yest

yes

Movie Category 1

Subscribe Us

Template Information

Test Footer 2

Movie Category 2

Movie Category 3

Pages

Powered by Blogger.
[4] [ဆောင်းပါး] [two] [ဆောင်းပါး]

Movies of The Week

Join This Site On Google Friend

[4] [သတင်း] [one] [သတင်း]
[4] [နည်းပညာ] [two] [နည်းပညာ]
[4] [နည်းပညာ] [one] [နည်းပညာ]

Blog Archive

Movie Category 5

Movie Category 4

ဦးသိန်းစိန်နဲ့ ဂျာမဏီဝန်ကြီးချုပ်တို့ ဖွံ့ဖြိုးရေးဖွင့်ဆိုချက် မတူညီ

| No comment

 ~



သမ္မတဦးသိန်းစိန်နဲ့ ဂျာမနီဝန်ကြီးချုပ် Angela Merkel တို့ ဗုဒ္ဓဟူးနေ့က ဘာလင်မှာ တွေ့ရာမှာ မြန်မာပြည်မှာ ဘာတွေ ဆောင်ရွက်ဖို့ လိုနေတယ်
ဆိုတဲ့ အချက်နဲ့ ပတ်သက်ပြီး သဘောတူတာတွေ ရှိပါတယ်။
သို့သော်လည်း ဘာကို အရင်ဆုံး ဆောင်ရွက်သင့်တယ် ဆိုတဲ့ အချက်မှာတော့ သဘောတူညီမှု မရခဲ့တဲ့အကြောင်း ဧရာဝတီအွန်လိုင်းသတင်းတပုဒ် ဖြစ်တဲ့
Germany’s Merkel, Burma’s Thein Sein Look at Development Differently မှာ ရေးထားပါတယ်။
http://www.irrawaddy.org/burma/germanys-merkel-burmas-thein-sein-look-development-differently.html မှာ ဖော်ပြထားတဲ့ အဲဒီသတင်းမှာ
စီးပွားရေးကောင်းဖို့ဆိုရင် ငြိမ်းချမ်းရေးဖော်ဆောင်မှုဘက်မှာ တိုးတက်လာဖို့ လိုမယ်၊ အဲဒီလို တိုးတက်ဖို့ ဆိုတာကလည်း လူနည်းစုတွေအပေါ်မှာ တန်းတူ ဆက်ဆံဖို့၊ စိတ်ရှည်သည်းခံဖို့ လိုမယ်လို့ ၀န်ကြီးချုပ်က ပြောပါတယ်။

ဦးသိန်းစိန်ကတော့ ...မြန်မာပြည်မှာ စီးပွားရေးကောင်းပြီဆိုရင် ဒီမိုကရေစီဖော်ဆောင်ရေးက ပိုပြီးလွယ်သွားမှာပါ လို့ ပြောပါတယ်။

မြန်မာပြည်ရဲ့ ဒီမိုကရေစီဟာ သက်တမ်း ၃ နှစ်အတွင်း အခက်အခဲ အများအပြားနဲ့ ကြုံခဲ့ရတယ် ဆိုပေမယ့် ဒီအခက်အခဲတွေကို သွေးထွက်သံယိုမရှိဘဲ ဖော်ဆောင်ခဲ့တာပါလို့လည်း သမ္မတဦးသိန်းစိန်က ပြောပါတယ်။

ဝန်ကြီးချုပ်ကတော့ ၂၀၁၁ နောက်ပိုင်း စာနယ်ဇင်းလွတ်လပ်ခွင့်လိုမျိုး မြန်မာပြည်မှာ ဖြစ်ထွန်းတာတွေကို အသိအမှတ်ပြုပါတယ်။

မြန်မာပြည်မှာ ဒီနှစ်ကုန်ပိုင်း ကြားဖြတ်ရွေးကောက်ပွဲ၊ ၂ဝ၁၅ ဆိုရင်လည်း ရွေးကောက်ပွဲကြီး ပြုလုပ်ဖို့ ကြေညာထားတာပါ။
ရွေးကောက်ပွဲလုပ်ရင် တရားမျှတမှုရှိမယ်၊ ပွင့်လင်း မြင်သာမှု ရှိမယ်လို့ မျှော်လင့်ကြောင်း၊ ဘယ်သူမဆို ရွေးကောက်ပွဲ ဝင်ခွင့်ရဖို့၊ ကိုယ့်ပါတီကို ကိုယ်စားပြုခွင့် ရလိမ့်မယ်လို့ မျှော်လင့်ကြောင်း ဂျာမနီဝန်ကြီးချုပ်က ပြောပါတယ်။

မြန်မာ့ဒီမိုကရေစီ ဖော်ဆောင်ရေးမှာ အကန့်အသတ်တွေ ရှိနေဆဲပါ။ အဲဒီထဲ ဘယ်သူတော့ သမ္မတ မဖြစ်ရဘူး ဆိုပြီး အခြေခံဥပဒေမှာ ရေးထားတာလည်း ပါဝင်ပါတယ်။

Germany’s Merkel, Burma’s Thein Sein Look at Development Differently ဆိုတဲ့ မူရင်းသတင်းကို
http://www.irrawaddy.org/burma/germanys-merkel-burmas-thein-sein-look-development-differently.html မှာ ဖတ်နိုင်ပါတယ်။

အပေါ်ပုံ -
ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးနေသော သမ္မတဦးသိန်းစိန် နဲ့ ဂျာမဏီဝန်ကြီးချုပ်   (Photo: Reuters)
 



.