yest

yes

Movie Category 1

Subscribe Us

Template Information

Test Footer 2

Movie Category 2

Movie Category 3

Pages

Powered by Blogger.
[4] [ဆောင်းပါး] [two] [ဆောင်းပါး]

Movies of The Week

Join This Site On Google Friend

[4] [သတင်း] [one] [သတင်း]
[4] [နည်းပညာ] [two] [နည်းပညာ]
[4] [နည်းပညာ] [one] [နည်းပညာ]

Blog Archive

Movie Category 5

Movie Category 4

လူငယ်ဒါရိုက်တာ ခင်စုကြည်ရဲ့ စကားလုံးများ

| 1 Comment

 ~



ဒီတပတ် လူငယ်ကဏ္ဍမှာတော့ လူငယ်ရုပ်ရှင်ပွဲတော်မှာ Violenz against Violence ဇာတ်ကားနဲ့ အကောင်းဆုံး မှတ်တမ်းရုပ်ရှင်ဆု ရရှိခဲ့တဲ့ လူငယ်ဒါရိုက်တာ ခင်စုကြည်ရဲ့ စကားသံတွေကို ဖော်ပြလိုက်ပါတယ်။

 

  (ဓာတ်ပုံများ - ဂျေပိုင် / ဧရာဝတီ)

“လူငယ်အချင်းချင်း လေးစားမှုရှိတယ်ဆိုရင်တော့ လူငယ်ကဏ္ဍက တိုးတက်လာမှာပါ”


ငယ်ငယ်တုန်းက ကျမ ရှေ့နေအရမ်းဖြစ်ချင်ခဲ့တယ်။ ကုတ်အင်္ကျီ အမည်းလေးတွေနဲ့ ကောင်မလေးတွေ၊ ရှေ့နေမလေးတွေတွေ့ရင် အရမ်းအားကျတယ်။ အဲဒါကြောင့် ကျမ ဆယ်တန်းပြီးတော့လည်း ဒီရှေ့နေလိုင်းကို ယူခဲ့တာပါ။ အခု ကျမ ဥပဒေ နောက်ဆုံးနှစ် တက်နေပါတယ်။

ဒါရိုက်တာအလုပ်နဲ့ အသက်မွေးဝမ်းကျောင်း ပြုဖို့က ခဲယဉ်းတယ်။ ခဲယဉ်းတယ်ဆိုတာက အခုချိန်မှာ Documentary တွေ၊ ဘာတွေကလည်း ပွဲတော်တွေ လုပ်မှသာ ဝင်ပြိုင်ဖြစ်တာ။

ဒါရိုက်တာအလုပ်နဲ့ အသက်မွေးဝမ်းကျောင်း ပြုမယ်ဆိုတာက ဒါ ဝါသနာအရပဲ လုပ်လို့ရမယ်။ အသက်မွေးဝမ်း ကျောင်းအရတော့ လုပ်လို့ရမှာမဟုတ်ဘူး။ ဒါပေမယ့် Documentary ရိုက်ကူးတဲ့ အလုပ်ကိုတော့ ဘယ်တော့မှ စွန့်လွှတ်သွားမှာ မဟုတ်ပါဘူး။

ရှေ့ဆက်ပြီးတော့ အနုပညာနဲ့ ပတ်သက်လို့ လုပ်သွားချင်တာက အဓိကကတော့ Documentary အပိုင်းပဲပေါ့။ Short Film ကိုလည်း စိတ်ဝင်စားတယ်။ Script ပိုင်းတွေကအစ လေ့လာချင်တယ်။ ဒါပေမယ့် Documentary လိုင်းကို အားသန်တဲ့အတွက်ကြောင့် တကယ့် သတင်းအချက်အလက် မှန်မှန်နဲ့ တင်ပြတဲ့ ရုပ်ရှင်ကားတွေ ပိုသဘောကျတယ်။ ဒါကြောင့် Documentary ပိုင်းကို ဆက်ရိုက်မယ်။

ဒီကားလေးဆိုရင် ကျမ ငယ်ငယ်ကတည်းက ကျမကိုယ်တိုင် ခံစားခဲ့ရတာပါ။
နိုင်ငံရေးလို့ ပြောလိုက်တာနဲ့ ဘေးကသူငယ်ချင်းတွေက ကိုယ့်ကို မပေါင်းချင်တော့တာမျိုး၊ အဲဒီလိုမျိုးဟာလေးတွေ ကိုယ်တိုင်ခံစားခဲ့ရတာမျိုး ကိုယ်တိုင် ပြန်ရိုက်ပြရတာ၊ ကိုယ့်အစ်ကို၊ မောင်တွေလည်း ဒီလိုခံစားခဲ့ရတာပဲ ဆိုတာကို ပြန်ရိုက်ပြရတဲ့အတွက် တကယ် ကိုယ်ခံစားရတာနဲ့ ဥပမာ - အမျိုးသမီးတွေ ဆိုရင်လည်း အမျိုးသမီးတွေ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခံရတာတွေ ဒီနိုင်ငံမှာ ရိုက်ပြတာရှားသေးတယ်။ အဲဒါမျိုးလေးတွေ ရိုက်ပြချင်တယ်။

အနုပညာမှာ  Directing အပြင် ဂီတတော့  ဝါသနာပါတယ်။ ဂီတကို ဝါသနာပါတယ်ဆိုတာ အဖေကလည်း Musician ဖြစ်တဲ့အတွက်ကြောင့် သီချင်းဆိုတာ ဝါသနာပါတယ်၊ ဂစ်တာတီးတာ ဝါသနာပါတယ်။  အခုတော့ ကျမ ဂစ်တာတီးတာ သင်နေတယ်။

အဓိက ကတော့ ကျမက ရော့ခ်ဂီတကို ကြိုက်တယ်။ အဖေကလည်း ရော့ခ်၊ အစ်ကိုတွေ၊ မောင်တွေကလည်း ရော့ခ်၊ အိမ်မှာနားထောင်ဖြစ်ရင်လည်း ရော့ခ်သီချင်းတွေပဲ နားထောင်ဖြစ်ပါတယ်။

လူငယ်ဘဝကို ကိုယ်ပိုင်အမြင်နဲ့ အဓိပ္ပာယ်ဖွင့်ပေးပါဆိုရင် အဓိကကတော့ လူငယ်ဖြစ်တဲ့အတွက် လွတ်လပ်တာကိုပဲ ကြိုက်တယ်။ ကျမကိုယ်တိုင်လည်း အိမ်ကချုပ်ချယ်တာကို မကြိုက်ဘူး။ ကျမ လုပ်ချင်ပြီဆိုရင် လုပ်လိုက်တာပဲ။ ဒီကားကို ရိုက်ချင်တယ်ဆိုရင် ရိုက်လိုက်တာပဲ။ ဒီသင်တန်း တက်ချင်တယ်ဆိုရင် တက်လိုက်တာပဲ။ အိမ်က ခွင့်ပြုချက် ရရ၊ မရရတော့ ကျမလည်း မစဉ်းစားဘူး။ ဒါပေမယ့်လည်း မိဘတွေက ကောင်းစေချင်လို့ ဒါလေးလုပ်ပါဆိုပြီး ဝေဖန်တာတွေရှိတယ်။ မိဘတွေက ပြောပြတယ်၊ ဒီလမ်းကိုသွားဖို့အတွက်၊ မှားတဲ့လမ်းကို မလျှောက်ဖို့။ ဒါပေမယ့် မိဘတွေကတော့ ကိုယ်တိုင် ဆုံးဖြတ်ချက် မချပေးဘူး။ ဒါကတော့ ကိုယ်ကိုယ်တိုင် လျှောက်မယ့်လမ်း ဖြစ်တဲ့အတွက် ကိုယ်ကိုယ်တိုင် ဆုံးဖြတ်ချက်ချဖို့ သင်ပေးထားတယ်။ အဲဒီအတွက်ကြောင့် ကျမတို့ လျှောက်မယ့်လမ်းကို ကိုယ်ကိုယ်တိုင် ဆုံးဖြတ်ချက်ချတာ မှန်ကန်ဖို့ပဲ လိုတယ်။

လူငယ်တွေမှာ လွတ်လပ်တယ် ဆိုပေမယ့်လည်း လမ်းမှားမရောက်သွားဖို့ လိုအပ်တယ်။ အဲဒီအတွက်လည်း လူကြီးတွေ ဆုံးမတာကို နားထောင်၊ နားထောင်ပြီးတော့ တကယ်လုပ်သင့်လား၊ မလုပ်သင့်လားဆိုတာ ကိုယ်တိုင် ဆုံးဖြတ်ချက်ချပြီးတော့ လုပ်သင့်တယ်။ လူငယ်တယောက် ဖြစ်တယ်ဆိုပေမယ့် ရိုးသားဖို့လိုတယ်၊ ရဲရင့်ဖို့လိုတယ်၊ တခြားလူတွေကို လေးစားဖို့လည်း လိုတယ်။ တခြားလူတွေကို ကိုယ်က မလေးစားဘဲနဲ့ ရာထူးကြီးကြီး ယူထားပြီးတော့ အရင် အာဏာရှင် စနစ်အတိုင်းပဲ “ငါပြောတာလုပ်၊ ငါလုပ်တဲ့အတိုင်း မလုပ်နဲ့” ဆိုပြီး အဲဒီလိုလူငယ်တွေ ရှိနေသရွေ့ကတော့ လူငယ်ကဏ္ဍက ဖွံ့ဖြိုးတိုးတက်မှာ မဟုတ်ဘူး။

သီဟတိုး

 

ခေတ်တိုင်းခေတ်တိုင်းမှာ လူငယ်ဆိုတာသူတို့ ဖြတ်သန်းရတဲ့ ခေတ်အခြေအနေ၊ ကြုံတွေ့ရတဲ့ စီးပွားရေး၊ နိုင်ငံရေး ဘယ်လိုပဲကွာခြားကွာခြား မျှော်လင့်ချက်တွေ၊ လန်းဆန်းတက်ကြွမှုတွေနဲ့ နောင်တချိန်မှာ လူကြီး ဖြစ်ဖို့ အားယူနေကြတဲ့သူတွေချည်းပါ။ လူငယ်တွေ လျှောက်တဲ့လမ်းမှာ ခေတ်ရေစီး အပြောင်းအလဲ အတက် အကျတွေ တပါတည်း ပါလာတတ်စမြဲဖြစ်ပါတယ်။ ဒါကြောင့် လူငယ်တွေပြောတဲ့ စကားတွေကနေတဆင့် ဒီနေ့ခေတ်ဘဝနေနည်း ပုံစံကွဲလွဲမှု၊ ခေတ်ရေစီး အပြောင်းအလဲ စတာတွေကိုလေ့လာပြီး သူတို့ရဲ့အသံတွေကို The Irrawaddy က အပတ်စဉ်ဖော်ပြသွားမှာ ဖြစ်ပါတယ်။


The Irrawaddy ဂျာနယ်မှာ ဖော်ပြထားပြီးသားပါ။
ဂျာနယ်တွေကို http://burma.irrawaddy.org/journals မှာ PDF ဖိုင်အနေနဲ့ ရယူ ဖတ်ရှုနိုင်ပါတယ်။



.