yest

yes

Movie Category 1

Subscribe Us

Template Information

Test Footer 2

Movie Category 2

Movie Category 3

Pages

Powered by Blogger.
[4] [ဆောင်းပါး] [two] [ဆောင်းပါး]

Movies of The Week

Join This Site On Google Friend

[4] [သတင်း] [one] [သတင်း]
[4] [နည်းပညာ] [two] [နည်းပညာ]
[4] [နည်းပညာ] [one] [နည်းပညာ]

Blog Archive

Movie Category 5

Movie Category 4

ဂျပန်အပြာကားမင်းသမီး ၉ ဦးရဲ့ ပရဟိတအလှူ

| 10 Comments


 ~



အပြာကားမင်းသမီးတွေကို အပြာကားထဲမှာပဲ တွေ့ရမယ်လို့ ထင်ထားခဲ့ကြမှာပါ။

 


ဂျပန်က အပြာမင်းသမီး ၉ ဦးက AIDS ကာကွယ်တားဆီးရေးလုပ်ငန်းတွေမှာ သုံးဖို့အတွက် တိုကျိုမြို့တော်မှာ သူတို့ရဲ့ ရင်သားတွေကို ကိုင်တွယ်ခွင့်ပြုတဲ့နည်းနဲ့ အလှူခံတာ ရန်ပုံငွေ အများအပြား ရရှိပါတယ် တဲ့။


Stop! AIDS လို့ အမည်ပေးထားတဲ့ ၂၄ နာရီကြာ ဒီလှုပ်ရှားမှုကို စနေနေ့မှာ အစပြုတယ်။ ညဘက် နားပြီး တနင်္ဂနွေမနက်မှာ ပြန်လည် စတင်ခဲ့ခြင်းပါ။

အသက် ၁၈ နှစ်အောက် ပရိသတ်ကို ကြည့်ခွင့် မပြုတဲ့ အပြာရုပ်သံလိုင်းကနေလည်း ဒီလှုပ်ရှားမှုအစီအစဉ်ကို တိုက်ရိုက် ထုတ်လွှင့်တယ်လို့ ဆိုတယ်။ ဒါဆိုရင်

ဒီလှုပ်ရှားမှုက အပြာကားထုတ်လုပ်ရေးဈေးကွက်ကို ဘယ်လောက်အထိ အထောက်အကူပြုမလဲ ဆိုတာကလည်း စဉ်းစားစရာ ဖြစ်နေကြောင်း ထောက်ပြသူလည်း ရှိပါလိမ့်မယ်။

 အလှူငွေဘယ်လောက်ရတယ်ဆိုတဲ့ တွက်ချက်မှုသတင်း ထွက်လာတာ မတွေ့ရသေးပါ။ ဒေါ်လာ သုံးသောင်းနီးပါး ရတယ်လို့ လှုပ်ရှားမှု မပြီးခင် ရေးတဲ့ သတင်းတပုဒ်က ဆိုပါတယ်။

နို့ကိုင်မယ့်သူက ပထမဆုံးအနေနဲ့ လက်ကို ပိုးသတ်ဆေးနဲ့ ဆေးရပါမယ်။
ပြီးရင် အဆင်ပြေသလို ကိုင်တွယ်ရုံပါပဲ။  အွန်လိုင်းပုံတွေထဲမှာတော့ အလှူရှင်တွေက လက်နှစ်ဘက်နဲ့ ကိုင်တွယ်နေကြတာကို တွေ့ရပါတယ်။ အပေါ်ပုံကိုသာ ကြည့်ပါ။ အဲဒီလို ကိုင်ကြ၊ မင်းသမီးတွေက တခုခု လှမ်းပြောပြ၊ ပြုံးပြတာကို ရုပ်သံမှာ တွေ့ရပါတယ်။ ဒီပုံတွေကို ရုပ်သံတခုကနေ ဖြတ်ယူပါတယ်။

 
 
ဒီလှုပ်ရှားမှုမှာ ပါဝင်တဲ့ မင်းသမီးများက အ၀ါရောင် တီရှပ်ယူနီဖောင်း ၀တ်ပြီး  တန်းစီနေကြပါတယ်။ ရင်သားကို ကိုင်သူများ အဲ... အလှူရှင်များကလည်း အများပြား ရှိတာကြောင့် တန်းစီကြပါတယ်။ အပေါ်ပုံမှာ တန်းစီသူ အမျိုးသားများကို တွေ့နိုင်ပါတယ်။

ကိုယ့်အလှည့်ရောက်ရင် အတန်းလိုက် ရပ်နေကြတဲ့ အမျိုးသမီး ၉ ဦးစလုံးရဲ့ရင်သားကို ကိုင်တွယ်ကြပါ တယ်။ 

 ကိုင်တွယ်သူတို့က အနည်းဆုံး ယန်းတထောင်စီ ထည့်ရပါမယ်။ ဒါဟာ ၁၂ ဒေါ်လာ သို့မဟုတ် ကျပ် တသောင်းနှစ်ထောင် ဝန်းကျင်နဲ့ ညီမျှတဲ့ ငွေပမာဏပါ။

ဂျပန်မှာ ယခင်ကလည်း AIDS ဆိုင်ရာ ရန်ပုံငွေအတွက် ဒီလို အလှူခံနည်းမျိုးသတင်းတွေ ထွက်ခဲ့ပါတယ်။
၂၀၁၃ ကတည်းက အစပြုခဲ့တာ ဆိုတော့ ဒါဟာ ၁၂ ကြိမ်မြောက် အလှူခံခြင်းပါပဲ။

 ဒီလှုပ်ရှားမှုအတွက် Japan Foundation for AIDS Prevention ဆိုတဲ့ အဖွဲ့က ကျောထောက်နောက်ခံပေးပါတယ်။ အလှူငွေတွေ အဲဒီကို အရင်ဆုံး သွားပါမယ်။

ဖန်တီးမှုအားကောင်းလွန်းတဲ့ အလှူခံနည်းလို့ ဆိုရပါမယ်။

ဒီလှုပ်ရှားမှုမှာ အဓိကပါဝင်သူများရဲ့ ဓာတ်ပုံတပုံကိုတော့ အွန်လိုင်းသတင်းတွေမှာ အတော် အသုံးများပါတယ်။ AFP သတင်း ဓာတ်ပုံပါ။ အမျိုးသမီး ၁၂ ယောက်မှာ ရှေ့ဆုံးတန်းမှာတော့ စီစဉ်တဲ့သူတွေကို တွေ့ရပါမယ်။ နောက်က ၉ ဦးကတော့ အပြာကား သရုပ်ဆောင်များ ဖြစ်ပါတယ်။
AIDS နဲ့ အပြာကားလုပ်ငန်းနဲ့ဆိုတာက သေချာပေါက်ဆက်စပ်ဖွယ် ရှိတာကြောင့် သူတို့ရဲ့ ပါဝင်မှုက အများကြီး သင့်လျော်တယ်လို့ မှတ်ချက်ပေးသူလည်း ရှိပါလိမ့်မယ်။

အပြာကားမှာ သရုပ်ဆောင်ခြင်း၊ ရိုက်ကူး ထုတ်လုပ်ဖြန့်ချိခြင်းဟာ ဂျပန်မှာတော့ တရားဝင်လုပ်ငန်း ဖြစ်ပုံရပါတယ်။
 

 



.