yest

yes

Movie Category 1

Subscribe Us

Template Information

Test Footer 2

Movie Category 2

Movie Category 3

Pages

Powered by Blogger.
[4] [ဆောင်းပါး] [two] [ဆောင်းပါး]

Movies of The Week

Join This Site On Google Friend

[4] [သတင်း] [one] [သတင်း]
[4] [နည်းပညာ] [two] [နည်းပညာ]
[4] [နည်းပညာ] [one] [နည်းပညာ]

Blog Archive

Movie Category 5

Movie Category 4

၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည် မဟုတ်

| No comment
ယခုနှစ်အတွင်း ကျင်းပရန်ရှိတဲ့ ကြားဖြတ်ရွေးကောက်ပွဲကို အခြေအနေများကြောင့် ကျင်းပဖို့ မရှိတော့ဘူး လို့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ပြောပါတယ်။ 




Burma Cancels Planned Parliamentary By-Elections
http://www.irrawaddy.org/burma/burma-cancels-planned-parliamentary-elections.html

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးကယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ အမှတ် (၁၀) ရွှေလီလမ်းရှိ မြန်မာနိုင်ငံငြိမ်းချမ်း ရေးပြန်လည် ထူထောင်ရေးလုပ်ငန်းဗဟိုဌာန (MPC) ၌ ရန်ကုန် တိုင်းဒေသကြီးရှိ နိုင်ငံရေးပါတီင်္များမှ ကိုယ်စားလှယ်တွေ့ဆုံစဉ်မှာ အခုလို ပြောကြားလိုက်တာ လို့ ပြန်

ကြားရေး ၀န်ကြီးဌာန က ထုတ်ပြန်ကြေညာပါတယ်။ 

တွေ့ဆုံပွဲမှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၊ ကော်မရှင်အဖွဲ့ဝင်ဦးဝင်းကြည်၊ ဦးဝင်းကို ၊ကော်မရှင် အတွင်းရေးမှုး ဦးတင်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီးကော်မရှင် ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်များ၊ ရန်ကုန်အခြေစိုက်နိုင်ငံရေး ပါတီိ(၃၅) ပါတီတို့က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့တာဖြစ်ပါတယ်။ 

"တွေ့ဆုံပွဲ အပြီးတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် မီဒီယာ များနှင့် တွေ့ဆုံ၍ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနိုင်မှုအခြေအနေများအား သုံးသပ်တင်ပြပြီး ကြားဖြတ်
ရွေးကောက် ပွဲ ကျင်းပရန် မရှိတော့ကြောင်း၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး အတွက် ပြင် ဆင်မှု အခြေအနေနှင့် မဲစာရင်းကောက်ယူမှု ရှေ့ပြေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး မီဒီယာများ၏ သိရှိလိုသည့် မေးမြန်းချက်များကို ပြန်လည်ရှင်း လင်းပြောကြား သည်" လို့ ပြန်ကြားရေး ၀က်ဆိုက်မှာ ရေးပါတယ်။ 

ဦးတင်းအေးက မနေ့က ပြောတာမှာ ဒုတိယအကြိမ် ကြားဖြတ်ရွေးကောက်ပွဲအတွက် လစ်လပ်နယ်မြေက ၃၅ နေရာသာဖြစ်တာမို့ လွှတ်တော်တွေကို သက်ရောက်မှုလည်း မရှိတာ အပါအ၀င် ပါတီသစ်တွေ အတွက်အချိန်မရဖြစ်တော့ ဥပဒေအရ ပါတီတွေက အနည်းဆုံး ၃ နေရာ ရွေးကောက်ပွဲ မ၀င်ရင် ပါတီပျက်မယ့် အရေးလည်း ရှိတဲ့ ကိစ္စအပါအဝင် ကြားဖြတ်ရွေးကောက်ပွဲ မလုပ်ဖြစ်တဲ့ အကြောင်းတွေကို ရှင်းသွားပါတယ်။ 

 အခုလို ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပတော့ဘူးလို့ ကော်မရှင်က ပြောဆိုလိုက်တဲ့အတွက် နိုင်ငံရေး ပါတီတွေနဲ့ နိုင်ငံရေးအဖွဲ့တွေကလည်း အမျိုးမျိုး တုံ့ပြန်ပြောဆိုနေမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ 


အိမ့်သံစဉ် ~ 

ဆက်စပ်
Burma Cancels Planned Parliamentary By-Elections
http://www.irrawaddy.org/burma/burma-cancels-planned-parliamentary-elections.html