင်း]
[4] [နည်းပညာ] [two] [နည်းပညာ]
[4] [နည်းပညာ] [one] [နည်းပညာ]

Blog Archive

Movie Category 5

Movie Category 4

မြောက်ကိုရီးယားရောက် အမေရိကန်လူငယ်ကို အလုပ်ကြမ်းနဲ့ထောင် ၆ နှစ်ချ

| No comment

၂၄ နှစ်အရွယ် အမေရိကန်အမျိုးသားတဦးကို သူလျှိုလုပ်မယ့်ရည်ရွယ်ချက်နဲ့ နိုင်ငံထဲ တရားမဝင် ဝင်လာတယ် ဆိုပြီး မြောက်ကိုရီးယားတရားရုံးချုပ်က အလုပ်ကြမ်းနဲ့ထောင် ၆ နှစ် ချလိုက်ပါတယ်။
တနင်္ဂနွေနေ့မှာပါ။

အမှုကို စစ်ဆေးကြားနာချိန် မိနစ် ၉၀ ပဲ ကြာပါတယ်လို့ ဧရာဝတီအင်္ဂလိပ်ပိုင်း စာမျက်နှာ သတင်းတပုဒ် http://www.irrawaddy.org/asia/us-man-north-korea-given-6-years-hard-labor.html မှာ ရေးပါတယ်။

သူ့နာမည်က Matthew Miller, ကယ်လီဖိုးနီးယားပြည်နယ်  Bakersfield ဆိုတဲ့ မြို့ကြီးကပါ။

သူက ဧပြီ ၁၀ ရက်နေ့ ပြုံယမ်းလေဆိပ်အရောက်မှာ တိုးရစ်ဗီဇာကို ဆုတ်ဖြဲလိုက်တယ်၊ မြောက်ကိုရီးယားရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို လျှို့ဝှက်လေ့လာရေးရည်ရွယ်ချက်နဲ့ ထောင်သွင်းအကျဉ်းချခံရအောင် လုပ်တယ် ဆိုပြီး တရားရုံးမှာ သူ့ကို စွဲချက်တင်ပါတယ်။

သူကတော့ တရားခွင်မှာ စစ်ဆေး ကြားနာစဉ် ကာလအတွင်း စိတ်လှုပ်ရှားမှုတစုံတရာ ပြသခြင်း မရှိပါဘူး။

  မြောက်ကိုရီးယားကို သူဝင်လာရာမှာ ခိုလှုံခွင့်ရယူဖို့ ရည်ရွယ်ချက် ရှိတယ်လို့ ယူဆရတယ်၊ သူ့ရဲ့  iPad,  iPod တွေထဲမှာ တောင်ကိုရီးယားအခြေစိုက် အမေရိကန် စစ်စခန်းတွေအကြောင်း လျှို့ဝှက်သတင်းအချက်အလက်တွေ ရှိတယ်ဆိုပြီး လိမ်ညာခဲ့တယ်လို့ စွဲဆိုပါတယ်။

သူအပါအ၀င် စုစုပေါင်း အမေရိကန် ၃ ဦးကို မြောက်ကိုရီးယားက ထိန်းသိမ်းထားပါတယ်။

 Jeffrey Fowle ဆိုတဲ့ ခရီးသည်ကတော့ သမ္မာကျမ်းစာအုပ်ကို သူတည်းခိုတဲ့နေရာမှာ ချန်ထားခဲ့တဲ့ အမှုနဲ့ အဖမ်းခံရသူပါ။
နောက်တယောက် Kenneth Bae ဆိုသူကတော့ ထောင် ၁၅ နှစ် ချခံထားရတဲ့ သာသနာပြုတဦး ဖြစ်ပါတယ်။


မူရင်း


US Man in North Korea Given 6 Years of Hard Labor
http://www.irrawaddy.org/asia/us-man-north-korea-given-6-years-hard-labor.html



 


.