yest

yes

Movie Category 1

Subscribe Us

Template Information

Test Footer 2

Movie Category 2

Movie Category 3

Pages

Powered by Blogger.
[4] [ဆောင်းပါး] [two] [ဆောင်းပါး]

Movies of The Week

Join This Site On Google Friend

[4] [သတင်း] [one] [သတင်း]
[4] [နည်းပညာ] [two] [နည်းပညာ]
[4] [နည်းပညာ] [one] [နည်းပညာ]

Blog Archive

Movie Category 5

Movie Category 4

မြန်မာပြုပြင်ပြောင်းလဲရေးကို အမေရိကန်ဝန်ကြီးဟောင်း ဝေဖန်

| 2 Comments
.

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများသည် ကျယ်ကျယ်ပြန့်ပြန်ဖြစ်မလာသေးဘဲ မြန်မာဘက်က အမေရိကန်အား ပေးခဲ့သည့် ကတိကဝတ်များ ပျက်ကွက်နေဆဲဖြစ်ကြောင်း အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဒေါက်တာ ကာ့တ်ကမ်းဘဲလ်က ဝေဖန်လိုက်သည်။





ဒေါက်တာ ကာ့တ် ကမ်းဘဲလ်သည် အရှေ့အာရှ၊ ပစ္စိဖိတ်ဒေသဆိုင်ရာ အမေရိကန် လက်ထောက်နိုင်ငံ ခြားရေး ဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး မြန်မာနိုင်ငံသို့ လာရောက်ခဲ့ဖူးသူဖြစ်သည်။ 

ယခု လက်ရှိ တွင် ဒေါက်တာ ကာ့တ်ကမ်းဘဲလ်သည် The Asia Group ၏ စီအီးအိုလည်းဖြစ်သကဲ့သို့ ဥက္ကဋ္ဌ တာဝန်ကိုလည်း ထမ်းဆောင်နေသည်။ 

ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်လာနေသော မြန်မာနိုင်ငံတွင် စိန်ခေါ်မှုများစွာရှိနေကြောင်း၊ ပြုပြင်ပြောင်းလဲရေးသည် အားလုံးခြုံ၍ ဖြစ်မလာသေးကြောင်း လက်ထောက် နိုင်ငံခြားရေး တာဝန်ယူခဲ့စဉ်ကပင် မြန်မာနိုင်ငံနှင့် အမေရိကန်ပြည် ထောင်စု အကြား သံတမန်ဆက်ဆံရေး ဖြစ်စဉ်တွင် ပါဝင်ခဲ့ပြီး မြန်မာဘက်က ပေးအပ်ခဲ့သည့် ကတိများ ယခုထိ ပျက် ကွက်နေဆဲဖြစ်နေကြောင်း ကာ့တ်ကမ်းဘဲ လ်က ထောက်ပြ သွားခြင်း ဖြစ်သည်။ 

အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ The Stimson Center တွင် စက်တင် ဘာ လ ၁၁ ရက်နေ့ က East Asia Program က ကြီးမှူးကျင်းပသည့် ၂ဝ၁၁ ခုနှစ်ကတည်း မြန်မာနိုင်ငံ၏ နိုင်ငံရေး စီးပွားရေး 
ပြုပြင်ပြောင်း လဲမှုများနှင့် အသွင် ကူးပြောင်းရေး  ဆွေးနွေးပွဲတွင် သူက ထိုကဲ့သို့ ထည့်သွင်း ပြောဆိုသွားခြင်းဖြစ်သည်။

၂၀၁၁ ခုနှစ်ကတည်းက မြန်မာနိုင်ငံသည် နိုင်ငံရေး၊ စီးပွးရေး ပြုပြင်ပြောင်းလဲမှုများကို အရှိန်အဟုန်
မြင့်မြင့် လုပ်ဆောင် လာကာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်ကို လုပ်ဆောင်လာနေကြောင်း၊ အထီးကျန်ဖြစ်ခဲ့သည့် မြန်မာနိုင်ငံတွင် ရင်း နှီးမြှုပ်နှံမှုများ လာရောက်လုပ်ကိုင်ရန် လမ်းဖွင့်ပေးထားကြောင်း ကာ့တ်ကမ်းဘဲလ်က ပြောဆိုသည်။

သို့သော် ယခုထိ ဖြစ်ပေါ်နေသေးသော တိုင်းရင်းသားများအပေါ် ဗိုလ်ကျ လွှမ်းမိုးမှု၊ လူမျိုးနှင့် ဘာသာရေး မတူကွဲပြားမှု အပေါ်သည်းမခံ နိုင်ဖြစ်နေမှု၊ ကချင်ပြည်နယ်ရှိ ပဋိပက္ခ ဖြစ်နေမှု၊ တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး လက် မှတ်ထိုးရေး ကိစ္စ များကို ဒေါက်တာ ကာ့တ် ကမ်းဘဲလ်က ဆိုသည်။

 မြန်မာအပေါ် တရုတ်နိုင်ငံ၏ သြဇာကြီးမှုနှင့် မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု၊ အမေရိကန်- တရုတ် ဆက်ဆံရေး တွင် မြန်မာနိုင်ငံ၏ အခန်းကဏ္ဍသည် စိတ်ဝင်စားဖွယ် အနေအထားတွင်ရှိနေဆဲဖြစ်သည်ဟုလည်း ကာ့တ် ကမ်းဘဲလ်က ဆွေးနွေးသွားသည်။

  ဆွေးနွေးပွဲတွင် တက်ရောက်လာသူများ၏  မေးမြန်းမှုများကို လည်း
ဒေါက်တာ ကာ့တ် ကမ်း ဘဲလ်က ပြန်လည် ဆွေးနွေးသည်။



   


လင်းသန့် ~