yest

yes

Movie Category 1

Subscribe Us

Template Information

Test Footer 2

Movie Category 2

Movie Category 3

Pages

Powered by Blogger.
[4] [ဆောင်းပါး] [two] [ဆောင်းပါး]

Movies of The Week

Join This Site On Google Friend

[4] [သတင်း] [one] [သတင်း]
[4] [နည်းပညာ] [two] [နည်းပညာ]
[4] [နည်းပညာ] [one] [နည်းပညာ]

Blog Archive

Movie Category 5

Movie Category 4

ဥပဒေနဲ့မညီတာတွေ ရန်ကုန်မြို့တော်စည်ပင် လုပ်နေသလား

| No comment

 ~






၂၀၁၃ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေအရ   ရန်ကုန်မြို့တော်စည်ပင်သာယာရေး
ကော်မတီ ရွေးကောက်ပွဲကော်မရှင်ကို ဖွဲ့စည်းရမည်ဖြစ်သည်။
ထိုကော်မရှင်၏ တာဝန်မှာ  ကော်မတီအသစ်ကို ဖွဲ့ပြီး  ထိုကော်မတီသစ်က
ခရိုင်၊ မြို့နယ်အဆင့်ဆင့် ရွေးကောက်ပွဲကော်မရှင်များ ပေါ်ပေါက်ရေး လုပ်ဆောင်ရမည်ဖြစ်သည်။

ယခုအချိန်အထိ ကော်မရှင်ကို ဖွဲ့စည်းနိုင်ခြင်း မရှိသေးပေ။

သို့သော်လည်း ကော်မတီအသစ်ကို ဖွဲ့စည်းပေးနိုင်ရန် ရန်ကုန်စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့် ရွေးကောက် တင်မြောက်ခြင်းဆိုင်ရာ  နည်းဥပဒေများ ၂၀၁၄ ခုနှစ် သြဂုတ် ၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

လက်ရှိ ကော်မတီသည် လုပ်ပိုင်ခွင့်

မရှိဘဲ   နည်းဥပဒေများ ရေးဆွဲခြင်း၊
ထိုနည်းဥပဒေများသည်  အခြေခံဥပဒေဆိုင်ရာ နိုင်ငံသားတို့၏ အခွင့်အရေးကို ဆန့်ကျင်နေခြင်း၊ ဌာနအသီးသီးကလည်း ကော်မတီ၏ အမိန့်၊ ညွှန်ကြားချက်တို့ကို လိုက်နာ အကောင်အထည်ဖော်နေရခြင်း စသည့်အချက်များကို တွေ့ရသည်ဟု ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းလွှတ်တော်အမတ် ဒေါက်တာညိုညိုသင်းက ပြောသည်။
 
ထို့ကြောင့် ကော်မတီကို အသစ်ပြန်လည်ပြင်ဆင်နိုင်ရန် သြဂုတ် ၂၆ ရက်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ဒေါက်တာညိုညိုသင်းက  အဆိုတင်ခဲ့သည်။ 

“ဒီဥပဒေကို ကန့်ကွက်တာ မဟုတ်ဘူး။ ဥပဒေကို လက်ခံတယ်၊ ဒါပေမယ့် ဥပဒေကိုကျော်လွန်တဲ့ ကော်မတီဖွဲ့စည်းမှုတွေကြောင့် ဒီလိုကော်မတီကို အသစ်ပြန်ဖွဲ့ဖို့ တောင်းဆိုတာပါ”
ဟု ဒေါက်တာညိုညိုသင်းက ရှင်းပြသည်။ 
 
ဥပဒေဘောင်ကိုကျော်လွန်လုပ်ကိုင်နေသောကြောင့် ထုတ်ပြန်ထားသည့်နည်းဥပဒေကို ဖျက်သိမ်းပေးရန် သူ၏ တင်သွင်းချက်မှာ လွှတ်တော်တွင်  ရှုံးနိမ့်သွားသည်။

သူက အလျှော့ပေးခြင်း မရှိဘဲ ခုံသမာဓိရုံးသို့တင်ပို့ကာ အဆုံးအဖြတ်ရယူသွားမည်ဟု ဆိုသည်။
 
“ကျမအနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့အတိုင်း အဆင့်ဆင့်တင်ပြသွားမှာပါ” ဟု ပြောသည်။

 သင်္ဃန်းကျွန်းမြို့နယ် အမှတ်(၁) လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကလည်း “မဖွဲ့ရသေးဖူးတဲ့၊ မရှိသေးတဲ့ ကော်မတီကနေ တာဝန်ပေးတယ် အမိန့်ပေးတာတွေဖြစ်နေတယ်။ လက်ရှိကော်မတီကို ဖျက်သိမ်းပြီး အသစ်ပြန်ဖွဲ့ပြီးတော့  နည်းဥပဒေရေးဆွဲပြီး အကောင်အထည်ဖော်ရမှာ ဖြစ်ပါတယ်။
ခုက အဲဒီလိုမဟုတ်ဘဲ အရင်ကော်မတီကပဲ ဆုံးဖြတ်လုပ်ဆောင်နေတာ” ဟု  ပြောသည်။

၂၀၁၃  ဥပဒေတွင် ရန်ကုန်မြို့ ခရိုင်လေးခုမှ ကိုယ်စားလှယ်လေးဦး အပါအ၀င် ကော်မတီဝင် ကိုးဦးဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကို ဖွဲ့စည်းရမည်ဟု ဖော်ပြထားကြောင်း သိရသည်။

“ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကို လူထုရွေးကောက်တဲ့ ကိုယ်စားလှယ်တွေနဲ့ ပြန်မဖွဲ့နိုင်သေးဘဲနဲ့ ကော်မတီ မရှိသေးဘဲနဲ့ ခရိုင်ကော်မရှင်၊ မြို့နယ်ကော်မရှင် အဖွဲ့ခွဲတွေကို ဖွဲ့စည်းဆောင်ရွက်နေပါတယ်။
ဒါကြောင့်  ဥပဒေအရ ကြည့်မယ်ဆိုရင် အင်မတန်မှ လွဲချော်နေပါတယ်။
၂၀၁၃ ခုနှစ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေအရ ဖွဲ့စည်းတဲ့ ကော်မတီကဘဲ မြို့နယ်ကော်မရှင်တွေ ဖွဲ့ခွင့်ပေးထားတာပါ။
ဒါကြောင့် ပြည်သူတွေ ပါတဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အရင်ဖွဲ့ရပါမယ်။”
ဟု ဒေါက်တာညိုညိုသင်းက ဆိုသည်။

 ၂၀၁၃ ဥပဒေတွင် ထပ်မံဖွဲ့စည်းမည့် ကော်မတီအဆင့်ဆင့်ကို ဖွဲ့စည်းရာတွင် မည်သူ့ကိုမျှ ၀င်ရောက်ရွေးချယ်ခွင့် ပေးမထားချေ။

ယခုထုတ်ပြန်ခဲ့သည့်    နည်းဥပဒေတွင်မူ ဖွဲ့စည်းမည့် ကော်မတီအသီးသီးတွင် ကော်မတီဝင်အဖြစ် ၀င်ရွေးချယ်ရန် အမည်စာရင်းကို မှတ်ပုံတင်ကြေး ၃  သိန်း ပေးကာ ဝင်ရွေးခံနိုင်ကြောင်း ဖော်ပြပါရှိသည်။

“ဒီလိုဝင်ရွေးနိုင်တယ်ဆိုပြီး ပါနေတာက မူလဥပဒေက ပေးမထားတဲ့ လုပ်ပိုင်ခွင့် အခွင့်အာဏာတွေကိုကျင့်သုံးပြီး လက်ရှိရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသည်
ဒီနည်းဥပဒေကို ရေးဆွဲခဲ့ခြင်းဖြစ်နေတာကြောင့် ဒီဥပဒေကိုကန့်ကွက်ပါတယ်” ဟု ဒေါက်တာညိုညိုသင်းကပြောသည်။

ထို့ပြင် အဆိုပါထုတ်ပြန်ထားသည့် ယင်းနည်းဥပဒေများအခန်း ၁၁ တွင်  ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများနှင့် ပတ်သက်၍ ကန့်သတ်မှုများစွာရှိကြောင်း၊  အရည်အချင်း ကန့်သတ်ချက်များကို ကြည့်ပါက
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဖြစ်ရန်မှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်ဖြစ်ဖို့ထက်ပင် ခဲယဉ်းနေကြောင်း ဒေါက်တာညိုညိုသင်းက ပြောကြားသည်။

“စကတည်းက မမှန်တာပါ။ ခု ထပ်ထုတ်ပြန်တဲ့ နည်းဥပဒေကျတော့လည်း တရားမျှတမှု မရှိဘူး။ ဒီမိုကရေစီဆိုပြီးသာပြောတယ်။
ဖွဲ့စည်းတာ မရှိတာကို အရင်ကော်မတီကပဲ နည်းဥပဒေ ထုတ်တယ်။ ဒါက တချက်။
 နောက်တချက်ကျတော့ လည်းရွေးကောက်ခံရမယ့်လူကျတော့လည်း ပြည်သူ မပါနိုင်အောင် တားထားတယ်။
ဒီတော့ ၂၀၁၃ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥပဒေကို ပြန်ပြင်မှရမယ်” ဟု ဒေါ်ညိုညိုသင်းက ဆိုသည်။

 ၂၀၁၃   ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းဝေးတွင်လည်း
အတည်ပြုခဲ့သော  ‘၂၀၁၃ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥပဒေ’ ကို ပြင်ဆင်သည့်ဥပဒေကြမ်းအား ဒေါက်တာညိုညိုသင်းက တင်သွင်းခဲ့ကြောင်း၊
 ၎င်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရက လက်မခံခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

  • မြို့တော်ဝန်၏ တုန့်ပြန်ချက်

“ဒါက တင်သွင်းလာတဲ့သူက ဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်မှုနဲ့ ဥပဒေအနက် အဓိပ္ပာယ်ဖွင့်ဆိုမှုအပေါ်မှာ ကျယ်ပြန့်စွာ စဉ်းစားတာ မရှိခဲ့ပါဘူး။
စကားလုံး အသုံးကိုသာ ကြည့်ခဲ့တာ ဖြစ်ပါတယ်။ စကားရပ်အနက် အဓိပ္ပာယ်ကို ဖွင့်ဆိုတာမှာ  တည်ဆဲဥပဒေနဲ့ ဥပဒေက လမ်းညွှန်တွေကို ပြဋ္ဌာန်းထားပါတယ်။
ဒီလမ်းညွှန်ချက်အတိုင်း နည်းဥပဒေကို ရေးဆွဲထားတာပါ။ ဒါကြောင့် ဥပဒေအရ ဒီနည်းဥပဒေက တည်ဆဲဥပဒေတွေနဲ့ ညီပါတယ်”ဟု မြို့တော်ဝန်ဦးလှမြင့် ပြောသည်။

ထို့အပြင် ခေတ်အဆက်ဆက် စည်ပင်သာယာရေး ဥပဒေကို ကျင့်သုံးနေကြောင်း၊ ၁၉၉၀ စည်ပင်သာယာရေးဥပဒေအရ ယခုနည်းဥပဒေကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း  ပြောကြားခဲ့သည်။

ယခုအခါ လွှတ်တော်တွင်း မဲခွဲမှုအရ အဆို ရှုံးနိမ့်သွားသည့်အတွက် ၂၀၁၄  သြဂုတ် ၁   ရက်စွဲဖြင့်  ထုတ်ပြန်ခဲ့သည့်  နည်းဥပဒေအတိုင်း ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

မေခ
 ဆက်စပ်
ရန်ကုန်မှာ ပန်းခြံနဲ့ ကစားကွင်းတွေ ဆုံးရှုံးလာတာ စည်ပင်ကြောင့်လား http://burma.irrawaddy.org/article/2014/07/12/61735.html

ရန်ကုန် ရှေးဟောင်း ယဉ်ကျေးမှု မြို့ပြအမွေအနှစ် ဆိုင်ရာ ဥပဒေ ရေးဆွဲရန် အစီအစဉ်မရှိသေး http://burma.irrawaddy.org/news/2014/08/27/63768.html

.