yest

yes

Movie Category 1

Subscribe Us

Template Information

Test Footer 2

Movie Category 2

Movie Category 3

Pages

Powered by Blogger.
[4] [ဆောင်းပါး] [two] [ဆောင်းပါး]

Movies of The Week

Join This Site On Google Friend

[4] [သတင်း] [one] [သတင်း]
[4] [နည်းပညာ] [two] [နည်းပညာ]
[4] [နည်းပညာ] [one] [နည်းပညာ]

Blog Archive

Movie Category 5

Movie Category 4

လွတ်လပ်စွာ သွားလာနေတဲ့ ထိုင်း ဝန်ကြီးချုပ်ဟောင်း ယင်လတ်

| 1 Comment

ထိုင်း ဝန်ကြီးချုပ်ဟောင်း မစ္စ ယင်လတ်ရဲ့ အသစ်စက်စက် ဓာတ်ပုံတွေပါ။   ကိုယ်ပိုင် 
ဖေ့စ်ဘုတ် အကောင့် ကနေ စက်တင်ဘာလ ၁ ရက်နေ့က  ထိုင်းရဲ့ သင်္ကေတ တခုဖြစ်တဲ့ အယုဒ္ဓယ  ရေပေါ် ဈေးကို အလည်သွားတဲ့ မှတ်တမ်း ဓာတ်ပုံတွေကို ဖော်ပြခဲ့တာဖြစ်ပါတယ်။ 


 ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စ ယင်လတ်၊ ဓာတ်ပုံ- မစ္စယင်လတ်ရဲ့ ကိုယ်ပိုင် ဖေ့စ်ဘုတ်

အယုဒ္ဓယ ရေပေါ် ဈေးဆိုတာ ထိုင်း လက်မှု ပစ္စည်းတွေ၊ ရိုးရာ လက်ဆောင်ပစ္စည်းတွေ၊ ကစားစရာတွေ၊ အဝတ်အစား၊ ကျောက်မျက်ရတနာတွေနဲ့ အစားအသောက်တွေလည်း စုံစုံလင်လင် ရတဲ့ နေရာတခုပါ။ 

အရင်က ဝန်ကြီးချုပ်ဆိုတဲ့ ကြီးလေးတဲ့ တာဝန်ဝတ္တရားတွေ ထမ်းဆောင်စဉ်တုန်းက ဒီလို ရေပေါ် 
ဈေးလေးကို မစ္စယင်လတ်တယောက် လွတ်လွတ်လပ်လပ် လာဖို့ ဆိုတာ မလွယ်ကူပါဘူး။ အခုတော့ လွတ်လပ်စွာနဲ့ပဲ ထိုင်း ယဉ်ကျေးမှု အပြည့်အဝကို ခံစားခွင့် ရစေတဲ့ နေရာကို လွတ်လပ်ပေါ့ပါးစွာလည်ပတ်လို့ ရနေတယ်လို့လည်း သူက ရေးသားထားပါတယ်။ 

မစ္စယင်လတ်ဟာ အာဏာဆိုတဲ့ လေးလံတဲ့ ဝန်ထုပ် ဝန်ပိုးကြီး မရှိတဲ့နောက် သူ့အပြုံးတွေက ပိုမိုလန်းဆန်း လာတယ်လို့ မှတ်ချက်ပေးသူတချို့က ဆိုကြပါတယ်။ 

အခု ဓာတ်ပုံတွေထဲမှာ မြင်တွေ့ရမယ့် မစ္စယင်လတ်ဟာ အယုဒ္ဓယမှာ ရှိတဲ့ ရေပေါ် ဈေးကို အလည်အပတ် သွားရင်း အမှတ်တရ ဓာတ်ပုံတွေ ရိုက်ခဲ့တာဖြစ်ပါတယ်။ 

သူဟာ ဝန်ကြီးချုပ် မဟုတ်တော့ပေမယ့် အောက်ခြေ လူထုရဲ့ ထောက်ခံမှု ကို ရရှိနေဆဲဖြစ်ပြီး Celebrity တဦးလို အများကလည်း သူနဲ့ တွဲပြီး ဓာတ်ပုံရိုက်ဖို့ အခွင့်အရေးကို ရှာဖွေ လေ့ ရှိပါတယ်။ 

ထူးခြားတာတခုက အရင်က သားဖြစ်သူနဲ့ အမြဲ တွဲပြီး ဓာတ်ပုံတွေ ရိုက်ကာ ဖေ့စ်ဘုတ်ပေါ် တင်လေ့ ရှိပေမယ့် အခု စက်တင်ဘာလ ၁ ရက်နေ့ ညပိုင်းက တင်တဲ့ဓာတ်ပုံတွေမှာ သားဖြစ်သူကို မတွေ့ရပါဘူး။ 

ထိုင်းနိုင်ငံ က အောက်ခြေ ဆင်းရဲသား ပြည်သူ အများစုက မစ္စယင်လတ်ကို သူတို့ရဲ့ ဝန်ကြီးချုပ် မဟုတ်တော့ပေ မယ့် သူ့ရဲ့ ဖက်ရှင်၊ အလှတရားတွေကို ချီးမွမ်းထောပမာ ပြုလေ့ ရှိပြီး ချစ်ခင်မြတ်နိုးကြပါတယ်။



အိမ့်သံစဉ် ~