yest

yes

Movie Category 1

Subscribe Us

Template Information

Test Footer 2

Movie Category 2

Movie Category 3

Pages

Powered by Blogger.
[4] [ဆောင်းပါး] [two] [ဆောင်းပါး]

Movies of The Week

Join This Site On Google Friend

[4] [သတင်း] [one] [သတင်း]
[4] [နည်းပညာ] [two] [နည်းပညာ]
[4] [နည်းပညာ] [one] [နည်းပညာ]

Blog Archive

Movie Category 5

Movie Category 4

လူနဲ့ ခွေးရဲ့ လက်ထပ်မင်္ဂလာပွဲ

| No comment
ဆွေးမျိုးမိသားစုဝင်တွေက အသက် ၁၈ နှစ်ရွယ် အမျိုးသမီးငယ်တဦးထံမှာ မကောင်းဆိုးဝါး ပူးကပ်နေပြီး ကံဆိုးနေတယ်လို့ ယုံကြည် ယူဆကြတဲ့အတွက် အဲဒီအမျိုးသမီးငယ်ဟာ  ခွေးနဲ့ လက်ထပ်မင်္ဂလာပွဲ ကျင်းပခဲ့ရပါတယ်။ 


 ဓာတ်ပုံ- Barcroft

အိန္ဒိယနိုင်ငံ ဂျာခန်းပြည်နယ် အရှေ့ဘက် နယ်တခုမှာ မန်လီ မန်ဒါဆိုတဲ့ အမျိုးသမီးငယ်ဟာ သူ့မှာ မကောင်း ဆိုးဝါး ပူးကပ် နေတယ်လို့ ယုံကြည်ပြီး ကုစားတဲ့အနေနဲ့   ခွေးတကောင်နဲ့ လက်ထပ်ပွဲ လုပ်ခဲ့ရပါတယ်။ 

မန်ဒါကတော့ သူ့မိဘတွေရဲ့ အယူသည်းမှုကြောင့် အခုလို ခွေး သတို့သားနဲ့ လက်ထပ်ခဲ့ရတာကို ပထမတော့ ရယ်စရာလို ဖြစ်နေပေမယ့် နောက်ပိုင်းတော့ စိတ်မ သက်မသာဖြစ် နေပုံရတယ်လို့ အိန္ဒိယ သတင်းစာတစောင် က ရေးပါတယ်။ 

 “ကျမ ဒီမင်္ဂလာပွဲကြောင့်  မပျော်ပါဘူး” လို့ သတို့သမီး မန်ဒါက ပြောပါတယ်။

အခုလို ခွေးနဲ့ မင်္ဂလာ ဆောင်တဲ့ ပုံစံမျိုး စီစဉ်ပြီးပြီ ဆိုတော့   သတို့သမီးမှာ ကံ မကောင်းခြင်းတွေ ပပျောက်သွားမယ် ဆိုတဲ့ အယူအဆကို  ဒေသခံတွေ ကလည်း ယုံကြည်ကြပါတယ်တဲ့။ 

သတို့သမီး မန်ဒါရဲ့ အမေကလည်း ဒီလို ယုံကြည်နေသူပါ။



 “ကျမတို့က ဒီမင်္ဂလာပွဲ အတွက် ပိုက်ဆံ အကုန်အကျခံရပါမယ်။ ရွာလည်း မနာအောင် သူ့မှာ ကံမကောင်းတာတွေ ကင်း စင် လွင့်ပျောက်သွားအောင် လုပ်နိုင်တဲ့ ဒီနည်းလမ်းတခုတည်း ရှိတယ်လေ” လို့ မန်ဒါရဲ့ မိခင်က ပြောထားပါတယ်။ 

မန်ဒါရဲ့ ဘဝ တလျှောက်လုံး ဒီခွေး သတို့သားဟာ ခင်ပွန်းသည်လည်း ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါကလည်း တရားဝင် မင်္ဂလာ လက်ထပ်တာမျိုးမဟုတ်ပဲ မြန်မာလို ပြောရရင် ယတြာချေတဲ့သဘောနဲ့ ခွေးနဲ့ လက်ထပ်လိုက်တာမျိုးပါဘဲ။ 

မန်ဒါအနေနဲ့ နောက်ထပ် တကယ် လက်ထပ်မည့် သတို့သားကတော့ ခွေးမဟုတ်တော့ပါဘူး။ တကယ်ပဲ လူသား စစ်စစ် ခင်ပွန်းသည်ဖြစ်လာမှာပါ တဲ့။ 



အခုလို ခွေးနဲ့ လက်ထပ်ပွဲလုပ်၊ တိရိစ္ဆာန်နဲ့ လက်ထပ်ပွဲ လုပ်တာမျိုးတွေဟာ သူတို့ နယ်တဝိုက်မှာ မကြာခဏ လုပ်လေ့ ရှိပြီး ရိုးရာ ယုံကြည်မှုအနေနဲ့ ယတြာချေတဲ့ သဘော လုပ်ကြတာပါလို့ သိရပါတယ်။

  


အိမ့်သံစဉ် ~