yest

yes

Movie Category 1

Subscribe Us

Template Information

Test Footer 2

Movie Category 2

Movie Category 3

Pages

Powered by Blogger.
[4] [ဆောင်းပါး] [two] [ဆောင်းပါး]

Movies of The Week

Join This Site On Google Friend

[4] [သတင်း] [one] [သတင်း]
[4] [နည်းပညာ] [two] [နည်းပညာ]
[4] [နည်းပညာ] [one] [နည်းပညာ]

Blog Archive

Movie Category 5

Movie Category 4

ကာတွန်းချစ်သူတွေအတွက် ဂျပန်ကာတွန်းရုပ်ကလေးတွေ

| No comment

 ~






ဒီနေ့ခေတ်မှာ ကွန်ပျူတာ အထူးပြုလုပ်ချက်နဲ့ ပြုလုပ်ဖန်တီးထားတဲ့ ဂျပန် Animation ကာတွန်းဇာတ်လမ်းတွေဟာ ဆယ်ကျော်သက် လူငယ်တွေကြားမှာ အထူးရေပန်းစားလာတာကို တွေ့ရပါတယ်။ ဂျပန်ကာတွန်းဇာတ်လမ်းတွေရဲ့ Animation ဖန်တီးမှုဟာ သာမန်ကာတွန်းကားတွေနဲ့ မတူဘဲ အရောင်သွေးစုံတဲ့ Graphic၊ ထူးခြားတဲ့ Themes တွေနဲ့ ဇာတ်လမ်းဇာတ်အိမ်ကို ဖွဲ့စည်းထားတာကြောင့် လူကြိုက်များရခြင်းဖြစ်ပါတယ်။

 


Anime ရဲ့ အဓိပ္ပါယ်ဟာ Animation ကို ဂျပန်ဘာသာနဲ့ အတိုချုပ်ခေါ်ဆိုထားတဲ့ အသံထွက်စာလုံး ဖြစ်ပြီး Anime ဇာတ်ကားတွေမှာ များသောအားဖြင့် လက်နဲ့၊ ဒါမှမဟုတ် ကွန်ပျူတာနဲ့ ရေးဆွဲထားတဲ့ ကာတွန်းပုံတွေကို Animation ဇာတ်ကောင်တွေအဖြစ် ဖန်တီးအသက်သွင်းထားပြီး Animation ကာတွန်းဇာတ်လမ်း

ဖြစ်အောင် ပုံဖော်ရိုက်ကူးထားတာပါ။  Anime ဇာတ်လမ်းတွေမှာပါတဲ့ ဇာတ်ကောင်တွေရဲ့ စရိုက်ဟာ ထူးခြားပြီး ဇာတ်လမ်းဖွဲ့စည်းပုံတွေကလည်း စိတ်ဝင်စားဖို့ကောင်းအောင် ဆန်းသစ်တဲ့ အိုင်ဒီယာတွေနဲ့ သေချာရေးဖွဲ့ ရိုက်ကူးထားနိုင်တာကြောင့် Anime ဇာတ်လမ်းတွေကို လူကြိုက်များတာ ဖြစ်ပါတယ်။

အခုဆိုရင် အခမဲ့ မြန်မာရုပ်သံလိုင်းတွေမှာ ဂျပန် Anime ဇာတ်လမ်းတွေ လွှင့်နေသလို ဂျပန် Anime ဇာတ်ကားတွေနဲ့ ဂျပန်ရုပ်သံဇာတ်လမ်းတွေချည်း သီးသန့်ထုတ်လွှင့်ပြသတဲ့ အခပေးရုပ်သံလိုင်းတွေလည်း ရှိလာတာကို တွေ့ရပါတယ်။ Anime ဇာတ်လမ်းတွေကိုတော့  မြို့ပြနေ ဆယ်ကျော်သက်ရွယ် လူငယ်တော်တော်များများက အထူးနှစ်ခြိုက် အားပေးကြတယ်လို့ သိရပါတယ်။

 


ဂျပန်နိုင်ငံရဲ့ Anime ဇာတ်လမ်းတွေဟာ နိုင်ငံတကာ Animation ကာတွန်းဇာတ်ကားတွေထဲမှာ  အောင်မြင်လက်ခံတဲ့ Animated Cartoon ဇာတ်လမ်းတွေ ဖြစ်ပြီး Anime ဇာတ်ကားတွေထဲက Anime ဇာတ်ကောင်တွေရဲ့ ဝတ်စားဆင်ယင်မှု ဖက်ရှင်၊ ရုပ်ရည်အသွင်အပြင်ဒီဇိုင်း ၊ အရောင်ဆန်းဆန်းနဲ့ ဆန်းသစ်တဲ့ ဆံပင်ပုံစံအစရှိတာတွေဟာ Anime ကြိုက်တဲ့ လူငယ်တွေကြားမှာ အထူးရေပန်းစား လွှမ်းမိုးထားတာကိုတွေ့ရပါတယ်။

Anime ကိုအရူးအမူး ကြိုက်နှစ်သက်စွဲလမ်းတဲ့ Anime Crazy ဖြစ်သူတွေကိုတော့ Otaku လို့ ခေါ်ပြီး Anime ဇာတ်ကောင်လေးတွေအတိုင်း ဝတ်စားဆင်ယင်ပြီး သူတို့ဟန်ပန်တွေအတိုင်း နေထိုင်သူကိုတော့ Cosplayer လို့ ခေါ်ပါတယ်။ သိပ်မကြာသေးခင်က ရန်ကုန်မြို့မှာလည်း ဂျပန်ကာတွန်း ရုပ်တူပြိုင်ပွဲဆိုပြီး Cosplay ပြိုင်ပွဲတခု ကျင်းပခဲ့ပါသေးတယ်။

 


Anime ဇာတ်ကားတွေထဲမှာဆိုရင် Narutoနဲ့ One Piece ဟာလူကြိုက်များပြီးနာမည်ကြီးတဲ့ ဇာတ်ကားတွေ ဖြစ်ပါတယ်။ အခြားနာမည်ကြီးတဲ့ Anime ဇာတ်ကားတွေ အများကြီးရှိပါသေးတယ်။ Anime ဇာတ်ကားတွေကို ကြိုက်နှစ်သက်တဲ့ Anime ချစ်သူတွေက Anime ဇာတ်ကောင် ရုပ်လေးတွေကို ဝယ်စုလေ့ရှိကြပြီး အရုပ်လေးတွေကို ကိုယ့်ကိုယ်ပိုင်ကမ္ဘာငယ် အခန်းလေးထဲက စာကြည့်စားပွဲမှာပဲဖြစ်ဖြစ်၊ စာအုပ်စင်ပေါ်မှာပဲဖြစ်ဖြစ်၊ ဗီရိုပေါ်၊ ကုတင်ဘေးအစရှိတဲ့ နေရာတွေမှာပါ ထားလေ့ရှိကြပါတယ်။

ဒီတပတ်မှာတော့ ဧရာဝတီ ခေတ်ရေစီး စာဖတ်ပရိတ်သတ်တွေထဲက အရုပ်ဝယ်စုရတာ ဝါသနာပါတဲ့ Anime ချစ်သူ လူငယ်တွေအတွက် Anime အရုပ်လေးတွေ ရိုက်ကူးဖော်ပြပေးလိုက်ပါတယ်။ အရုပ်တွေရဲ့ ဈေးနှုန်းကတော့ အနိမ့်ဆုံး နှစ်ထောင်တန်ကစလို့ ၃ သောင်းကျော် အထိအစားစားရှိပါတယ်။

ပုံမှာပြထားတဲ့ Anime အရုပ်လေးတွေကိုတော့ ရန်ကုန်မြို့ ဒဂုံမြို့နယ်၊ ပြည်လမ်း၊ တော်ဝင်စင်တာ၊ ဒုတိယထပ်မှာရှိတဲ့ Limited Edition အရုပ်ဆိုင်မှာ သွားရောက်ရိုက်ယူထားတာပဲ ဖြစ်ပါတယ်။


သီဟတိုး


 


.