yest

yes

Movie Category 1

Subscribe Us

Template Information

Test Footer 2

Movie Category 2

Movie Category 3

Pages

Powered by Blogger.
[4] [ဆောင်းပါး] [two] [ဆောင်းပါး]

Movies of The Week

Join This Site On Google Friend

[4] [သတင်း] [one] [သတင်း]
[4] [နည်းပညာ] [two] [နည်းပညာ]
[4] [နည်းပညာ] [one] [နည်းပညာ]

Blog Archive

Movie Category 5

Movie Category 4

အယ်လ်ကိုင်းဒါးကြေညာချက်နဲ့ သမ္မတရုံးတုန့်ပြန်ချက်

| 2 Comments

 ~





အယ်လ်ကိုင်းဒါးက  အိန္ဒိယမှာ ဌာနခွဲ  ဖွဲ့လိုက်ပြီ၊ အဲဒီဌာနခွဲရဲ့ လှုပ်ရှားနယ်မြေထဲမှာ မြန်မာပြည်ကိုလည်း ထည့်သွင်းထားတယ်လို့ ကြေညာပါတယ်။

အိန္ဒိယဌာနခွဲ ရှိနေပြီ ဆိုတဲ့အကြောင်း ကြေညာတာကတော့ အိုစမာဘင်လာဒင်ရဲ့နေရာကို ဆက်ခံသူ  Ayman al Zawahri ပါပဲ။ သူဟာ ဘင်လာဒင် လုပ်ကြံခံရပြီး များမကြာမီ ခေါင်းဆောင် ဖြစ်လာပါတယ်။ ဘင်လာဒင် ရှိတုန်းကတော့ သူက ဒုတိယခေါင်းဆောင်။
နယူးယောက် ကုန်သွယ်ရေးအဆောက်အအုံကို လေယာဉ်နဲ့ဝင်တိုက်ပြီး ဖောက်ခွဲတဲ့ အစီအစဉ်ကို ဖန်တီးခဲ့သူအဖြစ် ယူဆခံရသူ။
သူ့ရဲ့ မူလ အလုပ်အကိုင်ကတော့ မျက်စိ ဆရာဝန်။

အခုတော့ သူက အာဖဂန်နစ္စတန်က လိုင်ဂူတခုမှာ ရှိမယ် ဒါမှမဟုတ် ပါကစ္စတန်မှာလည်း ရှိနေနိုင်တယ် လို့ အမေရိကန်အွန်လိုင်း qz.com စာမျက်နှာမှာ  မနေ့က ရေးပါတယ်။

အယ်လ်ကိုင်းဒါးက အင်အား နည်းလာတယ်၊
အကြမ်းဖက်အုပ်စုထဲ အရှိန်အ၀ါ ကြီးလာနေတာကတော့ နိုင်ဂျီးရီးယား ဘိုကိုဟာမန်၊ ပြီးတော့ IS  အုပ်စု ဖြစ်နေပါတယ်လို့

qz.com မှာ ရေးပါတယ်။

IS  အုပ်စုဆိုတာက
အယ်လ်ကိုင်းဒါးရဲ့ ခြေတံလက်တံဖြစ်ခဲ့တာပါ။ တဖြည်းဖြည်း အင်အား ကြီးလာပါပြီ။
ခုတော့ လုပ်အားပေးချင်သူရော၊ အလှူငွေထည့်သူတွေရော
အယ်လ်ကိုင်းဒါးကို သိပ်စိတ်မ၀င်စားတော့ဘဲ IS  အုပ်စုကို ချည်းကပ်နေကြကြောင်း အဲဒီမှာ ရေးပါတယ်။
ဒီလိုအခြေအနေမှာပဲအယ်လ်ကိုင်းဒါးက  အိန္ဒိယမှာ ဌာနခွဲ  ဖွဲ့လိုက်ပြီ၊ အဲဒီဌာနခွဲက မြန်မာပြည်ကိုလည်း ပစ်မှတ်ထားမယ်လို့ ကြေညာတာပါ။ 

  နေပြည်တော်  သမ္မတရုံးက စိုးရိမ်စရာ မရှိဘူးလို့ ထုတ်ပြန်ပါတယ်။ ပြင်ဆင်ထားတာတွေ ရှိတယ်လို့လည်း ဆိုတယ်။
ဒီသတင်း ဧရာဝတီမှာ ဖော်ပြတော့ စာဖတ်သူတဦးက  ...
အယ်လ်ကိုင်းဒါးကွန်ရက်မှာ  လက်နက် ငွေကြေး နည်းပညာ လူအင်အား အစစပြည့်စုံနေတာကြောင့်
တော်ရုံနဲ့ဖြိုခွဲဖို့ခက်နေတာ အားလုံးမငြင်းနိုင်ပါဘူး
အမေရိကန်လို အင်အားကြီးနိုင်ငံကတောင် ဒီလိုအစွန်းရောက်အဖွဲ့တွေကို ခြေမှုန်းဖို့
အချိန်ယူရပါတယ် ပြင်ဆင်မှုတွေအများကြီးလုပ်ရပါတယ် လို့ မှတ်ချက်ပေးပါတယ်။

သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးရဲ့ ဖေ့စ်ဘုတ်မှာ တွေ့ရတဲ့ ...

အယ်လ်ခိုင်းဒါး ဂျီဟတ် စိုးရိမ်စရာ မရှိသေး ဆိုတဲ့ ဆောင်းပါးကို ကူးယူ ဖော်ပြလိုက်ပါတယ်။



အယ်လ်ခိုင်းဒါး ဂျီဟတ် စိုးရိမ်စရာ မရှိသေး


သတိ နဲ့ အသိ ●

အိန္ဒိယတိုက်ငယ် အယ်လ်ခိုင်းဒါး ဖွဲ့စည်းပြီးတော့ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယကို ပစ်မှတ်ထား ကြောင်း အယ်လ်ဇာဝါဟီရီက ကြေညာခဲ့ပါတယ်။ မြန်မာနိုင်ငံကို ဂျီဟက်စစ်ပွဲ ဆင်နွှဲဖို့ ပြောကြားသွားတာ တွေ့ရပါတယ်။ ဒါနဲ့ပတ်သက်လို့ လတ်တလောမှာ စိုးရိမ်တကြီး ပူပန်စရာ မလိုသေးပါဘူး။

သတိ

(၁) အကြမ်းဘက်တိုက်ခိုက်မှုဟာ ယနေ့ကမ္ဘာကြီးတစ်ခုလုံးရဲ့ ဘုံရန်သူအဖြစ် မြန်မာနိုင်ငံက ခံယူထားပါတယ်။ အလားတူပါပဲ အကြမ်းဘက်ဝါဒ ဆန့်ကျင်ရေးအတွက် နိုင်ငံတကာနဲ့ ပူးပေါင်း ဆောင်ရွက်သွားဖို့ အခိုင်အမာ ကတိက၀တ် ပြုထားသလို လက်ရှိအချိန်မှာလည်း ပူးပေါင်းဆောင်ရွက်မှုတွေ ဆောင်ရွက်လျက် ရှိပါတယ်။

(၂) မြန်မာနိုင်ငံအနေနဲ့ အကြမ်းဘက်တိုက်ခိုက်မှုတွေရဲ့ ပစ်မှတ်ဖြစ်လာနိုင်တာကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက ကြိုတင် သိရှိထားတဲ့အတွက် နိုင်ငံတော် လုံခြုံရေးအတွက် လိုအပ်တဲ့ ပြင်ဆင်ဆောင်ရွက်မှုတွေကို တပ်မတော်အပါအ၀င် လုံခြုံရေးအဖွဲ့အစည်းတွေ အားလုံး အလေးထားပြီး လုပ်ဆောင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာလည်း လုပ်ဆောင်လျက် ရှိပါတယ်။ အယ်ခိုင်းဒါးကွန်ရက် ပြန့်နှံ့စီးဆင်း လည်ပတ်မှုတွေကို လေ့လာပြီး ၀င်ရောက်လာနိုင်တဲ့ လမ်းကြောင်းတွေကို ကြိုတင်သတ်မှတ် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

(၃) အကြမ်းဘက်တိုက်ဖျက်ရေးနဲ့ ပတ်သက်တဲ့ National Security ကို ဆောင်ရွက်ရာမှာ နိုင်ငံတစ်နိုင်ငံတည်း သီးခြားဆောင်ရွက်လို့ မပြည့်စုံနိုင်ပါဘူး။ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ အိန္ဒိယတိုက်ငယ်သာမက ကမ္ဘာကြီးတစ်ခုလုံးက အကြမ်းဘက်တိုက်ဖျက်ရေး လှုပ်ရှားမှုတွေနဲ့ ပေါင်းစည်းဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် အကြမ်းဘက်အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ဖလှယ်နိုင်ဖို့၊ မျှဝေနိုင်ဖို့အတွက် Early Warning System တစ်ခုကို ထူထောင်ထားရှိရာမှာ မြန်မာနိုင်ငံဟာလည်း ပူးပေါင်းပါဝင်လျက် ရှိပါတယ်။

ဒါကြောင့် အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံတော်ကာကွယ်ရေးအတွက် အစိုးရ၊ တပ်မတော်နဲ့ လုံခြုံရေး အဖွဲ့အစည်းတွေဟာ အကောင်းဆုံးဖြစ်အောင် ကြိုတင် ပြင်ဆင် ဆောင်ရွက်နေပါကြောင်း၊ ဒီလိုအန္တရာယ်မျိုးက ကာကွယ်နိုင်အောင် တပ်မတော်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အထူးအလေးထား ဆောင်ရွက်နေပါကြောင်း အလေးအနက် တင်ပြလိုပါတယ်။

ပြည်သူများအနေနဲ့ လုံခြုံရေး သတိ အထူး ရှိဖို့ ရှေ့လျှောက် ပိုမိုပြီး လိုအပ်လာမှာ ဖြစ်ပါတယ်။

အသိ

နောက် အရေးကြီးတာ တစ်ခု တင်ပြလိုပါတယ်။ အယ်လ်ဇာဝါဟီရီရဲ့ ဂျီဟတ်ကြေညာချက်နဲ့ ပတ်သက်လို့ ဖြစ်ပါတယ်။

ပထမအချက်က သူတို့ ခေါ်ဆောင်ရာနောက်ကို လိုက်ပါမယ့် အစွန်းရောက်တွေ ထွက်ပေါ်လာအောင် စည်းရုံးတာမျိုး ဖြစ်နိုင်ပါတယ်။ ဘာသာရေးနွယ်တဲ့ တင်းမာမှုတွေ ရှိနေဆဲ ဖြစ်တဲ့ ကျွန်တော်တို့နိုင်ငံက အစ္စလာမ်ဘာသာဝင်တွေကို အစွန်းရောက်စိတ်ဓါတ်တွေ ပေါက်ဖွားလာအောင်၊ အစွန်းရောက်လမ်းကြောင်းပေါ်ကို လျှောက်လှမ်းလာအောင် စည်းရုံးတာမျိုး ဖြစ်လာနိုင်တာကိုလည်း ကျွန်တော်တို့ သတိထားဖို့ လိုပါတယ်။ ဒါကိုတော့ ဘာသာရေးခေါင်းဆောင်တွေ အလေးထားဖို့ လိုပါတယ်။

ဒုတိယအချက်က ဂျီဟက်ကြညာလိုက်ပြီးတော့ ကျွန်တော်တို့နိုင်ငံက လူ့အဖွဲ့အစည်း(၂)ရပ်အကြားမှာ ပဋိပက္ခတွေ မြင့်မားပြင်းထန်လာအောင် လှုံ့ဆော်တာမျိုး ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဘာသာရေး ဆက်နွယ်တဲ့ ပဋိပက္ခတွေကြားမှာ အခုလို ဂျီဟတ်ကြေညာလိုက်တာကြောင့် ကျွန်တော်တို့ ပြည်တွင်းမှာ မယုံမကြည်ဖြစ်တာတွေ၊ သံသယတွေ ကြီးမားလာတာတွေ ဖြစ်လာစေဖို့၊ ဒီကမှ တစ်ဆင့် အချင်းချင်း ပဋိပက္ခတွေ ပြန်လည်ဖြစ်ပွားလာပြီး လက်ရှိ ရရှိထားတဲ့ တည်ငြိမ်အေးချမ်းမှုတွေ ပျက်ပြားသွားဖို့ လှုံ့ဆော်တာလည်း ဖြစ်နိုင်တာကို ကျွန်တော်တို့ ပြည်သူတွေအားလုံး နားလည်သဘောပေါက်ဖို့ လိုပါတယ်။

ဒီအချိန်မှာ အရေးကြီးဆုံးကတော့ ဘာသာရေးခေါင်းဆောင်တွေအနေနဲ့ ဒီစည်းရုံးလှုံ့ဆော်မှုတွေကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးတွေကို အမြော်အမြင် ရှိရှိ ကြိုတင် မျှော်တွေးပြီး မိမိဘာသာဝင်တွေကို ထိန်းသိမ်းကြဖို့ ဖြစ်ပါတယ်။

ဒါ့ကြောင့် ပြည်သူများ အနေနဲ့ အကြမ်းဘက်အန္တရယ်က ကာကွယ်ရာမှာ စည်းလုံးညီညွတ်တဲ့ အသိရှိဖို့ အထူး အရေးကြီးလာ ပြီဖြစ်ပါတယ်။

● တိုက်တွန်းချက် ●

ကျွန်တော်တို့ ပြည်သူတွေအနေနဲ့လည်း ဒီ(၂)ချက်ကို သိရှိထားပြီးတော့ အစိုးရ၊ ပြည်သူ၊ ဘာသာရေးခေါင်းဆောင်တွေ ပူးပေါင်းပြီးတော့ လက်ရှိ တည်ငြိမ်အေးချမ်းမှုကို မထိခိုက်အောင် ဆောင်ရွက်သွားကြဖို့ လိုပါတယ်။ ဒီသတင်းကြောင့် အချင်းချင်းအကြား သံသယတွေ ကြီးထွားလာပြီး ပဋိပက္ခတွေဆီ ပြန်လည်ဦးတည်မသွားအောင် သတိရှိကြဖို့ လိုပါတယ်။ သိပ်ပြီးလည်း စိုးရိမ်တကြီး ဖြစ်နေစရာ အကြောင်းမရှိပါဘူး။ စိုးရိမ်လွန်ကဲတာမျိုး မဖြစ်အောင်လည်း ပြောလိုပါတယ်။ ပြည်သူများအနေနဲ့ လုံခြုံရေးသတိနဲ့ ထူခြားတာတွေ တွေ့မြင်ရရင် သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို သတင်းပေးကြဖို့ လိုပါတယ်။

သတိရှိကြဖို့ လိုအပ်သလို သံသယ မကြီးမားကြဖို့လည်း အထူးအရေးကြီးပါတယ်။ အထူးသဖြင့် မန္တလေးပဋိပက္ခမှာ ကျော်လွှားခဲ့တဲ့ Success Story အတိုင်း နှစ်ဘက်သော လူ့အဖွဲ့အစည်းက ပြည်သူတွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အားလုံး အနေနဲ့ ဒီနောက်ပိုင်း ကာလမှာ သတိထားပြီး နားလည်မှု ရှိရှိ ပူးပေါင်းဆောင်ရွက်ကြဖို့ သိပ်ကို အရေးကြီးပါတယ်။ ဒီအချိန် ဒီကာလမှာ အမုန်းစကားတစ်ခွန်းကြောင့် ကြီးမားတဲ့ သွေးထွက်သံယိုမှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ နှစ်ဘက်သော ဘာသာဝင်တွေအနေနဲ့ ကျွန်တော်တို့ ပြည်တွင်းမှာ နှစ်ပေါင်းများစွာ ငြိမ်းငြိမ်းချမ်းချမ်း ယှဉ်တွဲနေထိုင်လာခဲ့တဲ့ အစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်ကြဖို့ လိုပါတယ်။

အမေရိကန်တပ်တွေ လိုက်လံရှာဖွေလို့ ထွက်ပြေး တိမ်းရှောင်နေရတဲ့ အယ်လ်ဇာဝါဟီရီရဲ့ စကားတစ်ခွန်းကြောင့် ကျွန်တော်တို့ ပြည်တွင်းမှာ ဘေးဒုက္ခ မဖြစ်စေဖို့ အရေးကြီးပါကြောင်း အလေးအနက် တိုက်တွန်းလိုက်ရပါတယ်။


 

.