yest

yes

Movie Category 1

Subscribe Us

Template Information

Test Footer 2

Movie Category 2

Movie Category 3

Pages

Powered by Blogger.
[4] [ဆောင်းပါး] [two] [ဆောင်းပါး]

Movies of The Week

Join This Site On Google Friend

[4] [သတင်း] [one] [သတင်း]
[4] [နည်းပညာ] [two] [နည်းပညာ]
[4] [နည်းပညာ] [one] [နည်းပညာ]

Blog Archive

Movie Category 5

Movie Category 4

ဦးဏှောက်ခွဲစိပ်မှု ခံယူနေစဉ် တယောထိုးသူ

| No comment
ဦးဏှောက်ကို ခွဲစိပ်ကုသနေစဉ်မှာပဲ တယောထိုးခဲ့သူ တဦးကမ္ဘာပေါ်မှာ ပေါ်ထွန်းခဲ့ပါပြီ။ အံ့သြဖွယ် ကိစ္စကတော့ တကယ်ပဲ လက်တွေ့မှာ ခွဲစိပ်မှုခံယူနေစဉ် လူနာက နာမည်ကြီး မိုးဇက်တေးသွား ကို တယောထိုးခဲ့တဲ့ မှတ်တမ်းဗွီဒီယိုလည်း အွန်လိုင်းပေါ် ရောက်လာပါပြီ။



လစ်သူယေးနီးယားနိုင်ငံက နိုင်ငံတော် သံစုံတီးဝိုင်းကြီးမှာ တယောသမား တဦး ဖြစ်ခဲ့သူ အမျိုးသမီး မစ္စ Naomi Elishuv ဟာ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ဆေးစစ်ဆေးမှု လုပ်ခဲ့တာမှာ tremor symptoms နဲ့ပတ်လို့ ပြဿနာ ရှိနေတာကြောင့် ဦးဏှောက်ကို မဖြစ်မနေ ခွဲစိပ်ဖို့ ဖြစ်ခဲ့ပါတယ်။ သူ့ကို တယောထိုး ရပ်ဖို့ ဖိအားပေးခဲ့ပါတယ်။ 

ဒါပေမယ့် သူက သူ့ဝါသနာကို မရပ်ခဲ့ပါဘူး။ ခွဲစိပ်မှု မတိုင်ခင်တရက်ထိလည်း တယောထိုး မပျက်ခဲ့သလို ခွဲစိပ်မှု ခံယူစဉ်လည်း တယောထိုးခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့ အင်္ဂါနေ့ကတော့ တဲလ်အဗစ် ဆူရစကီးမှာ ရှိတဲ့ ဆေးဘက် စင်တာမှာ ပါမောက္ခ Itzhak Fried ဦးဆောင်တဲ့ ခွဲစိပ်ဆရာဝန်အဖွဲ့က တယောဝါသနာရှင် မစ္စ နာအိုမိ အဲလစ်ရှ်အုဗ် ကို ဦးဏှောက်ခွဲစိပ်မှုလုပ် ပါတယ်။ 

ခွဲစိပ်နေစဉ်မှာ နာမည်ကြီး မိုးဇက်တေးသွားကို မစ္စ နာအိုမိက တယောထိုးနေခဲ့ပါတယ်။ ခွဲစိပ်မှုပြီး မကြာခင်မှာပဲ သူက ခွဲစိပ်နေတာတွေကိုတေင် သူက ကြားနေရပြီး နောက်ဆုံးတော့ သူ့ဘဝကို ပြန်ရောက် လာ တာပဲလို့ ပြန်ပြောပြတယ်။ 

ပြီးတော့ သူက ဆက်ပြောတာက အခုဆို သူ့မှာ အနှောက်အယှက်မရှိ တယော ဆက်ထိုးလို့ ရပြီလို့ လည်း ပြောပါတယ်။ 

ခွဲစိပ်မှု လုပ်နေစဉ်မှာ လူနာက တယောထိုးလို့ရတယ်ဆိုတာ ဆေးပညာက အဆင့်မြင့်မှုတွေကြောင့် လူနာရဲ့ တယောထိုးမှုကိုပင် မပျက်ခဲ့တာလားဆိုတာလည်း စဉ်းစားလို့ ရမယ် ထင်ပါတယ်။ 

ခွဲစိပ်မှု ခံယူစဉ် တယောထိုးခဲ့သူ မစ္စ နာအိုမီရဲ့ မှတ်တမ်းယူကျုကိုလည်း ဗဟုသုတ အဖြစ် ကြည့်နိုင်ပါတယ်။

  


အိမ့်သံစဉ် ~