yest

yes

Movie Category 1

Subscribe Us

Template Information

Test Footer 2

Movie Category 2

Movie Category 3

Pages

Powered by Blogger.
[4] [ဆောင်းပါး] [two] [ဆောင်းပါး]

Movies of The Week

Join This Site On Google Friend

[4] [သတင်း] [one] [သတင်း]
[4] [နည်းပညာ] [two] [နည်းပညာ]
[4] [နည်းပညာ] [one] [နည်းပညာ]

Blog Archive

Movie Category 5

Movie Category 4

ဦးသိန်းစိန်နဲ့ ဒုတိယအကြိမ်သမ္မတ သက်တမ်းကိစ္စ မန္တလေးမှာ ဆန္ဒပြ

| 2 Comments
သမ္မတ ဦးသိန်းစိန် အနေနဲ့ တိုင်းပြည်မှာ လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေတွေကို အရင် ဖြေရှင်းပြီးမှသာ ဒုတိယ အကြိမ် သက်တမ်း ၀င်ရောက် အရွေးခံဖို့ ကုန်ဈေးနှုန်းကျဆင်းရေးနဲ့ ဒီမိုကရေစီ စဉ်ဆက်မပြတ် 
ဖော်ဆောင်ရေးအဖွဲ့ (MDCF) အလုပ်သမားလယ်သမားအရေးများဆောင်ရွက်သူများ FNIအဖွဲ့တို့အပါ အဝင် ၂၀ ဦးခန့် က ယနေ့နံနက် ၉ နာရီမှာ မန္တလေးမြို့ ၈၄ လမ်း ပေါ်တွင် ဆန္ဒပြမှု ပြုလုပ်ခဲ့ပါတယ်။ 

ဓာတ်ပုံ- မင်းထက်ငြိမ်းချမ်း

သမ္မတဦးသိန်းစိန် ပြီးခဲ့တဲ့ ရက်ပိုင်းက သွားရောက်တဲ့ ဥရောပ ခရီးစဉ်မှာ ပြည်သူတွေက လိုလားရင် ဒုတိယအကြိမ်သက်တမ်းထပ်မံအရွေးခံမယ်ဆိုတဲ့ စကားကို အခြေခံပြီး MDCF အဖွဲ့ဝင်တွေဖြစ်တဲ့ ကိုသိန်းအောင်မြင့်၊ ကိုစောလှအောင်၊ ကိုမျိုးဝင်းတို့က ဦးဆောင်ကာ အလုပ်သမား အရေးလှုပ်ရှားသူများနဲ့ ပူးပေါင်းပြီး၊ ဗီနိုင်းဆိုင်းဘုတ်များကိုင်ဆောင်ကာ ကြွေးကြော်သံများ ကြွေးကြော်ပြီး ဆန္ဒပြခဲ့တာပါ။ 

သူတို့ တောင်းဆိုခဲ့တာတွေကတော့ သမ္မတဦးသိန်းစိန် အနေနဲ့ လက်ရှိ မြန်မာပြည်မှာ ဖြစ်ပျက်နေတဲ့ မြေ သိမ်း ယာ သိမ်းကိစ္စများ၊ လယ်သမားများ ဖမ်းဆီး ထောင်ချ ခံနေရမှုများ၊ သတင်းမီဒီယာ သမားတွေကို ဖမ်းဆီးနေမှုများ အပြင် ဘာသာရေးအဓိကရုဏ်းတွေနဲ့ ပတ် သက်ပြီး နောက်ကွယ်က ကြိုးကိုင်သူတွေကို အမြန်ဆုံးဖော်ထုတ်ပေးဖို့၊ ဆင်းရဲ နွမ်းပါးမှု ပိုမိုများပြား လာပြီး စားဝတ်နေရေး ဒုက္ခပိုမို ကျပ်တည်းလာ တာကို ဖြေရှင်းပေးဖို့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး မဏ္ဍိုင်ပျက်ယွင်းနေတာကို တည့်မတ်ဖို့ စတဲ့ 
ပြဿနာ တွေကို ဖြေရှင်းပေးပြီးပြီးမှာသာ ရွေးကောက်ပွဲဝင်ဖို့ ပြောဆိုပါတယ်။ 

မိုးရွာနေတဲ့ကြားက ဆန္ဒပြခဲ့တာဖြစ်ပြီး လမ်း၃၀နှင့်၈၄လမ်းထောင့်မှနံနက်၉နာရီတွင်ဟောပြောမူနှင့် စတင် ကာ ၈၄လမ်း အတိုင်း ၃၁လမ်းထိပိုစတာဗီနိုင်းများကိုင်ဆောင်ပြီးးလမ်းလျောက်စီတန်း လှည့်လည် ကာ ၃၁လမ်းထောင့် ဓမ္မသာလာခန်းမနှင့်မျက်စောင်းထိုးနေရာတွင်ဟောပြောကာအဆုံး သတ်ခဲ့ပါတယ်။ တနာရီခွဲခန့် အချိန်ကြာမြင့်တဲ့ ယင်းဆန္ဒပြပွဲကို ရဲတပ်ဖွဲ့ဝင်များက အဆက်မပြတ် လိုက် ပါ စောင့်ကြည့်ခဲ့ ပါတယ်။



မင်းထက်ငြိမ်းချမ်း ~