yest

yes

Movie Category 1

Subscribe Us

Template Information

Test Footer 2

Movie Category 2

Movie Category 3

Pages

Powered by Blogger.
[4] [ဆောင်းပါး] [two] [ဆောင်းပါး]

Movies of The Week

Join This Site On Google Friend

[4] [သတင်း] [one] [သတင်း]
[4] [နည်းပညာ] [two] [နည်းပညာ]
[4] [နည်းပညာ] [one] [နည်းပညာ]

Blog Archive

Movie Category 5

Movie Category 4

မယ်ဆိုင်ချောင်းရေကြီး၊ အိမ်တွေထဲထိ ရေဝင်

| 1 Comment
မိုးသည်းထန်မှုကြောင့် ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်နဲ့ တာချီလိတ်မြို့ကြား ဖြတ်စီးတဲ့ မယ်ဆိုင်ချောင်း 
ရေတက် လို့ မယ်ဆိုင်မြို့၊ ကမ်းနားလမ်းက အိမ်တွေထဲ ရေတွေ ဝင်တဲ့အထိဖြစ်နေပါတယ်။ 


မယ်ဆိုင်ချောင်းရေကြီးနေစဉ်၊ ဓာတ်ပုံ-အိအဲ/မယ်ဆိုင်

အခုရက်ပိုင်းမှာ မြန်မာနိုင်ငံ ရှမ်းပြည်နယ် အရှေ့ပိုင်းနဲ့ ထိုင်းနိုင်ငံ မြောက်ပိုင်း ဒေသတွေမှာ မိုးသည်း ထန် စွာ ရက်ဆက် ရွာသွန်းမှုတွေ ဖြစ်နေတာပါ။ 

 မယ်ဆိုင်ချောင်းရေကြီးမှုကတော့ တာချီလိတ်နဲ့ မယ်ဆိုင်မြို့ ကမ်းနားဘက်က အိမ်တွေထဲထိ ရေဝင်နေ တယ် လို့ ဒေသခံတွေက ပြောပါတယ်။ 

 “ညက တညလုံး မိုးရွာတယ်၊ မယ်ဆိုင်ချောင်းရေက တက်လာပြီး အိမ်ထဲထိ ရေတွေ ဝင်လာတာ မသိ လိုက် ဘူး၊ ဒီမနက် ကျ မြင်ရတဲ့ အတိုင်းပဲ၊ လမ်းထဲလဲ ရေတွေ ဖွေး၊ အိမ်အောက်ထပ် ဒူးဆစ်မြုတ်တဲ့ အထိ ရေတွေက ရောက်လာတာ” လို့ မယ်ဆိုင်မြို့ခံတဦးက ပြောပါတယ်။ 

မယ်ဆိုင်ချောင်း ရေကြီးမှုက မကြာခဏလို ဖြစ်တတ်ပေမယ့် အခု မိုးကြီး ရေလျှံမှုက အရင်ကထက် နည်းနည်း ပိုတယ်လို့လည်း သိရပါတယ်။ 

သဲအိတ်တွေနဲ့ ကာရံတား ထားတဲ့ ကြားက ချောင်းရေက များလွန်းတော့ ကျော်ဝင်လာကြတာပါတဲ့။ 

အခုလို ချောင်းရေကြီးလို့ ကား၊ အိမ်၊ ဆိုင်တွေလည်း ရွှံ့တွေ၊ သဲတွေ ဝင်တော့ ပျက်စီးကြတယ်လို့လည်း ဆိုပါတယ်။ 

မဖိတ်ခေါ်ပဲ မကြာခဏ အလည်လာလေ့ ရှိတဲ့ ရေဧည့်သည် ပါဘဲလို့ လည်း ဒေသခံ တချို့ ပြောကြပါ တယ်။ 








အိမ့်သံစဉ် ~