yest

yes

Movie Category 1

Subscribe Us

Template Information

Test Footer 2

Movie Category 2

Movie Category 3

Pages

Powered by Blogger.
[4] [ဆောင်းပါး] [two] [ဆောင်းပါး]

Movies of The Week

Join This Site On Google Friend

[4] [သတင်း] [one] [သတင်း]
[4] [နည်းပညာ] [two] [နည်းပညာ]
[4] [နည်းပညာ] [one] [နည်းပညာ]

Blog Archive

Movie Category 5

Movie Category 4

ယစ်မျိုးခွန်ကြောင့် အရက်သမားတွေ ဘယ်လို ထိခိုက်နစ်နာနေသလဲ

| No comment
.

ယစ်မျိုးခွန်တွေ မြှင့်လိုက်တော့ ရွှေပြည်ကြီးမှာ မအိုဆေး သုံးသူတွေ အခက်တွေ့ကြရတော့မယ်။ တချို့က သေရည် အရက်ကို မအိုဆေး တဲ့။ 






အသက် အရွယ်အိုမင်းအောင်ထိပင် မနေနိုင်အောင် အစွမ်းထက်တဲ့ သေရည်အရက်ကို ကင်ပွန်းတပ်ထားတာပါ။ 

အခုတော့ အစိုးရမင်းများ၊ လွှတ်တော်အမတ်မင်းများရဲ့ ရင်နှစ်သည်းချာ ပြည်သူတွေ မအိုဆေး သေရည် အရက်ကို သုံးစွဲပြီး အသက်တိုမယ့်အရေး အကာအကွယ်ပေးပုံက အလွန်ပဲ ထိရောက်တယ်လို့ ပြောရမယ် ထင်ပါတယ်။ ယစ်မျိုးခွန် မြင့်လိုက်တော့ အရက်ဈေးတွေကလည်း ခုန်တက်ကုန်ပါပြီ။ 

ဒီအပြင် အတုတွေလည်း ပိုပေါလာနိုင်ပါတယ် တဲ့။ အရင်ကတည်းက မြန်မာနိုင်ငံဟာ အတု လုပ်တဲ့နေရာမှာ နာမည်ကြီးတာ အခုလို အရက်ခွန် မြင့်လို့ အရက်ဈေး ကြီးတဲ့အခါ ဈေးကြီးကြီး အရက်အတုတွေ ဈေးကွက်မှာ ပေါများလာမှာ အသေအချာပါပဲ တဲ့။ 

အရက်ဆိုင်တွေလည်း ပိတ်လိုက်ကြတာ အစီအရီ။ အရက်သမားတွေလည်း အရက်ဆိုင်တွေ ပျောက်ကုန်တော့ လိုက် ရှာသောက်ရတာ အတော်ခရီးပန်းကြဆိုသကိုး။

အရက် ဈေးက အဆမတန်ကြီးသွားတော့ ကိုယ်ရွှေအရက်သမားတွေလည်း ကိုယ်သောက်နေကျ အတိုင်း အဆထိ သောက်ဖို့ ဆိုတာ လက်ထဲက ငွေစလေးနဲ့ ချိန်လိုက်တော့ မစို့မပို့ပဲ အာ ဂတွင်းမတွေ့ကြ၊ ရေချိန် မကိုက်ရတော့ဘူး တဲ့။ 

အရက်ကြိုက်သူတွေအတွက်တော့ သတင်းဆိုးကြီးဖြစ်နေပေါ့။



 ပြဿနာက ဒါနဲ့ပြီးမသွားပါဘူး။ 

ရန်ကုန်က ကိုယ်ဝန်ဆောင်မိခင်တွေလည်း ဒီကိစ္စရိုက်ခတ်ကုန်ပါသတဲ့။ 

ကိုယ်ဝန်ဆောင်တွေက သန္ဓေသား အသားအရေလှဖို့၊ သန့်ရှင်းဖို့၊ ကလေးမွေးတဲ့အခါ လွယ်ကူဖို့ ရိုးရာ အရ အုန်းရည် သောက်ကြတာပါ။ 

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ စက်တင်ဘာလဆန်းက အတည်ပြု ပြဋ္ဌာန်းလိုက်တဲ့  ယစ်မျိုးခွန်ဥပဒေမှာ အုန်းရည်ကိုလည်း ယမကာ စာရင်းထဲတွင် ထည့်သွင်းထားလိုက်ပါတယ်။ 

ယစ်မျိုးခွန် ဥပဒေမှာ ရှင်းရှင်း ရေးထားသလိုနဲ့ မရှင်းမရှင်း ဖြစ်နေတဲ့အတွက် အခု အုန်းရည် ကလည်း ယစ်မျိုး စာရင်းဝင် ဖြစ်သွားတော့ ကိုယ်ဝန်ဆောင်တွေလည်း အရက်သမားတွေနဲ့ ဘ၀တူ ဖြစ်ကုန်ပါပြီလို့ ရွှေမြို့တော် ရန်ကုန်မြို့ လမ်းဘေးတွေပေါ် ပျံ့ကျဲလာတဲ့ စကားလုံးတွေက ဆိုပါတယ်။ 

အုန်းရည်ဆိုင်တွေကရော ယစ်မျိုးခွန်ဆောင်ရတော့မှာပဲ ဆိုပြီး မဖွင့်ကြတော့ဘူးလား၊  အုန်းရည်ဈေးကလည်း ချက်ချင်းဆိုသလို ခုန်ပျံကျော်လွှားသွားတော့မှာလား၊  ရန်ကုန်က ကိုယ်ဝန်ဆောင်တွေ အုန်းရည်သောက်ဖို့ အခက်တွေ့နေကြနေလေသလား ဆိုတာလည်း မေးစရာ ဖြစ်နေပါတယ်။ 



အိမ့်သံစဉ် ~