yest

yes

Movie Category 1

Subscribe Us

Template Information

Test Footer 2

Movie Category 2

Movie Category 3

Pages

Powered by Blogger.
[4] [ဆောင်းပါး] [two] [ဆောင်းပါး]

Movies of The Week

Join This Site On Google Friend

[4] [သတင်း] [one] [သတင်း]
[4] [နည်းပညာ] [two] [နည်းပညာ]
[4] [နည်းပညာ] [one] [နည်းပညာ]

Blog Archive

Movie Category 5

Movie Category 4

နိုင်ငံကူးလက်မှတ်မှောင်ခိုဂိုဏ်း ဘန်ကောက်မှာ ဖမ်းမိ

| No comment
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ  ပတ်စ်ပို့ အတုတွေ ရောင်း နေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ထိုင်း အမျိုးသမီး ၂ ဦးနဲ့ ပါကစ္စတန် အမျိုးသား ၂ ဦးကို သက်ဆိုင်ရာက ဖမ်းဆီးလိုက်ပါတယ်။ 


 ဖမ်းမိတဲ့ ပါ့စ်ပို့များ၊ ဓာတ်ပုံ- ဘန်ကောက်ပို့စ်

ပါကစ္စတန်နိုင်ငံသား ၂ ဦးဖြစ်တဲ့ Shahzad Nazeer Butt,  Khawaja Rizwan Haleem တို့နဲ့အတူ သူတို့ရဲ့ ထိုင်းလူမျိုး ဇနီးသည်တွေဖြစ်တဲ့ Orawan, Nongrak Rakwongsri တို့ကို ထိုင်း အထူးစုံစမ်းရေးတပ်ဖွဲ့ DSI က သြဂုတ်လ ကုန်ပိုင်း ကတည်းက ဖမ်းဆီးခဲ့တာပါ။ 

  DSI ရဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ ရာဇဝတ်မှုရုံးအကြီးအကဲ Songsak Ruksrisakul က ပြော တာကို ဘန်ကောက်ပို့စ်ရဲ့ စက်တင်ဘာ ၄ ရက်နေ့ သတင်းတပုဒ်မှာ ရေးထားပါတယ်။ 

အခုဖမ်းဆီးလိုက်တဲ့ လူ ၄ ဦးတို့ဟာ ဘန်ကောက်ရဲ့ လူစည်ကားတဲ့ ပတူနမ် ( ခေါ် ) ပလက်တီနမ် ရှော့ပင်းမော အနီးမှာ နှစ်ပေါင်း ၂ဝ ကျော်ကြာ စားသောက်ဆိုင်ဖွင့်ထားကြတယ် လို့ သူက ဆိုပါတယ်။ 

အဲဒီ စားသောက်ဆိုင်ကို သူတို့ရဲ့ စီးပွားရေး လုပ်ငန်းအဖြစ် ပြပြီး တဖက်မှာ နိုင်ငံကူးလက်မှတ် အရောင်း အဝယ်တွေ လုပ်နေတာလို့ Songsak Ruksrisakul က ပြောပါတယ် ။ 

သူတို့ဟာ နိုင်ငံခြားသားတွေဆီက ခိုးယူလာတဲ့ပတ်စ်ပို့တွေကိုလည်း ဝယ်ခဲ့ပြီး အချက်အလက်တွေ ပြောင်းလဲပြီး ထုတ်ရောင်းတယ်၊  ပုံစံတူ  ပတ်စ်ပို့တွေကိုလည်း လုပ်ရောင်းတယ်၊ ပါတယ် တဲ့။   

သူတို့ဖောက်သည်တွေကလည်း ထိုင်းနိုင်ငံတွင်းကရော၊ ထိုင်းနိုင်ငံပြင်ပတွေမှာပါ ကျယ်ကျယ်ပြန့်ပြန့် ရှိတယ်လို့ ဆိုတယ်။

သူတို့ရဲ့ စားသောက်ဆိုင်၊ နေထိုင်တဲ့ တိုက်ခန်းတွေကို သွားရောက်ရှာဖွေ စစ်ဆေးမှုတွေ လုပ်ခဲ့တော့ အခိုးခံထားရတဲ့ အီတလီ ပတ်စ်ပို့တွေ၊ ပတ်စ်ပို့အတုမှာ သုံးတဲ့ ဓာတ်ပုံတွေ၊ ဗီဇာ အတုတွေ၊ မှတ်ပုံတင်ကတ်အတုတွေ၊ ယာဉ်မောင်းလိုင်စင်တွေနဲ့ နိုင်ငံပေါင်း ၄၂ နိုင်ငံကျော်က ပတ်စ်ပို့စာအုပ် အဖုံးတွေကိုလည်း သက်သေ အဖြစ် သိမ်းဆည်းခဲ့တယ်လို့ Mr Songsak က ဆိုပါတယ်။ 
ပါကစ္စတန် အမျိုးသား ၂ ဦးနဲ့ သူတို့ရဲ့ ဇနီးသည် ထိုင်းအမျိုးသမီး ၂ တို့ကတော့ ပါ့စ်ပို့အတုလုပ်မှု၊ ရောင်း ဝယ်ဖောက်ကား မှု တွေနဲ့ တရားရင်ဆိုင်ရဖို့ ရှိပါတယ်။ 

စုံစမ်းစစ်ဆေးသူတွေကလည်း ဒီလို မှောင်ခိုဂိုဏ်းမှာ ပါဝင်တဲ့သူတွေကို ဆက် လက်စုံစမ်းနေကြပြီး လက်ရဖမ်းမိနိုင်ရေး ကြိုးစားနေကြတယ်လို့ ဆိုပါတယ်။ 

ပတ်စ်ပို့ အတု၊ ပတ်စ်ပို့ အစစ်ကို ကပ်ခွာလို့ ခေါ်တဲ့ အမည်နဲ့ အချက်အလက်ပြောင်းလဲတဲ့ ကိစ္စတွေနဲ့ပတ် သက်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့က အလွန်နာမည်ကြီးပါတယ်။ 

ပြီးခဲ့တဲ့ မတ်လဆန်းက မလေးရှားလေကြောင်းလိုင်း MH 370 လေယာဉ်ပျောက်ဆုံးမှုမှာ နိုင်ငံကူး လက်မှတ် အတု ကိုင် ဆောင်လိုက်ပါသွားတဲ့ ခရီးသည် ၂ ဦးကိစ္စမှာ ထိုင်း DSI တွေလည်း ပတ်စ်ပို့ ဂိုဏ်းတွေ ကို ခြေရာခံ လိုက်ပြီး အပြင်အထန် နှိမ်နင်းမှုတွေ လုပ်လာနေပါတယ်။ 


အိမ့်သံစဉ် ~