yest

yes

Movie Category 1

Subscribe Us

Template Information

Test Footer 2

Movie Category 2

Movie Category 3

Pages

Powered by Blogger.
[4] [ဆောင်းပါး] [two] [ဆောင်းပါး]

Movies of The Week

Join This Site On Google Friend

[4] [သတင်း] [one] [သတင်း]
[4] [နည်းပညာ] [two] [နည်းပညာ]
[4] [နည်းပညာ] [one] [နည်းပညာ]

Blog Archive

Movie Category 5

Movie Category 4

အလှမယ် တခေတ်ဆန်းမှာ ထူးခြားတဲ့ အလှမယ်တဦးရဲ့ ရင်ဖွင့်ချက်

| 1 Comment
  အလှမယ်ယှဉ်ပြိုင်တာတွေ ခေတ်စားနေချိန်မှာပဲ လာမယ့် နိုဝင်ဘာလ ၇ ရက်‌နေ့ ထိုင်းနိုင်ငံမှာ ကျင်းပမယ့် Miss International Queen 2014 ပြိုင်ပွဲကို မြန်မာနိုင်ငံက  သွားရောက် ယှဉ်ပြိုင်မယ့် Miss International Queen Myanmar 2014 အလှမယ် မျိုးကိုကိုစန်းက ထူးခြားတဲ့ အလှမယ် တဦးပါ။ 


အလှမယ် မျိုးကိုကိုစန်း၊ ဓာတ်ပုံ- မျိုးကိုကိုစန်း ဖေ့စ်ဘုတ်

Miss International Queen Myanmar 2014 အဖြစ် ရွေးချယ်ခံထားရတဲ့ မျိုးကိုကိုစန်းက သူ့ရဲ့ ကိုယ်ပိုင် ဖေ့စ်ဘွတ် စာမျက်နှာ က ရေးသားရင်ဖွင့်ချက်တချို့က ဧရာဝတီပရိသတ်တွေ ပိုပြီး စိတ်ဝင်စားကြ မယ် ထင်ပါတယ်။ 

ဒီအတွက် သူရဲ့ ရေးသားရင်ဖွင့်ချက်တွေကို    ကူးယူဖော်
ပြ ပေးလိုက်ပါတယ်။ 



 “ ညီမနာမည်က မျိုးကိုကိုစန်းပါ... နောက်ပြီးး ညီမကမိန်းကလေးအစစ်မဟုတ်ပါဘူး ... မိန်းမလျှာ ခေါ် အရပ်အခေါ်ဆိုရင်တော့ အခြောက်တယောက်ပေါ့။ ညီမအနေနဲ့ နိုင်ငံတကာကို သွားရောက်ယှဉ်ပြိုင်တဲ့ Miss Myanmarတွေကို အရမ်းအားကျလို့ ညီမ Miss Rainbow Ribbon2013ကို ဝင်ပြိုင်ဖြစ်ပြီး Winner 
ဖြစ်လို့ Miss Internationl Queenကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ အရွေးခံရတာပါ။ 

ညီမအခုသွားပြိုင်မယ့် ပြိုင်ပွဲက ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ မိန်းမပုံဝတ် မိန်းမလျာတွေအပေါ် LGBTIQ လို့ခေါ်တဲ့ လိင်စိတ်ခံယူမူ ကွဲပြားသူတွေအပေါ် လူသားအချင်းချင်းး ခွဲခြားဆက်ဆံမှုတွေ ပပျောက်စေရေး ရည်ရွယ်ချက်နဲ့ လုပ်တဲ့ ပွဲတွေဖြစ်ပါတယ်။ 

ညီမတို့ ဗုဒ္ဓဘာသာအနေနဲ့ဆိုရင်တော့ ညီမကို အကောင်းမြင်ချင်မှမြင်ပါလိမ့်မယ်။ မြင့်မြတ်တဲ့ဘဝကို စွန့် လွှတ်တယ်ဆိုပြီးးတော့။ ညီမအနေနဲ့ကတော့ မြင့်မြတ် တယ်ဆိုတာ တန်ဖိုးရှိတာလို့ပဲမြင်ပါတယ်။ 

ကိုယ်နေထိုင်ရာ လူ့အသိုင်းအဝိုင်းကို ကောင်းကျိုးပြုနိုင်ရင် တာဝန်ယူပေးနိုင်ရင် ဒါဟာ မြင့်မြတ်သော လူတစ်ယောက်ပါ ယောက်ျားဖြစ်ခြင်း မိန်းမဖြစ်ခြင်း မိန်းမလျာ ယောက်ျားလျာဖြစ်ခြင်းဆိုတာထက် ညီမတိုရဲ့အပေါ်ယံ အသွင်အပြင်ကိုမကြည့်ဘဲ ညီမတို့ ကြိုးစားနေတဲ့ လုပ်ရပ်ကလေးးတွေကိုပဲ ကြည့်ပေး ကြရင် ညီမကျေးဇူးတင်မိမှာပါရှင့်။ 

အကိုတို့ အမတို့ မောင်တွေ ညီမတွေရဲ့ အားပေးမှုက ညီမအတွက်အား ဖြစ်စေပါတယ်။ တစ်ချို့သော cmt ( ကွန်မန့်) လေးတွေ တွေ့ပေမယ့် ညီမနားလည်ပေးနိုင်ပါတယ်။ 

သူတို့ စိတ်တွေကို ညီမကို အကောင်းမမြင်တောင် ညီမကတော့ အကုန်လုံးကို မေတ္တာထားပါတယ်။ ညီမယုံကြည်ပါတယ်။ ညီမ မေတ္တာမှန်တဲ့ အတွက် ညီမကို ဝိုင်းပြီးနားလည်ပြီး ချစ်ခင်ပေးကြမယ်လို့ ယုံကြည်မိပါတယ်။ 

ဤစာဖတ်သူဖြစ်စေ မဖတ်မိသူဖြစ်စေ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေ စာကိုအဆုံးထိဖတ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်ရှင့် 

Arr bwarrr mwak mwak 

မျိုးကိုကိုစန်း ..... 




.