yest

yes

Movie Category 1

Subscribe Us

Template Information

Test Footer 2

Movie Category 2

Movie Category 3

Pages

Powered by Blogger.
[4] [ဆောင်းပါး] [two] [ဆောင်းပါး]

Movies of The Week

Join This Site On Google Friend

[4] [သတင်း] [one] [သတင်း]
[4] [နည်းပညာ] [two] [နည်းပညာ]
[4] [နည်းပညာ] [one] [နည်းပညာ]

Blog Archive

Movie Category 5

Movie Category 4

ထိုင်းနိုင်ငံရဲ့ ကမ္ဘာလှည့်ခရီးသွား ဆွဲဆောင်မှု တခု

| No comment
ထိုင်းနိုင်ငံ တောင်ပိုင်း ဆန်ခရပူရီဒေသဟာ မွန်လူမျိုးစုတွေ အများဆုံး နေထိုင်တဲ့ နေရာဖြစ်ပါတယ်။ ဘာသာရေး ကိုင်းရှိုင်းပြီ နေ့စဉ်နံနက်တိုင်း သံဃာတော်များအား ဆွမ်း၊ ခဲဖွယ်တို့ကို အစဉ်လှူဒါန်း လျှက်ရှိပါတယ်။ 



 နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားတွေကလည်း မွန်ရိုးရာ အ၀တ်အစားတွေကို ၀တ်ဆင်ကာ ဆန်၊ ဆွမ်း၊ ခဲဖွယ်တွေကို မွန်တွေလိုပဲ ခေါင်းပေါ်ရွက်တာကို သဘောကျကြပြီး သူတို့ ကိုယ်တိုင် လိုက်ပါလုပ်ဆောင်ကြ တယ်လို့ ဘန်ကောက်ပို့စ် သတင်းတခု မှာဖော်ပြပါတယ်။

 မွန်ဓလေ့အရ အလှူအတန်းပြီးသွားကြတဲ့အခါ တံဘက်အစရှိတာကို ဦးခေါင်းပေါ် ခွေတင်၊ အလှူပစ္စည်း ထည့်လာကြ တဲ့ လင်ပန်း၊ ပန်းကန်၊ ခွက်၊ စတာတွေကို ခေါင်းပေါ်မှာ ရွက်ကြလေ့ရှိကြတာပါ။ 

ဆန်ခရပူရီအရပ်က မွန်လူမျိုစုတို့ရဲ့ မနက်တိုင်း သံဃာဆွမ်းလောင်းတာကို နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွား  တွေက အလွန်စိတ်ဝင်စားကြတာမို့ တကူးတက လာလေ့ရှိပြီး မှတ်တမ်းတွေ ရိုက်ကူးလေ့ ရှိတယ်လို့ ဆန်ခရပူရီက မွန် မိတ်ဆွေတဦးကလည်း ဧရာဝတီကိုရှင်းပြပါတယ်။ 

ထိုင်းနိုင်ငံဟာ တိုးရစ်ဇင်းနဲ့ ပတ်သက်မယ့် ယဉ်ကျေးမူတွေကို အဓိကထားပြီး ဆွဲဆောင်တတ်ပါတယ်။  
နိုင်င်ငံခြား ခရီးသွားဧည့်သည်တွေကို ကောင်းမွန်တဲ့ ၀န်ဆောင်မူတွေနဲ့ လုံခြုံမူတွေကိုပါ ထည့်သွင်း  
ဆောင်ရွက်ပေးတာကြောင့် ထိုင်းနိုင်ငံရဲ့ တိုးရစ်ဇင်ဟာ တနှစ်ထက်တနှစ် များပြားလာတာဖြစ်ပါတယ်။

ဘာသာရေးပွဲတော်ကျင်းပပြုလုပ်တဲ့အခါမှာလဲ ရိုးရာ ယဉ်ကျေးမူကိုထိန်းသိမ်းပြီးကျင်းပပြုလုပ်တဲ့အတွက်  
နိုင်ငံခြားသားများအတွက် ဆွဲဆောင်မူဖြစ်စေခဲ့ပါတယ်။ 

မြန်မာနိုင်ငံမှာ တိုင်းရင်းသား လူမျိုးစုများစွာ ရှိပြီး ချစ်မြတ်နိုးဖွယ် ဓလေ့ထုံးစံတွေကို အခြေခံပြီး ကမ္ဘာလှည့် ခရီးသွားတွေကို ဆွဲဆောင်မှု မရှိသလောက်နည်းပါးနေပါသေးတယ်။ 

ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဟာ မီးခိုးမထွက်တဲ့ စက်ရုံကြီးတခုလည်း ဖြစ်တယ်ဆိုတာ မြန်မာ ခေါင်း
ဆောင်များ သိထားသင့်တဲ့အချက်တခုပါ။ 


 အိမ့်သံစဉ် ~


 ဓာတ်ပုံ-(Jetjaras Na Ranong-ဘန်ကောက်ပိုစ်)