yest

yes

Movie Category 1

Subscribe Us

Template Information

Test Footer 2

Movie Category 2

Movie Category 3

Pages

Powered by Blogger.
[4] [ဆောင်းပါး] [two] [ဆောင်းပါး]

Movies of The Week

Join This Site On Google Friend

[4] [သတင်း] [one] [သတင်း]
[4] [နည်းပညာ] [two] [နည်းပညာ]
[4] [နည်းပညာ] [one] [နည်းပညာ]

Blog Archive

Movie Category 5

Movie Category 4

ခေါင်းတလားထဲက ထိုင်း-ဆရာတော်သတင်း နောက်ဆက်တွဲ

| No comment
ထိုင်းနိုင်ငံ ဘန်ကောက်အနီး Khon Sarn ခရိုင် Thung Phra အရပ်က ခေါင်းတလားထဲ တရားမှတ်ရင်း ပျံလွန်တော်မူမယ့် ဆရာတော် Luang Pu Pim နဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲ သတင်းကို ဘန်ကောက် ပို့စ် က စက်တင်ဘာ ၁ဝ ရက်နေ့ ညပိုင်း ထပ်ရေးလာပါတယ်။ 

 ဓာတ်ပုံ- ဘန်ကောက်ပို့စ်

ဆရာတော် Luang Pu Pim ကို ထိုင်း သံဃနာယက မထေရ်ကြီးတွေနဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ဆရာတော်ရဲ့အစီ အစဉ် ကို ရပ်ဆိုင်း ပြီး ဆေးရုံမှာ ဆေးကုသမှု ခံယူဖို့ လျှောက်ထား ဖြောင်းဖျ ပြောဆိုဖို့ ကြိုးစားခဲ့ကြတယ်လို့ ဆိုပါတယ်။ 

ရဲအရာရှိကြီး Pinit Maneerat အပါအဝင် ဒေသဆိုင်ရာ သံဃာ့ အဖွဲ့အစည်းခေါင်းဆောင် ဆရာတော် Phra Ratpawana Warajarn၊ အစိုးရအရာရှိတွေ၊ ကျန်းမာရေးအရာရှိတွေက ဆရာတော် Luang Pu Pim နဲ့ ဆွေးနွေး ညှိနှိုင်းဖို့ မနေ့ညနေ ၃ နာရီက သွားတွေ့ခဲ့ကြပါတယ်တဲ့။ 

သူတို့အဖွဲ့တွေက ဆရာတော်ကို ခေါင်းတလားထဲ တရားမှတ်ရင်း ဘဝနတ်ထံ ပျံလွန်တော်မူမယ့် အစီအစဉ်ကို ရပ်ဆိုင်းဖို့ တိုက်တွန်းနားချခဲ့ကြတာပါ။ 

ဆရာတော်ကို ကြည်ညိုကြပြီး ကျောင်းဝင်းထဲ ထောင်နဲ့ချီ စုဝေး ရှိနေကြတဲ့ တပည့်သာဝကတွေနဲ့ အဲဒီ သွားရောက် နားချတဲ့အဖွဲ့တွေကြား တင်းမာမှုတွေလည်းဖြစ်ခဲ့ပါတယ်လို့ သိရပါတယ်။ 

ဆရာတော်ရဲ့ တပည့်သာဝကတွေက အာဏာပိုင်တွေ၊ ရဲနဲ့ ကျန်းမာရေးအရာရှိတွေကို ပထမမှာ ဝင်ခွင့် မပေးခဲ့ဘူးတဲ့။ 

အစောကတည်းက ဆရာတော် Luang Pu Pim က သူ အနေနဲ့ ခေါင်းထဲ ၀င်ပြီး တရားရှုမှတ်နေစဉ်မှာ ဘယ်သူ တဦး တယောက်ကိုမှ ဝင်ခွင့်မပြုရဘူးလို့ မိန့်မှာထားလို့ ဆရာတော်ရဲ့တပည့်သာဝကတွေက သူတို့ကို ခွင့်မပြုပေးခဲ့တာပါ။ 

အာဏာပိုင်တွေကလည်း ဆရာတော်ရဲ့ တပည့်သာဝကတွေကို နားချတာက ဒီလို ရဟန်းကောင်းတပါးကို အသက်မဆုံး ရှုံးစေချင်တဲ့အကြောင်း ပြောတော့ တပည့်သာဝကတွေလည်း ဆရာတော်ကို မသေချင်ဘူး ဆိုတဲ့ ဆန္ဒတူညီမှု ရခဲ့တယ်တဲ့။ 

အဲဒီမှာပဲ ဆရာတော်ကို နားချဖို့ သွားတဲ့အဖွဲ့က ဆရာတော် လဲလျောင်း တရားရှုမှတ်ပွားများရာ ခေါင်း တလားဆီကို သွား ခွင့် ရပါတယ်။ 

ဒီအချိန်မှာတော့ နားချဖို့ သွားတဲ့ အဖွဲ့ဟာ ဆရာတော်ကို ခေါင်းတလားထဲမှာ အသက်ရှင်လျှက်တွေ့ရပါ တယ်တဲ့။ ဒါပေမယ့် ဆရာတော်က အတော်ပဲ ပင်ပန်းနွမ်းနယ်နေပုံရတယ်လို့ ဘန်ကောက်ပို့စ်က ရေးပါ တယ်။ 

ရဲအရာရှိ က ပြန်ပြောပြတာက ဆရာတော် Luang Pu Pim ဟာ သံဃ နာယက ဆရာတော် Phra Ratpawana Warajarn နဲ့ သူတို့ ၂ ဦးကို ပိတ်ထားတဲ့ ခေါင်းတလားကို ဖွင့်ဖို့ သဘောတူခဲ့တယ်လို့ ဆိုပါတယ်။ 

သံဃနာယက ဆရာတော်နဲ့ ရဲအရာရှိကြီးကလည်း ဆရာတော်ကို သက်တော်လည်း အရမ်းမကြီးသေး တာကြောင့် မြတ်စွာ ဘုရားရဲ့ သာသနာ့တာဝန်ကို ဆက်လက်ထမ်းပိုးပြီး သာသနာဆက်ပြုတာဟာ ပိုကောင်းမွန်တယ်လို့ ပြောဆိုနားချခဲ့ကြတယ်လို့ဆိုပါတယ်။ 

၁ နာရီလောက် ကြာအောင် အပြန်အလှန် ပြောဆိုဆွေးနွေးကြပြီးတော့ ဆရာတော် Luang Pu Pim က သူ့ကို Khon Sarn ခရိုင် ဆေးရုံကြီးကို ပင့်ဆောင်ခွင့်ပြုတယ်ဆိုတဲ့ သဘောတူညီမှု ရခဲ့ကြတယ်လို့ ဘန်ကောက်ပို့စ်က ဆိုပါတယ်။ 

ဒီအကြောင်း မနေ့ကသတင်းအပြည့်အစုံကိုလည်း ဤနေရာမှ တဆင့် သွား၍ ဖတ်နိုင်ပါတယ်။ 


 အိမ့်သံစဉ် ~


.