yest

yes

Movie Category 1

Subscribe Us

Template Information

Test Footer 2

Movie Category 2

Movie Category 3

Pages

Powered by Blogger.
[4] [ဆောင်းပါး] [two] [ဆောင်းပါး]

Movies of The Week

Join This Site On Google Friend

[4] [သတင်း] [one] [သတင်း]
[4] [နည်းပညာ] [two] [နည်းပညာ]
[4] [နည်းပညာ] [one] [နည်းပညာ]

Blog Archive

Movie Category 5

Movie Category 4

ဂိမ်းပွဲတော် နဲ့ အသံတချို့

| No comment

 ~


  ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံလေလုံအားကစားရုံမှာ စနေနေ့က ကျင်းပခဲ့တဲ့ မြန်မာဂိမ်းပွဲတော် မြင်ကွင်းများ ဖြစ်ပါတယ်။


  •  (ဓာတ်ပုံများ - သော်ဟိန်းထက်/ဧရာဝတီ)


  ဂိမ်းတွေ၊ ရုပ်ရှင်တွေ၊ ၀တ္ထုတွေထဲက စိတ်ကူးယဉ်ဇာတ်ကောင်တွေအတိုင်း   ပြင်ဆင် ဝတ်စားတဲ့  အစီအစဉ်လည်း ပါဝင်တဲ့ ဒီပွဲတော်မြင်ကွင်းတွေကို ဧရာဝတီဖေ့စ်ဘုတ် https://www.facebook.com/IrrawaddyBurmese  မှာ တင်ပြီးနောက်ပိုင်း  စာဖတ်သူ အများအပြား ပေးထားတဲ့ မှတ်ချက်တွေထဲက တချို့ကို ကောက်နုတ် ဖော်ပြလိုက်ပါတယ်။

ဒို့နိုင်ငံကြီးအဖက်ဖက်က ကြရှုံးနေချိန်မှာ လုပ်စရာအလုပ်တွေအများကြီးရှိတယ် မတိုးတက်သေးတဲ့အတွက်ဒါမျိုးတွေမလုပ်သင့်သေးဘူး
ခုခေတ်လူငယ်တွေကဒါတွေပဲသိတော့တာတခြားအကျိုးရှိမယ့်အရာတွေမှာ ဗဟုသုတ တော်တော်ခေါင်းပါးသွားပြီ။ရင်မအေးစရာ


ဂိမ်းတစ်ခုချင်းစီမှာ ထူးခြားချက်တွေ ရှိတယ် ... တီးလုံးတွေ တေးသံတွေ အတွက် သံစုံတီးဝိုင်းကြီးတွေကို ဒေါ်လာသန်းနဲ့ချီ ငှားရမ်းတီးခတ်နေကြတဲ့ခောတ်ပါဗျာ ....
Cosplay ကို အရှက်မရှိဘူး? အရှက်မရှိဘူးလို့ပြောရအောင် ဒီ cosplayer တွေက နေ့တိုင်း ဒီလိုပုံစံနဲ့ လမ်းသလားနေလို့လားဗျာ။
 ကိုယ့် ဝါသနာနဲ့ ကိုယ်လေ ဗျာ ။ K pop ကြိုက်လို့ Anime ကြိုက် လို့ game ကြိုက်လို့သာ  မျိုးချစ်မဖြစ်ရဘူးဆို Tom n Jerry ကြည့်တဲ့  ကလေးတွေရော? ပြီးတော့နိုင်ငံခြားဘောလုံးသမားကိုကြိုက်တဲ့သူတွေရော? ဘယ်လို လုပ်ရမှာလဲ။ နောက် ပြီးတော့ အခု cosplayer, gamer k poper j poper တွေ ထဲ မှာကိုယ့် ပိုက်ဆံနဲ့ ကိုယ် စုပြီး ကိုယ်ကြိုက်တာလုပ်နေကြတာအများကြီးပါဗျာ။ အကုန်လုံးကိုတော့ သိမ်းကြုံးမပြောစေချင်ဘူး။ပြီးတော့ တိုင်းပြည်မှာလုပ်စရာအများကြီး ရှိတာသိပါတယ်။ အခု coser, otaku, gamer, k poper အကုန် လုံးကလည်း ဒါတွေ ချည်းလုပ်နေတာမှမဟုတ်တာ။

 
gamerတွေကပဲ မျိုးမချစ်သလိုလိုနဲ့ သူတို့ပြောပုံက မသိရင်ပဲ အလုပ်အကိုင်မရှိအားယားလို့ game ဆော့တာမဟုတ်ဘူး။
ဂိမ်းဆော့တာနဲ့ အလုပ်မရှိကိုင်မရှိဖြစ်ရောလားလို့

.......မနက်အလုပ်ဆင်းတယ်ညဘက်ဂိမ်းဆော့တယ်....ဘာပြောမလဲ...အလုပ်မရှိအကိုင်မရှိလား.


ဘာတွေဖြစ်ကုန်ကြမှန်းကိုမသိတော့ဘူး ကိုယ်ပဲလိုက်မမှီတော့တာလားတော့မသိဘူး

အားလုံး ကိုယ် crazy ဖြစ်တဲ့ ဟာရှိတာပဲ။ ကိုယ်ချင်းစာပါ


 အလုပ်လဲ လုပ်တယ် ဂိမ်းလဲဆော့တယ် ... စီးပွားလဲ ရှာတက်တယ် ...


ဘယ်သူတွေဘယ်လိုပဲပြောကြပစေပေါ့ တို့ကတော့ လေးနဲ့မြှား ကိုင်တဲ့သူလေးကို LIKE....

ကျွန်တော်တို့ Cosplay လုပ်တဲ့နေရာမှာ အတိုတွေ အဖော်တွေ ပါပေမယ့်ညစ်ညမ်းစိတ်ဓာတ်တွေမပါဘူးဗျ။

Game ဆော့တယ်? ဟုတ်ကဲ့။ ဆော့ပါတယ်။ ခင်ဗျားတို့တွေလည်း ဆော့ကြတာပဲမှတ်လား? "Candy Crush ပဲဆော့တာ။ Game ဆော့တာ ဟုတ်ဘူး" လို့တော့ ပြောနဲ့လေဗျာ။

ကလေးကလားတွေ၊ ကာတွန်းပဲ ကြည့်နေတယ်? ဟုတ်ကဲ့။ ကာတွန်းကြည့်တာက သူများလင်ကိုလု၊ သူများမိသားစုတွေကို ဖျက်ဆီး၊ စိတ်ပုပ်စိတ်ယုတ်မွေးတွေပါတဲ့ ရုပ်ရှင်တွေထက် သာပါတယ်ဗျာ။











.