yest

yes

Movie Category 1

Subscribe Us

Template Information

Test Footer 2

Movie Category 2

Movie Category 3

Pages

Powered by Blogger.
[4] [ဆောင်းပါး] [two] [ဆောင်းပါး]

Movies of The Week

Join This Site On Google Friend

[4] [သတင်း] [one] [သတင်း]
[4] [နည်းပညာ] [two] [နည်းပညာ]
[4] [နည်းပညာ] [one] [နည်းပညာ]

Blog Archive

Movie Category 5

Movie Category 4

စင်္ကာပူနိုင်ငံရေးသမားတွေအကြောင်း မှတ်တမ်းရုပ်ရှင်ကို စင်္ကာပူမှာ ပိတ်ပင်

| No comment

 ~




ပြည်ပမှာ နှစ်ပေါင်းများစွာခိုလှုံနေကြတဲ့ စင်္ကာပူနိုင်ငံရေးသမားတွေအကြောင်း ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ကို စင်္ကာပူမှာ ပိတ်ပင်လိုက်ပါတယ်။




  • သြဂုတ်လမှာ တွေ့ရတဲ့ စင်္ကာပူ စီးပွားရေးရပ်ကွက် အဆောက်အအုံများ (Photo: Reuters)

ပိတ်ပင်ရခြင်းရဲ့ အကြောင်းပြချက်ကတော့ ဒီမှတ်တမ်းကားက နိုင်ငံရဲ့လုံခြုံရေးကို ထိပါးရာရောက်တဲ့အတွက်ပါ တဲ့။

ပိတ်ပင်တဲ့အဖွဲ့က မီဒီယာဖွံ့ဖြိုးရေးအာဏာပိုင်အဖွဲ့ (MDA) ဖြစ်ကြောင်း ဧရာဝတီသတင်းစာမျက်နှာ
http://www.irrawaddy.org/asia/singapore-bans-documentary-political-exiles.html မှာ ရေးပါတယ်။

 မိနစ် ၇ဝ ကြာ ဒီဇာတ်ကားက To Singapore, With Love လို့ အမည်ရပါတယ်။

ဒီဇာတ်ကားရဲ့ ဒါရိုက်တာလည်းဖြစ် ထုတ်လုပ်သူလည်း ဖြစ်တဲ့ Tan Pin Pin  ဆိုတဲ့ အမျိုးသမီးက ဒီပိတ်ပင်မှုကြောင့် စိတ်ပျက်မိတယ်လို့ ဆိုတယ်။

ဒီလို လုပ်လိုက်ခြင်းအားဖြင့် ကျမတို့ စင်္ကာပူနိုင်ငံသားတွေ ဒီဇာတ်ကား ကြည့်ခွင့် မရတော့ဘူး၊ ဒီဇာတ်ကားက ပေးလာမယ့် ကျမတို့ရဲ့ အတိတ်အကြောင်းကို ပြောဆိုခွင့် မရတော့အောင် MDA က ပိတ်ပင်လိုက်ခြင်းပါပဲ လို့ သူက ပြောပါတယ်။

စင်္ကာပူကနေ ၁၉၆၀ နောက်ပိုင်းနဲ့ ၁၉၈၀ ပြည့်လွန်ကာလများအကြား ထွက်သွားရသူ ၉ ဦးကို  ဒီမှတ်တမ်းကားမှာ အင်တာဗျူးထားတာပါ။
အစိုးရက နှိပ်ကွပ်မှာကို စိုးရိမ်ပြီး ထွက်ပြေးရသူတွေပါ။

ဒီမှတ်တမ်းကားကို နိုင်ငံအများအပြားမှာ ပြသပြီးပါပြီ။ ပွဲတော်တချို့မှာလည်း ဆုတွေ ရရှိထားပါတယ်။

ဇာတ်ကားကို ပိတ်ပင်တဲ့ MDA က ... မှတ်တမ်းကားထဲပါဝင်သူများဟာ သူတို့အပေါ် ခုချိန်ထိ စွဲဆိုထားတဲ့ ရာဇဝတ်မှုတွေကို ဖုံးကွယ်ချင်တဲ့အတွက် အင်တာဗျူးထဲမှာ သမိုင်းလိမ်ထားတာတွေ ရှိတယ်လို့ ဆိုတယ်။

ဖေ့စ်ဘုတ်သုံးသူ စင်္ကပူသားတဦးကတော့ သူတို့ကို သူငယ်နှပ်စားလို သဘောထားတာမျိုး ရပ်ချိန်တန်ပြီလို့ MDA ကို ပြောလိုက်ပါတယ်။
စင်္ကာပူက သက်တမ်း ၅ဝ ရှိပြီ၊ MDA က ငါတို့ကို လမ်းလျှောက်တတ်ခါစလို သဘောထားနေတုန်းပဲ။
ငါတို့ကို ကြီးပြင်းခွင့်ပေးပါ၊ ကိုယ့်ကိုယ်ကိုယ်ဆုံးဖြတ်ပိုင်ခွင့်ပေးပါ လို့ ဖေ့စ်ဘုတ်မှာ ရေးလိုက်ပါတယ်။

စက်တင်ဘာလကုန်ပိုင်း စင်္ကာပူတက္ကသိုလ် NUS မှာ ဒီမှတ်တမ်းကား ပြသရေး အစီအစဉ် ပျက်သွားပါပြီ။

စင်္ကာပူတဘက်ကမ်း မလေးရှားနိုင်ငံ ဂျိုဟိုးမှာတော့ လာမယ့် ရက်ပိုင်းအတွင်း ဒီမှတ်တမ်းကား ပြသမယ်လို့ ဆိုပါတယ်။

Singapore Bans Documentary on Political Exiles ဆိုတဲ့ မူရင်းသတင်းကို
http://www.irrawaddy.org/asia/singapore-bans-documentary-political-exiles.html မှာ ဖတ်ရှုနိုင်ပါတယ်။

 



.