yest

yes

Movie Category 1

Subscribe Us

Template Information

Test Footer 2

Movie Category 2

Movie Category 3

Pages

Powered by Blogger.
[4] [ဆောင်းပါး] [two] [ဆောင်းပါး]

Movies of The Week

Join This Site On Google Friend

[4] [သတင်း] [one] [သတင်း]
[4] [နည်းပညာ] [two] [နည်းပညာ]
[4] [နည်းပညာ] [one] [နည်းပညာ]

Blog Archive

Movie Category 5

Movie Category 4

One More သုံးနှစ်ပြည့် အမှတ်တရတွေ့ဆုံကြမယ်

| No comment

 ~




One More အစီအစဉ် သုံးနှစ်ပြည့် အမှတ်တရတွေ့ဆုံပွဲကို စက်တင်ဘာလ ၆ ရက်နေ့ နေ့လယ် ၂ နာရီတွင် ရန်ကုန်မြို့၊  ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

One More အစီအစဉ်ကို ၂၀၁၁ သြဂုတ်လတွင် စတင်ခဲ့ခြင်းဖြစ်ပြီးယခုအခါ သုံးနှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။

One More အစီအစဉ် ကိုစာရေးဆရာမောင်သာချို၊  ကာတွန်းအော်ပီကျယ်နှင့် ခေတ်ရနံ့မဂ္ဂဇင်းအယ်ဒီတာ ပြည်သွေးနိုင်တို့ ဦးဆောင်ပြီးစာပေနှင့် အနုပညာနယ်မှ ပုဂ္ဂိုလ်များမှ ၀န်းရံဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

One More အစီအစဉ်သည် လူတစ်ဦးလျှင် တစ်လ ၁၀၀၀ ကျပ် စုဆောင်းပြီးရရှိသမျှ အလှူငွေများကိုလစဉ် ပြန်လည် လှူဒါန်းလျက်ရှိသောအစီအစဉ်ဖြစ်ပါသည်။

ပညာရေး၊  ကျန်းမာရေးတို့ကိုဦးစားပေးလှူဒါန်းပြီး သဘာဝ ဘေးအန္တရာယ်နှင့် စစ်ဘေးဒုက္ခသည်များကိုလည်း လှူဒါန်းခဲ့ကြောင်းသိရသည်။

သုံးနှစ်အတွင်းမြန်မာနိုင်ငံတစ်ဝန်း နေရာပေါင်း၁၉၉နေရာသို့ သိန်းပေါင်း ၄,၅၀၀ ကျော်ခွဲဝေလှူဒါန်းနိုင်ခဲ့ကြောင်းသိရသည်။

 One More အစီအစဉ်သည် အလှူငွေလက်ခံသည့်နေရာရန်ကုန်မြို့ပေါ်တွင် နေရာ ၄၀ ကျော် ရှိပြီးနယ်မြို့ ၄၀ တွင်လည်းအလှူငွေစုဆောင်းလက်ခံသည့် နေရာများထားရှိကြောင်းသိရသည်။

ထို့အပြင် စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားများကလည်းလစဉ်အလှူငွေများပေးပို့လျက်ရှိပြီးမလေးရှား၊  ကိုရီးယား၊  ဂျပန်၊  ထိုင်း နှင့် ဒူဘိုင်းရောက် မြန်မာများကလည်းအခါအားလျော်စွာ လှူဒါန်းလျက်ရှိကြောင်းသိရသည်။

AGD Bank နှင့် မွေး/ရေဘဏ်တို့မှလည်း One More အစီအစဉ်နှင့်သက်ဆိုင်သည့် ကိစ္စရပ်များကို ၀န်ဆောင်မှုအခမဲ့ ကူညီပေးလျက်ရှိပြီး AGD ဘဏ်ခွဲများတွင် ၁,၀၀၀ ကျပ် လှူဒါန်းလျှင်လည်းစာရင်းဖွင့်လက်ခံဆောင်ရွက်ပေးကြောင်းသိရသည်။

One More သုံးနှစ်ပြည့် အမှတ်တရတွေ့ဆုံပွဲသို့ အလှူရှင်များ One More အစီအစဉ်နှင့် ဆက်နွယ်နေသူများစာပေအနုပညာရှင်များတက်ရောက်ကြရန် ဖိတ်ကြားထားကြောင်းသိရသည်။

 



.