yest

yes

Movie Category 1

Subscribe Us

Template Information

Test Footer 2

Movie Category 2

Movie Category 3

Pages

Powered by Blogger.
[4] [ဆောင်းပါး] [two] [ဆောင်းပါး]

Movies of The Week

Join This Site On Google Friend

[4] [သတင်း] [one] [သတင်း]
[4] [နည်းပညာ] [two] [နည်းပညာ]
[4] [နည်းပညာ] [one] [နည်းပညာ]

Blog Archive

Movie Category 5

Movie Category 4

တောင်တက်သမား ၂ ဦး ရှာဖွေကယ်ဆယ်ရေးအစီအစဉ် စတင်

| No comment

 ~



တောင်ခြေစခန်းနှင့် အဆက်အသွယ် ပြတ်နေသော ခါကာဘိုရာဇီတောင်တက်သမား ၂ ဦးကို ရှာဖွေရေး လုပ်ငန်းအတွက် ယနေ့ ရဟတ်ယာဉ်များ ထွက်ခွာထွားကြပြီဖြစ်သည်။
  • ခါကာဘိုရာဇီတောင်တက်အဖွဲ့ဝင်တဦး  (Photo: Invitation of Nature Foundation / Facebook)

အဖွဲ့ဝင် ၈ ဦး တောင်ထိပ်သို့ တက်ရောက်ရန် ကြိုးစားခဲ့သော်လည်း လမ်းကြောင်း အခြေအနေအရ ၂ ဦးသာ တောင်ထိပ်သို့ ရောက်ရှိခဲ့သည်ဟု
တောင်တက်အဖွဲ့ ခေါင်းဆောင် ဦးမျိုးသန့်က ပြောဆိုကြောင်း ဧရာဝတီသတင်းတပုဒ်တွင် ရေးသားထားသည်ကို http://www.irrawaddy.org/burma/search-2-missing-climbers-begins-kachin-state.html
 တွင် ဖတ်ရှုနိုင်သည်။

သြဂုတ် ၃၁ ရက်နေ့တွင် တောင်ထိပ်သို့ ရောက်ရှိသွားကြောင်း၊ သို့သော်လည်း ထို ၂ ဦးနှင့် နောက်ပိုင်းတွင် အဆက်အသွယ် ပြတ်သွားကြောင်း၊ တနင်္လာနေ့တွင် တွေ့ဆုံရမည့် တောင်ခြေစခန်းသို့လည်း  ရောက်မလာကြကြောင်း သိရသည်။

ခါကာဘိုရာဇီသည် ၁၉,၂၉၅ ပေ (၅,၈၈၁ မီတာ) မြင့်သည်ဟု ယခင်က သိခဲ့ရပြီး မြန်မာပြည်တွင် သာမက အရှေ့တောင် အာရှတွင်ပါ အမြင့်ဆုံးအဖြစ် သတ်မှတ်ခဲ့ကြသည်။

သို့သော်လည်း ဂြိုလ်တုဓာတ်ပုံ၊ ဒစ်ဂျစ်တယ် အချက်အလက်များ၊ မကြာသေးခင် ထွက်ပေါ်လာသော အမေရိကန်၊ ရုရှ၊ တရုတ် မြေပုံများအရ အမြင့်ဆုံးတောင်မှာ ကချင်ပြည်နယ်တွင် ရှိသည့် ဂန်လန်ရာဇီတောင်ဖြစ်သည်ဟု ဆိုသည်။
မူရင်း

http://www.irrawaddy.org/burma/search-2-missing-climbers-begins-kachin-state.html
 



.