yest
yes
Movie Category 1
Subscribe Us
Template Information
Test Footer 2
Movie Category 2
Movie Category 3
Pages
Powered by Blogger.
[4] [ဆောင်းပါး] [two] [ဆောင်းပါး]
Movies of The Week
Join This Site On Google Friend
[4] [သတင်း] [one] [သတင်း]
[4] [နည်းပညာ] [two] [နည်းပညာ]
[4] [နည်းပညာ] [one] [နည်းပညာ]
Blog Archive
Movie Category 5
Movie Category 4
ဦးအောင်မင်းနှင့် သူ၏ ချီးမွမ်းခန်း
| No comment
အစိုးရရဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့မှာ ပါဝင်သူတွေဟာ ကမ္ဘာနဲ့ချီပြီး အတွေ့ အကြုံ ရှိတဲ့ ပညာရှင်တွေ ဖြစ်တယ်လို့ ၀န်ကြီး ဦးအောင်မင်း  ပြောထားတာကို ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာ တွေမှာ ဖော်ပြထားပါတယ်။
 “အခု ကျနော်တို့ဆီမှာ ရှိတဲ့ ပညာရှင်တွေကိုပြန်ကြည့်ရင် ကမ္ဘာနဲ့ချီပြီး အတွေ့အကြုံရှိတဲ့ သူတွေ ပါဝင်ဆောင်ရွက်နေတာပါ။ ဥပမာ အားဖြင့် ဒေါက်တာမင်းဇော်ဦး ဆိုရင် conflict ဘာသာရပ်၊ Security ဘာသာရပ်နဲ့ ဒေါက်တာဘွဲ့ရတယ်။ ဦးကျော်ရင်လိုင်တို့ ဆိုရင်လဲ political science နဲ့ ဒေါက်တာဘွဲ့ ရထားတာ” လို့    ပြည်တောင်စု  ငြိမ်ချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ထိပ်တန်းခေါင်းဆောင်ဖြစ်တဲ့ ဦးအောင်မင်းက ချီးမွမ်းခန်း ဖွင့်ထားပါတယ်။ 
ဒါကြောင့် အခု ငြိမ်းချမ်းရေး ဖော်ဆောင်မူ လုပ်ငန်းဟာ စနစ်တကျနဲ့ အကွက်ချပြီး ဆောင်ရွက်နေတာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။ ငြိမ်းချမ်းရေးဖော်ဆောင်တာမှာ လူတိုင်းမှာ တာဝန်ရှိသလို လူငယ်တွေ ဟာ အရေးကြီးတယ်လို့လည်း ဦးအောင်မင်းက ပြောထားပါတယ်။ 
ဒါပေမယ့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု အပါအ၀င် နိုင်ငံတည်ဆောက်ရေးတွေ၊ မြန်မာနိုင်ငံရဲ့ တကယ် လုပ်ပိုင်ခွင့်နဲ့ နေရာ တော် တော် များများ မှာတော့ လူငယ်ဆို တာတွေကို မတွေ့ရပါဘူး။ 
သက်ကြီးပိုင်းတွေသာ နေရာယူ လုပ်ဆောင်နေကြ တာပဲတွေ့ရတယ်။ ယနေ့ လူငယ် နောင်ဝယ် လူကြီး ဆိုသလို တနေ့ လူကြီးဖြစ်လာမယ့် လူငယ်ကျောင်းသားတွေကိုတောင် နိုင်ငံရေးကင်း ရှင်း ရမယ်လို့ ကန့်သတ်နေတာဟာ စဉ်းစားစရာပါ။
ဝန်ကြီးရဲ့ ပညာရှင်တွေထဲက တချို့ကတော့ ဝန်ကြီး ဘယ်လောက် ကြိုးစားကြောင်း၊ မနက် ၇ နာရီ ဆိုရင် ရုံးတက်နေပြီဖြစ်ကြောင်း ချီးကျူးနေကြတာ ကာလ အတော် ကြာပါပြီ။
 အပြန်အလှန် ချီးကျူးသံတွေကြောင့်  မြန်မာပြည်ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်း အတော်လေး ဟန်ကျနေပြီလို့ ဆိုရမယ် ထင်ပါတယ်။
အိမ့်သံစဉ် ~ 
ဧရာဝတီ Facebook / ဧရာဝတီ Twitter