yest

yes

Movie Category 1

Subscribe Us

Template Information

Test Footer 2

Movie Category 2

Movie Category 3

Pages

Powered by Blogger.
[4] [ဆောင်းပါး] [two] [ဆောင်းပါး]

Movies of The Week

Join This Site On Google Friend

[4] [သတင်း] [one] [သတင်း]
[4] [နည်းပညာ] [two] [နည်းပညာ]
[4] [နည်းပညာ] [one] [နည်းပညာ]

Blog Archive

Movie Category 5

Movie Category 4

၉ လပိုင်း၊ ၉ ရက်နေ့၊ မနက် ၉ နာရီမှာ ထိုင်းအစိုးရအဖွဲ့ စတင် ရုံးထိုင်

| No comment

 ~




ထိုင်းဝန်ကြီးချုပ် ပရာရွတ်  ဘန်ကောက်မြို့ အစိုးရရုံးမှာ စတင်ပြီး ရုံးထိုင်ပါပြီ။


ပထမဆုံးသော  အစိုးရအဖွဲ့ အစည်းအဝေးကို
ဘန်ကောက်မြို့ အစိုးရအဖွဲ့ရုံးမှာ မပြုလုပ်ခင် တွေ့ရတဲ့ ထိုင်းအာဏာသိမ်းခေါင်းဆောင် (Photo: Reuters)

ဝန်ကြီးချုပ်တာဝန်ယူထားတဲ့ အာဏာသိမ်းဗိုလ်ချုပ်ကြီးပရာရွတ်ကို အခုတလော သတင်းတွေမှာ အယူသည်းမှုနဲ့အတူ ယှဉ်တွဲ တွေ့ရပါမယ် ဆိုပြီး ဧရာဝတီအင်္ဂလိပ်ပိုင်းသတင်းတပုဒ် http://www.irrawaddy.org/asia/new-thai-pm-uses-holy-water-feng-shui-ward-occult.html မှာ ရေးပါတယ်။

ယခင် နိုင်ငံရေးသမားကြီးများ ဗိုလ်ချုပ်များနည်းတူ သူလည်း မမြင်ရသော ဆိုင်ရာပိုင်ရာတွေကို ယုံကြည်သူပါ။

တနင်္လာနေ့မှာတော့ သူ့လူတွေ အစိုးရရုံးထဲ သယ်လာတဲ့ထဲမှာ ဗုဒ္ဓဆင်းတုတွေ၊ နတ်ရုပ်တွေ ပါပါတယ်။

သူ့ယုံကြည်မှုက မိရိုးဖလာ ဘာသာတရားထက် ကျော်လွန်နေတယ်လို့ ဆိုရမယ်။ ပြီးခဲ့တဲ့တပတ်က ဆိုရင်  ရန်ဘက်တွေ ပြုစားတာကို ခံရလို့ ပရိတ်ရေ တကိုယ်လုံး လောင်းလိုက်ရတဲ့အကြောင်း လူပုံအလယ်မှာ ပြောခဲ့သူပါ။

တပ်မတော်အရာရှိများကတော့ ဗိုလ်ချုပ်ကြီးရဲ့အယူသီးမှုတွေက အစိုးရရဲ့မူဝါဒအပေါ် သက်ရောက်မှာမဟုတ်ပါဘူးလို့ ဆိုကြပါတယ်။

ထိုင်းလူမျိုးအများစုလိုပဲ ဗိုလ်ချုပ်ကြီးပရာရွတ်က နတ်တွေဘာတွေကို တော်တော်လေး အရိုအသေပေးပါတယ်၊ ဒါပေမယ့်လည်း အရေးတကြီး လက်တွေ့လုပ်ရမှာတွေ၊ ပြည်သူ့လိုအပ်ချက်တွေအတွက် ဆိုရင်တော့ သူ့မူဝါဒတွေက ပြတ်ပြတ်သားသား ရှိပါလိမ့်မယ် လို့ စစ်တပ်ပြောခွင့်ရအရာရှိတဦးဖြစ်တဲ့ Veerachon Sukhontapatipak က ပြောပါတယ်။

ဝန်ကြီးချုပ်တာဝန်ယူထားတာ ရက်အတန်ကြာပြီ ဖြစ်ပေမယ့်လည်း  အစိုးရရုံးထိုင်ဖို့အတွက်တော့ အချိန်ကို သေချာရွေးချယ်ခဲ့တဲ့သဘော မီဒီယာတွေက ဆိုနေကြတာပါ။

၉ လပိုင်း၊ ၉ ရက်နေ့၊ မနက် ၉ နာရီမှာ အစိုးရအဖွဲ့ စတင် အလုပ်လုပ်ပါတယ် တဲ့။
ထိုင်းမှာ ၉ ဂဏန်းက ကံကောင်းခြင်းတွေ တိုးတက်ဖြစ်ထွန်းမှုတွေ ယူဆောင်လာမယ် လို့ အယူရှိပါတယ်။

အစိုးရရုံးရဲ့ သူ့ရုံးခန်း ပရိဘောဂတွေကိုလည်း ဖုန်းရွှေနည်းအတိုင်း စီစဉ်တယ်လို့  ဆိုတယ်။

 မူရင်း


New Thai PM Uses Holy Water, Feng Shui to Ward off Occult
http://www.irrawaddy.org/asia/new-thai-pm-uses-holy-water-feng-shui-ward-occult.html
 



.