yest

yes

Movie Category 1

Subscribe Us

Template Information

Test Footer 2

Movie Category 2

Movie Category 3

Pages

Powered by Blogger.
[4] [ဆောင်းပါး] [two] [ဆောင်းပါး]

Movies of The Week

Join This Site On Google Friend

[4] [သတင်း] [one] [သတင်း]
[4] [နည်းပညာ] [two] [နည်းပညာ]
[4] [နည်းပညာ] [one] [နည်းပညာ]

Blog Archive

Movie Category 5

Movie Category 4

အက်ဆစ်ထိအမျိုးသမီး ၅ ဦး ဖက်ရှင်ဓာတ်ပုံ ရိုက်ကူးတဲ့ အစီအစဉ်

| No comment

 ~




အက်ဆစ်နဲ့ပက်ပြီးတိုက်ခိုက်ခံရသူ အမျိုးသမီး ၅ ဦး ကို ဖက်ရှင်ဓာတ်ပုံ ရိုက်ကူးတဲ့ အစီအစဉ်က အိန္ဒိယမှာ အတော်လေး လူစိတ်ဝင်စားနေပါတယ်။ 
  

အိန္ဒိယက အက်ဆစ်ဒဏ်ခံရသူ အမျိုးသမီး ၅ ဦးရဲ့ပွဲမှာ ဓာတ်ပုံအတွက် ကိုယ်ဟန်ပြနေသူတဦး (Photo: Stop Acid Attacks / Facebook)

အက်ဆစ်တိုက်ခိုက်မှု ပမာဏ ဘယ်လောက် ရှိတယ် ဆိုတာ တရားဝင် ထုတ်ပြန်မှု ထွက်မလာသေးသော်ငြားလည်း စာနယ်ဇင်းမှာတော့ ဒီလို တိုက်ခိုက်မှုမျိုးအကြောင်း ပုံမှန် တွေ့နေရပါတယ်။
အမျိုးသမီးတွေကို မူလပုံစံ ပျက်သွားအောင်၊ မျက်စိကန်းသွားအောင် လုပ်ကြတာပါ။ ဒီအကြောင်း ဧရာဝတီ အင်္ဂလိပ်ပိုင်း စာမျက်နှာ http://www.irrawaddy.org/asia/acid-victims-photo-shoot-draws-attention-india.html မှာ သတင်းတပုဒ် တွေ့ရပါတယ်။ Acid Victims’ Photo Shoot Draws Attention in India  ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးထားတဲ့ အဲဒီသတင်းကို ဘာသာပြန်ပြရရင် … ပြပွဲမှာ  ဖက်ရှင်ဒီဇိုင်းတချို့ကတော့ အသက် ၂၂ နှစ်အရွယ် ရူပါ ဆိုတဲ့ အမျိုးသမီးရဲ့ လက်ရာပါ။
သူနဲ့ တခြား ၄ ဦး ရယ်မောနေ၊ ကိုယ်ဟန်ပြနေတဲ့ပုံတွေထဲက  ၄၁ ပုံကို ပြပွဲ တင်ထားပါတယ်။

သဘာဝကျကျနေဖို့ ပြောထားတယ်၊ သူတို့ကို မိတ်ကပ်လည်း မလိမ်းပေးဘူး၊ ပုံကို တည်းဖြတ်တာလည်း မလုပ်ဘူး၊ မင်းတို့က ကြည့်ရတာ လှပါတယ်၊ ဒီအတိုင်းပဲ နေပါ ဆိုပြီး သူတို့ကို မှာထားတယ် ဆိုပြီး ဓာတ်ပုံဆရာ Rahul Saharan က ပြောပါတယ်။
သူက  Stop Acid Attacks – အက်ဆစ်တိုက်ခိုက်မှုတွေ ရပ်ပါ ဆိုတဲ့ အစီအစဉ်မှာ လုပ်အားပေးနေသူပါ။ အက်ဆစ်ဒဏ်ခံရသူတွေအကြောင်းလည်း မှတ်တမ်းရုပ်သံ ရိုက်ကူးနေပါတယ်။
သူတို့ အင်မတန်ကို ယုံကြည်ချက် ရှိကြပါတယ်။ အဲဒီတော့ ကျနော့်အတွက်လည်း သိပ်ပြီုးံ မခက်ခဲတော့ဘူးပေါ့လို့ သူက ဆိုပါတယ်။

  သူတို့အဖွဲ့စီစဉ်တဲ့ Facebook စာမျက်နှာမှာ ဒီပုံတွေကို တင်လိုက်တဲ့ သြဂုတ် ၈ ရက်နေ့က စပြီး ကျယ်ကျယ်ပြန့်ပြန့် ရှယ်နေကြတာပါ။ ရုပ်သံတွေမှာလည်း ဒီအကြောင်း လွှင့်တယ်၊ သတင်းစာတွေမှာလည်း ဖော်ပြတယ်လို့ ဆိုတယ်။

ဝမ်းသာနေကြတယ်၊ ယုံကြည်ချက် ရှိကြတယ် ဆိုပေမယ့် နောက်ကွယ်ဖြစ်ရပ်တွေကတော့ ကြေကွဲစရာ ကြောက်စရာ ဇာတ်လမ်းတွေနဲ့ပါပဲ။
  ရူပါရဲ့မျက်နှာ အက်ဆစ်နဲ့ပက်ခံရတာကတော့ သူ အသက် ၁၅ နှစ် အရွယ်မှာပါ။
သူ့အတွက် လက်ထပ်စရိတ်ကို မကုန်ကျချင်တဲ့အတွက် သူ့မိထွေးတယောက်က အက်ဆစ်နဲ့ ပက်တာပါ။ မင်္ဂလာပွဲ ပျက်ပါတယ်။

 အသက် ၂၂ နှစ်အရွယ် လက်ခ်ျမီးက အက်ဆစ်ဒဏ်ခံရချိန် အသက် ၁၄ နှစ်။
သူ့အစ်ကိုရဲ့သူငယ်ချင်းက ပက်လိုက်တာပါ။ အဲဒီလူက အသက် ၃၂။ လက်ထပ်ဖို့ပြောတာ လက်မခံလို့ ပက်လိုက်တာပါ တဲ့။
ဒီလိုတိုက်ခိုက်မှုမျိုးတွေ ရပ်ဆိုင်းရေး လှုံ့ဆော်တဲ့သူ့ကို  အမေရိကန်သမ္မတကတော် မီရှဲလ်အိုဘားမားက    International Women of Courage Award ဆိုတဲ့ဆု ပေးအပ်ခဲ့ပါတယ်။

ရီတူ ဆိုတဲ့ ကောင်မလေးက အသက် ၂၂။ မြေယာကိစ္စ အငြင်းပွားမှုအပြီး သူ့နဲ့ မောင်နှမ၀မ်းကွဲ တော်စပ်သူက  တိုက်ခိုက်တာပါ။

ဆိုနမ် (၂၂)၊ ချန်ချယ် (၁၇) တို့ကိုတော့ သူတို့ အိပ်နေတုန်း အမျိုးသားတအုပ်က အနိုင်ကျင့်ပြီးနောက်မှာ ပက်သွားကြခြင်းပါ။

 ဒီအမှု ငါးခုမှာ တိုက်ခိုက်ခံရသူတွေ အရေးယူအပြစ်ပေးခံရပါတယ်။ သို့သော်လည်း ဒီလို ရာဇဝတ်မှုမျိုးက အိန္ဒိယမှာ အပြစ်ပေးခံရလေ့ သိပ်မရှိပါ။
 ပြီးခဲ့တဲ့နှစ်က သူတို့ဆီမှာ အက်ဆစ် ရောင်းချမှုကို တင်းတင်းကြပ်ကြပ် ကိုင်တွယ် ကြပ်မတ်တဲ့ဥပဒေ ပြဋ္ဌာန်းပါတယ်။ သို့သော်လည်း အဲဒီလို ပြဋ္ဌာန်းပြီးနောက်မှာပဲ မှတ်တမ်းတင်မိတဲ့ တိုက်ခိုက်မှုပေါင်း အနည်းဆုံး ၂ဝဝ ရှိခဲ့တယ်လို့ Stop Acid Attacks  အဖွဲ့က ဆိုပါတယ်။

 



.