yest

yes

Movie Category 1

Subscribe Us

Template Information

Test Footer 2

Movie Category 2

Movie Category 3

Pages

Powered by Blogger.
[4] [ဆောင်းပါး] [two] [ဆောင်းပါး]

Movies of The Week

Join This Site On Google Friend

[4] [သတင်း] [one] [သတင်း]
[4] [နည်းပညာ] [two] [နည်းပညာ]
[4] [နည်းပညာ] [one] [နည်းပညာ]

Blog Archive

Movie Category 5

Movie Category 4

ဗြိတိန် တဦးကို ခေါင်းဖြတ်သတ်တဲ့ ဗီဒီယို IS ထုတ်ပြန်

| 2 Comments
.

အီရတ်နဲ့ ဆီးရီးယားမှာ လှုပ်ရှားနေတဲ့ အစ္စလမ်မစ် နိုင်ငံတော် IS အဖွဲ့က ဗြိတိန်နိုင်ငံသား အကူအညီ 
ပေးရေး လုပ်ဆောင်နေခဲ့သူ David Cawthorne Haines ကို ခေါင်းဖြတ်သတ်တဲ့ ဗီဒီယိုကို မနေ့က ထုတ်ပြန်လိုက်ပါတယ်။ 


IS အဖွဲ့က လွန်ခဲ့တဲ့ ၂ နှစ်လောက်က ပြန်ပေးဆွဲခံထားရပြီး ပျောက်ဆုံးနေခဲ့တဲ့ အမေရိကန်သတင်း 
ထောက် ၂ ဦးကို ခေါင်းဖြတ်သတ်တဲ့ ဗီဒီယိုပြီးရင် IS အဖွဲ့ရဲ့ တတိယ မြောက် ထုတ်ပြန်တဲ့ ဗီဒီယို ဖြစ်ပါ တယ်။ 

အခု ဗြိတိန်နိုင်ငံ အကူအညီပေးရေး လုပ်ဆောင်နေသူကို IS စစ်သွေးကြွတွေက ခေါင်းဖြတ်သတ်ပြီး ဗြိတိန်ကိုလည်း ခြိမ်းခြောက်မှုလုပ်ကာ IS တပ်ဖွဲ့တွေကို ဆင်နွှဲနေတဲ့ အမေရိကန် ဦးဆောင်တဲ့ နိုင်ငံစုံ မဟာမိတ်တပ်ဖွဲ့မှာ ပူးပေါင်းပါဝင်မှုကို ချက်ချင်း ရပ်တန့်ဖို့ သတိပေးခြိမ်းခြောက်ခဲ့တာပါ။ 

အမေရိကန် သတင်းထောက် ၂ ဦးကို ခေါင်းဖြတ်သတ်ခဲ့စဉ်က အမေရိကန် သမ္မတ အိုဘားမားနဲ့ အမေရိကန်ကို ခြိမ်းခြောက်သတိပေးမှုတွေ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် သမ္မတ အိုဘားမားက တော့ IS စစ်သွေးကြွတွေကို တိုက်ခိုက်ခြေမှုန်းမှုကို အရှိန်မြှင့် လုပ်ဆောင်နေတာပါ။ 

အခုနောက်ဆုံး ထုတ်ပြန်တဲ့ IS ရဲ့ ဗီဒီယိုမှာ အရင် တုန်းက လိုပဲ ဗြိတိန်နိုင်ငံသား David Cawthorne Haines ကို ဒူးထောက်ခိုင်းပြီး လိမ္မော်ရောင် အထက်အောက် ၀မ်းဆက်အဝတ်အစားဝတ်ပေးထားပြီး ကတုံးတုံးထားပါတယ်။ 

အမည်းရောင် တကိုယ်လုံး ဝတ်ဆင်ထားပြီး မျက်စေကိုသာ မထင်မရှား ဖွင့် ထား တဲ့ IS စစ်သွေးကြွ တဦး က ဒေးဗစ်ဘေးမှာ ရပ်ပြီး အမေရိကန်နဲ့ ဗြိတိန်ပါဝင်တဲ့ မဟာမိတ်တွေကို ခြိမ်းခြောက်စကား ပြောဆိုနေ တာတွေ့ ရပါတယ်။ 

အသက် ၄၄ နှစ်ရှိပြီ ဖြစ်တဲ့ ဗြိတိန်နိုင်ငံသား ဒေးဗစ်ကို သူတို့ ရေးထားတဲ့ ဗြိတိန်နဲ့ နိုင်ငံတကာ 
ခေါင်းဆောင်တွေကို အပြစ်တင်ထားတဲ့ စာကို အဓမ္မ ဖတ်ခိုင်းပါတယ်။ 

 ဒေးဗစ် ရွတ်ပြသွားတာတွေကတော့ …. 

 “I would like to declare that I hold you, David Cameron, entirely responsible for my execution,” 

 “You entered voluntarily into a coalition with the United States against the Islamic State.” 

“Unfortunately, it is we the British public that in the end will pay the price for our Parliament’s selfish decisions.” တို့ကို ဒေးဗစ်ဟာ သူ ခေါင်းဖြတ်အသတ်မခံရခင် ရွတ်သွားခဲ့ရပါတယ်။


 IS စစ်သွေးကြတွေက ဘယ်လိုပဲ ခြိမ်းခြောက်နေနေ အမေရိကန်နဲ့ မဟာမိတ်တွေကတော့ IS အဖွဲ့ အခြေစိုက်တဲ့ အီရတ်နိုင်ငံထဲက ဒေသတွေကို စစ်ဆင်ရေး တွေ အရှိန်မြှင့် လုပ်ဆောင်နေပါတယ်။





အိမ့်သံစဉ် ~