yest

yes

Movie Category 1

Subscribe Us

Template Information

Test Footer 2

Movie Category 2

Movie Category 3

Pages

Powered by Blogger.
[4] [ဆောင်းပါး] [two] [ဆောင်းပါး]

Movies of The Week

Join This Site On Google Friend

[4] [သတင်း] [one] [သတင်း]
[4] [နည်းပညာ] [two] [နည်းပညာ]
[4] [နည်းပညာ] [one] [နည်းပညာ]

Blog Archive

Movie Category 5

Movie Category 4

Gmail လိပ်စာ ၅ သန်းရဲ့ Passwords တွေကို ရုရှားဟက်ကာတွေ ထုတ်ပြန်

| No comment
ရုရှား ဟက်ကာတွေက ဂျီမေးလ် လိပ်စာ ၅ သန်းနီးပါးရဲ့ Password တွေကို အွန်လိုင်းပေါ် တင်ပြီး ထုတ်ပြန်လိုက်ပါတယ်။ ဒီကိစ္စဟာ ဂျီမေးလ် Gmail သုံးသူတွေအတွက် သတင်း ဆိုးလည်း ဖြစ်သလို သတင်းကောင်းလည်း ဖြစ်ပါတယ်။ 


 ဓာတ်ပုံ- ရာဟူး သတင်း

အခုလို ဂျီမေးလ်လိပ်စာပေါင်း ၄၉၂၉၀၉၀ ရဲ့ Password တွေနဲ့ တကွ လူတကာ သိအောင် ရုရှား ဟက်ကာတွေက တင် လိုက် တာကြောင့် ဒီစာရင်းထဲမှာ ကိုယ့်လိပ်စာ ပါသလားဆိုတာ ကြည့်ပြီး မပါခဲ့ဘူး ဆိုရင်တော့ သင်အတွက် ဒါဟာ တကယ့် သတင်းကောင်း ဖြစ်ပါတယ်။ 

အဲဒီ စာရင်းထဲမှာ သင့်လိပ်စာ ပါခဲ့တယ်ဆိုရင်လည်း သတင်းဆိုးလို့ ပြောလို့ရပေမယ့် အခု ထုတ်ပြန်ပေး လိုက်တဲ့ Passwords တွေက အဟောင်းတွေဖြစ်နေတာမိုပ အကောင်းဘက်က ပြန်တွေးကြည့် ရင်လည်း သတင်းကောင်း ဖြစ်ပါလိမ့်မယ်။ 

ဒီအပြင် သင့်အနေနဲ့ နောင်အခါမှာ အားနည်း ချက်ရှိနေတဲ့ Password မျိုးကို ရှောင်ရှား နိုင်မှာမို့ဖြစ် ပါတယ်။ 

ဒိန်းမတ် က အွန်လိုင်း နည်းပညာလုံခြုံရေးပညာရှင်အဖွဲ့ CSIS က ပြောတာက အခု ထုတ်ပြန်လိုက်တဲ့ Passwords အများ စုဟာ လွန်ခဲ့တဲ့ ၃ နှစ်က Passwords တွေ ဖြစ်တယ်လို့ တွေ့ရှိထားတယ်ဆိုပါတယ်။ 

Gmail သုံးစွဲနေသူပေါင်း ကမ္ဘာတ၀န်းမှာ သန်း ၅၀၀ ကျော် ရှိပါတယ်။ ဒီအထဲက ၅ သန်းလောက်ရဲ့ လိပ်စာနဲ့ Passwords တွေကို ရုရှား ဟက်ကာတွေက ထုတ်ပြန်ခဲ့တာပါ။ 

 ဒီကိန်းဂဏန်းကို ကြည့်တာနဲ့ ဂျီမေးလ်သုံးစွဲသူ ၁ ရာခိုင်နှုန်းရဲ့ Passwords တွေဟာ အားနည်းချက် ရှိနေတယ်ဆိုတာ ဖော် ပြတာလို့ ရာဟူးသတင်းတပုဒ်မှာ ရေးထားပါတယ်။ 

ဒီတော့ ဂျီမေးလ်သုံးသူတွေအနေနဲ့ အခါအားလျော်စွာ မိမိရဲ့ Passwords ကို အပြောင်းအလဲ လုပ်ပေးဖို့ လိုသလို အခု နောက်ပိုင်း Gmail ရဲ့ two-step verification စနစ်ကိုလည်း သုံးဖို့ လိုပါလိမ့်မယ်။ 

ဒါဟာ တယ်လီဖုန်းနံပတ်နဲ့ ချိတ်ဆက်ထားတာဖြစ်လို့ ဟက်ကာတယောက်က ကိုယ့်ဂျီမေးလ်ကို ဖောက်ဖို့ ကြိုးစားတဲ့အခါ တယ်လီဖုန်းကို မက်ဆေ့ခ်ျ ၀င်လာပြီး ကိုယ့်အနေနဲ့လည်း သိနိုင်သလို ဟက်ကာတွေလည်း ဆက်ဖောက်ဖို့ အလွန်ခက်ခဲ သွားမှာပါ။  (မြန်မာပြည်မှာတော့ တယ်လီဖုန်းထဲ ပြည်ပ မက်ဆေ့ခ်ျ ဝင်ခွင့် မပြုသေးတာကြောင့် ဒီနည်းက ဟန်မကျသေးပါ)

ရုရှားဟက်ကာတွေ ထုတ်ပြန်လိုက်တဲ့ ဂျီမေးလ် လိပ်စာ စာရင်းက ဒီနေရာမှာ  google_5000000.7z 
ဒေါင်းလုပ် လုပ်ပြီး ကြည့်နိုင် ပါတယ်။ ဒါပေမယ့် ဖိုင်ဆိုက်က အလွန်ကြီးတယ်လို့ အသိပေးထားပါရစေ။ 


အိမ့်သံစဉ် ~ 



.