yest

yes

Movie Category 1

Subscribe Us

Template Information

Test Footer 2

Movie Category 2

Movie Category 3

Pages

Powered by Blogger.
[4] [ဆောင်းပါး] [two] [ဆောင်းပါး]

Movies of The Week

Join This Site On Google Friend

[4] [သတင်း] [one] [သတင်း]
[4] [နည်းပညာ] [two] [နည်းပညာ]
[4] [နည်းပညာ] [one] [နည်းပညာ]

Blog Archive

Movie Category 5

Movie Category 4

ဂျပန်လက်နက်တပ်ဆင်ရေး အမေရိကန်နဲ့ဆွေးနွေးနေ

| No comment

 ~




ဂျပန်က သူတို့ဆီမှာ တိုက်ခိုက်ရေးလက်နက်တွေ တပ်ဆင်ရေးအတွက် ဖြစ်နိုင်ချေများကို အမေရိကန်နဲ့ ညှိနှိုင်းနေတယ်လို့ ဂျပန်အရာရှိတွေက ဆိုပါတယ်။


ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းက တိုကျိုမြို့မှာ ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးနေတဲ့ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး နဲ့ ကာကွယ်ရေးဝန်ကြီး အီဆူနိုရီ အိုနိုဒဲရာ (Photo: Reuters)

ဒီလို ညှိနှိုင်းနေတယ် ဆိုတာဟာ တရုတ်အတွက်တော့ ဒေါသထွက်စရာ အစီအစဉ်ဖြစ်မယ်ဆိုပြီး ဧရာဝတီသတင်းတပုဒ်မှာ ရေးထားပါတယ်။
Japan, US Discussing Offensive Military Capability for Tokyo, Officials Say ဆိုတဲ့  ခေါင်းစဉ်နဲ့ပါ။

ဂျပန်နဲ့တရုတ် ရန်စောင်နေတဲ့သတင်းတွေပဲ အခုတလော တက်နေချိန်မှာ အခုလို ညှိနှိုင်းရခြင်းအကြောင်းရင်းက တရုတ်နဲ့ မဆိုင်ဘူး၊
မြောက်ကိုရီးယားနဲ့ ဆိုင်တယ်၊ မြောက်ကိုရီးယားရဲ့ အမြောက်တပ်စခန်းတွေကိုချေမှုန်းနိုင်စွမ်းရှိရေး ဆိုတဲ့ အနေအထားကို ဆွေးနွေးခြင်းဖြစ်တယ်လို့ ဂျပန်အရာရှိ ၃ ဦးက ပြောပါတယ်။

ဆွေးနွေးတယ် ဆိုတာက အလွတ်သဘော ဆွေးနွေးခဲ့ခြင်းဖြစ်တယ်လို့ ဆိုတယ်။

ဂျပန်ဟာ ဒုတိယကမ္ဘာစစ်မှာ စစ်ရှုံးခဲ့ပြီးနောက်ပိုင်း ပြည်ပရန်ဘက်ကို တချက်မှ ပစ်ခတ်ခြင်း မရှိသေးပါဘူး။

သူတို့ဆွေးနွေးနေတဲ့ ချေမှုန်းတိုက်ခိုက်နိုင်စွမ်း ဆိုတာဟာ ပဏာမအဆင့်ကို ဆိုလိုတာဖြစ်တယ်၊
ဘယ်လို လက်နက်ကြီးအမျိုးအစားဖြစ်တယ် ဆိုတာကိုတော့ တိတိကျကျ သတ်သတ်မှတ်မှတ် ပြောဆိုတာ မရှိသေးပါဘူး တဲ့။

စစ်ရေးကျွမ်းကျင်သူများကတော့ ... ဒီလိုသာ ဆိုရင် ဂျပန်ရဲ့ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရေးအဆင့်ပဲ ရှိတဲ့ အခြေအနေကို ပြောင်းလဲတော့မယ်သဘောပဲ၊
ဒေါ်လာ ဘီလျံ သန်းချီ တန်ကြေးရှိတဲ့ ဒုံးကျည်ပစ်ခတ်ရေးစနစ်တွေနဲ့ တခြားသောလက်နက်တွေ တပ်ဆင်ရေး လမ်းပွင့်သွားမယ်လို့   ဆိုကြပါတယ်။ တပ်ဆင်မယ့်ထဲ
ရေငုပ်သင်္ဘောကနေပစ်ခတ်ရတဲ့ဒုံးကျည်လိုမျိုး အပါအ၀င် ဖြစ်နိုင်ချေတွေကတော့ အများကြီးပါပဲ။

အမေရိကန်အရာရှိတွေကတော့ ဂျပန်နဲ့ တရားဝင် ဆွေးနွေးညှိနှိုင်းမှုမျိုး မရှိသေးပါဘူးလို့ ဆိုတယ်။
ဒီလိုကိစ္စရပ်မျိုးအတွက်တော့ ပြီးခဲ့တဲ့နှစ်က အလွတ်သဘော ကမ်းလှမ်းခဲ့ပါတယ် တဲ့။

ဂျပန်ရဲ့ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရေးအစီအစဉ်မှာ သင်္ဘောတွေ ရှိမယ်၊ ရေငုတ်သင်္ဘောက ၁၆ စီး ရှိတယ်၊ ရဟတ်ယာဉ်တင် ရေယာဉ် ၃ စီး ရှိတယ်။ တည်ဆောက်ဆဲ ရေယာဉ်တွေလည်း ရှိတယ်။
F35 တိုက်လေယာဉ် ၄၂ စီးလည်း ၀ယ်ဖို့ ရှိပါတယ် တဲ့။

ဒါကတော့
Japan, US Discussing Offensive Military Capability for Tokyo, Officials Say
http://www.irrawaddy.org/asia/japan-us-discussing-offensive-military-capability-tokyo-officials-say.html ဆိုတဲ့ သတင်းရဲ့ အစပိုင်းကို ကောက်နုတ်ပြီး ဆီလျော်အောင် ဘာသာပြန်ထားတာ ဖြစ်ပါတယ်။


 



.