yest

yes

Movie Category 1

Subscribe Us

Template Information

Test Footer 2

Movie Category 2

Movie Category 3

Pages

Powered by Blogger.
[4] [ဆောင်းပါး] [two] [ဆောင်းပါး]

Movies of The Week

Join This Site On Google Friend

[4] [သတင်း] [one] [သတင်း]
[4] [နည်းပညာ] [two] [နည်းပညာ]
[4] [နည်းပညာ] [one] [နည်းပညာ]

Blog Archive

Movie Category 5

Movie Category 4

အွန်လိုင်းထဲရောက်လာတဲ့ မေမြတ်နိုးဓာတ်ပုံတချို့

| 8 Comments
အငြင်းပွားမှုတွေဖြစ်နေတဲ့ မေမြတ်နိုး၊ တောင်ကိုရီးယားအခြေစိုက် Miss Asia Pacific World အဖွဲ့အစည်းတို့နဲ့ ပတ်သက်ပြီး စိတ်ဝင်စားဖွယ် ဓာတ်ပုံတချို့ အွန်လိုင်းထဲ ရောက်လာပါတယ်။  





ဒီပုံတွေကို ဘယ်သူတွေက ဘာရည်ရွယ်ချက်နဲ့ တင်တာလဲ၊ ပုံတွေအားလုံးက အစစ်အမှန်လား၊ ဘယ်တုန်းက ဘယ်မှာ ရိုက်ကူးထားတာလဲ ဆိုတာကတော့ ဘာမှ မသိရပါ။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာတော့ ...  Miss Asia Pacific World အဖွဲ့အစည်းက သူ့ကို သူခိုး၊ လိမ်ညာသူ လို့ ပြောဆိုခဲ့မှုတွေကို ပြန်တောင်းပန်မှ သရဖူကို ပြန်အပ်မယ်လို့လည်း မေမြတ်နိုးက ပြောထားပါတယ်။ 


 နောက်ပြီး ရင်သားခွဲစိတ်မှုကိုလည်း မပြုလုပ်ခဲ့ဘူးလို့ မေမြတ်နိုးက ငြင်းဆိုထားတာပါ။ 

 မေမြတ်နိုးနဲ့ပတ်သက်တဲ့ အသက် ကိုလည်း အလှမယ် ပြိုင်ပွဲ စတင်ကတည်းက အမှန်အတိုင်း ၁၆ နှစ် အဖြစ် ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်လို့ ဆိုလိုချင်တဲ့သဘောကို ဓာတ်ပုံတပုံမှာ တွေ့ရပါတယ်။ 

 နောက်တချက်က ရင်သားအစားထိုး ဖို့ အတင်းဖိအားပေးခံခဲ့ရတယ်လို့ မေမြတ်နိုးဘက်က ပြောဆိုခဲ့ပြီး ရင်သားခွဲစိတ်မှု မလုပ်ခဲ့ဘူးလို့ ငြင်းဆိုထားမှုတွေကို စဉ်းစားစရာဖြစ်သွားနိုင်မယ့် ဓာတ်ပုံလည်း ပါပါတယ်။ 

အဲဒီ ခွဲစိတ်ခန်းလိုလို၊ ကျန်းမာရေးဝန်ဆောင်မှုတခုခုပေးတဲ့အခန်းလိုလိုမှာ တွေ့ရတဲ့ အမျိုးသမီးက မေမြတ်နိုးနဲ့ ဆင်တူပါတယ်။ သူလည်း ဖြစ်နိုင်သလို တခြားတယောက်လည်း ဖြစ်နိုင်ပါတယ်။

ကိုရီးယားမယ်ပြိုင်ပွဲအဖွဲ့ကတော့ မေမြတ်နိုးရဲ့အလှအပအတွက် ခွဲစိတ်ပြုပြင်ရေးကျွမ်းကျင်သူ ဆယ်ဦးကို အပ်ထားခဲ့တယ်လို့ ပြောထားတာကို  http://blog.irrawaddy.org/2014/09/blog-post_62.html မှာ ရေးထားပါတယ်။ ကျွမ်းကျင်သူ ၁ဝ ဦး စီစဉ်ထားတယ် ဆိုတော့လည်း ဒီအခန်းဟာ ခွဲစိတ်ခန်း ဟုတ်ပါ့မလားလို့လည်း သံသယ၀င်စရာ ဖြစ်ပါလိမ့်မယ်။
  


ဒီစာအုပ်ဟာ လွန်ခဲ့တဲ့ လအနည်းငယ်ကတည်းက ဖော်ပြထားတဲ့ အလှမယ် ပြိုင်ပွဲနဲ့ပတ်သက်ပြီး အလှမယ်တဦးချင်းစီ အကြောင်းရေးထားတဲ့ စာအုပ်၊  မေမြတ်နိုးနဲ့ပတ်သက်တဲ့ ရေးသားဖော်ပြချက်၊ အသက် ၁၆ နှစ်လို့ တရားဝင် ဖော်ပြထားတဲ့  မှတ်တမ်း စာအုပ်လို့ ယူဆနိုင်ပါတယ်။


စားပွဲပုံစံအရ ဆိုရင် ဒါဟာ ဝန်ဆောင်မှုတခုခုပေးတဲ့ဌာနတခုခုရဲ့ ဧည့်ခန်းဖြစ်ပါလိမ့်မယ်
 ဒါက  မေမြတ်နိုး နဲ့ သူ့မိခင် ဖြစ်ပါလိမ့်မယ်
 
အလှမယ် မေမြတ်နိုးနဲ့ ကိုရီးယားအဖွဲ့ကြား ပဋိပက္ခက အင်မတန် ရှုပ်ထွေးပါတယ်။ နှစ်ဘက်စလုံးက ငါ့ဘက်က မမှား၊ သူ့ဘက်ကသာ မှားတယ်လို့ ပြောနေကြတာပါ။
ဒီပဋိပက္ခအကြောင်း  နောက်ဆက်တွဲတွေ ထပ်လာဦးမယ်လို့ ယူဆရပါတယ်။

အိမ့်သံစဉ် ~

  • ဆက်စပ်
တရားဝင်တောင်းပန်မှ သရဖူပြန်ပေးမယ်ဟု မေမြတ်နိုး တုန့်ပြန်
http://burma.irrawaddy.org/entertainment/2014/09/02/64061.html